ဒီ..သမင်ပျိုလို မျက်ဝန်းလေးတစ်စုံကပဲ
မျှော်လင့်ခြင်း ဆိုတဲ့အရာကို
ငါ့ထံ ဆောင်ကြဉ်းပေးခဲ့တယ်.....။
ဒီ...ပြာလွင်တဲ့ အလင်းတန်းလဲ့လဲ့ကပဲ
ကြင်နာခြင်း ဆိုတဲ့အရာကို
ငါ့ရင်မှာ ဖန်ဆင်းပေးခဲ့တယ်.......။
ဒီ...ဟန်ဆောင်မှုကင်းတဲ့
ဖြူစင်ခြင်း အငွေ့အသက်မှာ
နေ့ရက်များစွာဟာ စိုပြေစိမ်းလန်းလို့လှခဲ့တယ်.....။
ဒီ..မျှော်လင့်မထားတဲ့ တင်္ဒဂအကြည့်တစ်ချက်မှာ
နှလုံးသားတစ်ခုလုံး အရည်ပျော်ကျဆုံး
တစ်ဘ၀လုံးအတွက် ငါ...
အရှုံးပေးထားလိုက်တော့မယ်.....။
ချစ်ရတဲ့သူရဲ့ မျက်ဝန်းလေးထဲမှာပေါ့ကွယ်.......။