စံပယ်....လေ
ရေခြား မြေခြား နိုင်ငံရပ်ခြားမှာ
မိဝေး ဖဝေး ရင်ခွင်ဝေးလျက်
လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေလိုက်ခဲ့တာ...
ခုဆို အမေပေးတဲ့ မွေးနေ့တစ်ခုတောင်
ဖြတ်သန်း ကျော်လွန်မြောက်ခဲ့ပြီလေ...
စံပယ်....ရေ
နောင်လာမဲ့ နေ့သစ်များစွာမှာလဲ
စံပယ်ချစ်တဲ့ လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေရင်းနဲ့
ပျော်ရွှင်စရာ မွေးနေ့များစွာကို
ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းပေးလျက်......
ချစ်မကြီးရဲ့
ညလေးမိုးနတ်
(နောက်ထပ် ဆုတောင်းမိနေတာ တစ်ခုရှိသေးတယ်.....
ချစ်ကိုကြီးက ပြောတယ်လေ...ဘယ်နေ့မှန်းတော့
သေချာမသိသေးပေမဲ့ သိပ်မဝေးတဲ့ တချိန်ချိန်မှာတော့
မြန်မာနိုင်ငံကို အပြီးပြန်လာဖြစ်မယ်တဲ့......
အဲဒိ အိပ်မက်ဟာ ချစ်မကြီးရဲ့အိပ်မက်လဲ ဖြစ်မယ်ဆိုတာ
ညလေးသိနေတာမို့ အမေစုရှိတဲ့ ချစ်မကြီးချစ်တဲ့
မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ပါစေလို့
ညလေးဆုတောင်းပေးနေပါတယ် မရေ......)
မွေးနေ့မှာ ပျော်ရွှင်ပါစေ “ မ ”
I love u so much and
Get a Happy New Year !!!
Arr bwarr :)))