Sunday, August 26, 2012

နွေနှင့်တူသော မိန်းကလေး..

နေရစ်တော့နွေ....
ရွက်ဝါတွေကြွေအောင်  ခြွေချခဲ့ပြီးမှ
နောင်တရစရာများ  လိုသေးလို့လား.....
ရွက်ဝါလေးတွေခမျာ တောင်းပန်ရှာတယ်..။
နွေရယ်.. ငါတို့မကြွေပါရစေနဲ့အုံးတဲ့...။
ရိုးရိုးလေးပါပဲ......
ဆင်ခြေပေးလာတဲ့ နွေရဲ့စကား......
ဒါ  သဘာဝတရားတဲ့လား....
ဒီလိုပဲ...နွေနှင့်တူသော မိန်းကလေး..
တွေးမထားမိပါပဲ အပြေးကလေးဆိုသလို
ငါ့အနားကို  သူရောက်ခဲ့တယ်....။
ခဏတာ ရင်ထဲ နွေးသွားခဲ့တဲ့အတွက်
ကျေးဇူးပါပဲကွယ်.....။
ပြန်မပြောပါရစေနဲ့......
နွေထက်ပူတဲ့  ဒီလူ့ရင်ထဲ
အပြစ်မဲ့ခြင်းတရားတွေ ....
မျက်ရည်ဝဲနေလိမ့်မယ်  ချစ်သူ......
ရင်တွေခုန်လာအောင် ဘာလို့များလုပ်ခဲ့တာလဲကွယ်..။
ဒါကိုပဲ.. နွေးထွေးလှချည်ရဲ့လို့ ဥဒါန်းကျုးရင့်....
တကယ်က မီးတောက်တစ်ခုကို ရင်ဘတ်ထဲထည့်ပြီး
ကျေကျေနပ်နပ်ကြီး မွှေးနေမိတဲ့  ငါ့အဖြစ်....
ချစ်တတ်လာအောင် သင်ပေးပြီးမှ
အပြစ်မဲ့တဲ့  ငါ့နှလုံးသား.....
လမ်းခုလတ်မှာ  ကို့ယို့ကားယား
မင်းထားသွားတော့မလို့လား....
ရိုးရိုးလေးပါပဲ......
ဆင်ခြေပေးလာတဲ့ မင်းစကား......
(လှည့်စားလို့  အားရပြီးမှ)
ငါ့ကို  ငြီးငွေ့သွားပြီတဲ့လား.........

8 comments:

  1. ကဗျာလေးက ချစ်ဖို့ကောင်းတယ် .နွေနှင့်တူသော မိန်းကလေး..
    တွေးမထားမိပါပဲ အပြေးကလေးဆိုသလို
    ငါ့အနားကို သူရောက်ခဲ့တယ်.... ဆုံတွေ့တယ် ခွဲခွာရတယ် ..ဒါသဘာဝပဲလို့ ဖြေသိမ့်ရတော့တာပဲပေါ့

    ReplyDelete
  2. ကဗျာလေးက ကဗျာဆန်တယ်.. အားပေးနေပါမယ်..

    ReplyDelete
  3. Replies
    1. နူးညံ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ခံစားသွားပါတယ်

      Delete
  4. ရင်တွေခုန်လာအောင် ဘာလို့များလုပ်ခဲ့တာလဲကွယ်..။
    ဒါကိုပဲ.. နွေးထွေးလှချည်ရဲ့လို့ ဥဒါန်းကျုးရင့်....
    တကယ်က မီးတောက်တစ်ခုကို ရင်ဘတ်ထဲထည့်ပြီး
    ကျေကျေနပ်နပ်ကြီး မွှေးနေမိတဲ့ ငါ့အဖြစ်....

    အသုံးပြုထားတဲ့စကးလုံးတွေနဲ့ အဖွဲ့ အနွဲ့ တွေက

    အံဝင်ဂွင်ကျရှိလှတယ် ..ကြိုက်တယ်ဗျ

    ReplyDelete
  5. နူးညံ့တဲ့စကားလုံးလေးတွေနဲ့အတူ
    ခံစားချက်ကဗျာလေး အားပေးသွားတယ် မိုးနတ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ဆင်ခြေပေးလာတဲ့ မင်းစကား......
    (လှည့်စားလို့ အားရပြီးမှ)
    ငါ့ကို ငြီးငွေ့သွားပြီတဲ့လား...
    လာအားပေးသွားပါတယ်။

    ReplyDelete
  7. ဘာပဲပြောပြော ကျွန်တော်ကတော့ နွေကို ချစ်သဗျ။ ကဗျာလေးကို ၀င်ရောက်ခံစားခဲ့ပါတယ်ဗျာ။

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ