Friday, May 18, 2012

ဆယ်စုအလွမ်း

ဆယ်စုနှစ်တစ်ခုသာ ပြောင်းလဲသွားခဲ့တယ် ။
အရင်ကလိုပဲ  နင့်ကိုချစ်တဲ့စိတ်တွေနဲ့ ငါဟာ
ဘာဆိုဘာမှ ပြောင်းလဲမသွားသေးဘူး ။
ဟောင်းနွမ်းမသွားသေးတဲ့ 
 ချစ်ခြင်းတရားတွေနဲ့ အတူ
အချိန်တွေကြာလာတာနဲ့ အမျှ
မပြယ်လေတဲ့ သံယောဇဉ်တွေက
အစွဲလမ်းကြီးနေဆဲ ငါ့ရင်ခွင်ကို
တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတုန်းပဲ ။
ရုန်းထွက်ဖို့လဲ ခက်ခဲသလို
ရုန်းထွက်ဖို့လဲ ငါဟာ မကြိုးစားဖူးဘူး ။
အဆုံးမသတ်နိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့သာ
အဆုံးမရှိ မျှော်လင့်ရင်း.......
ချစ်ရတဲ့သူ နင်အခုဘယ်မှာ
ရှိနေမလဲလို့ သိချင်မိတယ် ။
ဟိုးအဝေးက .....
တိမ်တိုက်တွေထဲမှာလားကွယ် ။

No comments:

Post a Comment

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ