မောင် မသိပဲ မောင်လို့
နာမ်စားလေး ခေါ်မိတဲ့အတွက်
စိတ်ဆိုးချင်လဲ စိတ်ဆိုးတော့ မောင်
မောင့်ကို မောင်လို့
ခေါ်ခွင့်ရတဲ့ အခိုက်အတန့်ဟာ
ကျွန်မဘ၀မှာ အပျော်ရွှင်မိဆုံးပဲ
မဆန်းပြားပါဘူး .........
မျက်စိရှေ့ကို အလိုလို
ရောက် ရောက် လာတတ်တဲ့
မောင့် မျက်နှာ ၀င်းဝင်းလေးကို
မြင်စကတည်းက စွဲလန်းနေခဲ့ရတာ
အဖော်အလှော် မလိုပါပဲ
အော်ရဂျင်နယ် လှပြီးသား
မောင့် နှာတံ စင်းစင်းလေးဟာ
ကျွန်မအတွက် အိပ်ရေးပျက်တဲ့ညတွေကို
ဆောင်ကြည်းပေးနေတော့မှာ .......
မှော်ဆန်ဆန် အခင်းအကျင်းထဲ
မောင့် မျက်ခုံး ထင်းထင်းလေးက
အထူးခြားဆုံးနဲ့ အလှပဆုံး
ကြယ်စင်တွေ အရှုံးပေးရတဲ့
မောင့် မျက်လုံး လင်းလင်းလေးဟာ
ဒီကမ္ဘာပေါ်မှာ အတောက်ပဆုံးပေါ့ .......
ပြန်ပြောရရင် အိပ်ပျက်ရတဲ့ ညတွေထဲ
မောင့် နှုတ်ခမ်းကွေးလေးအကြောင်းလဲ ပါအုံးမယ်
အပြစ်ကင်းစင်စွာ ပုံကျလှပတဲ့
မောင့် ဆံနွယ် သင်းသင်းလေးတွေကို
အတိုင်းအဆမရှိစွာရယ် ချစ်တယ် ......
ရင်မှာ မြတ်နိုးလွန်းမက မြတ်နိုးနေမိတာက
မောင့် လှုပ်ရှားပုံ
မောင့် ဟန်ပန် အမူအယာလေးတွေ
ဘ၀င်ကို ကျေနပ်စေခဲ့တာက
ဖြူစင် မြင့်မြတ်လွန်းတဲ့
ဖြူစင် မြင့်မြတ်လွန်းတဲ့
မောင့် စိတ်ထားလေးတွေ
ဘုရားသခင် ချီးမြှင့်ထားတဲ့
မောင် ပိုင်ဆိုင်သမျှ အရာအားလုံးထဲမှာ
ဘယ်ဘက် နားထင်ပေါ်က
မှဲ့နက်ကလေးကို အချစ်ဆုံး
မောင် ပြုံးရင် စီးကျလာတဲ့
ရယ်သံ ချိုချိုလေးဟာ
အသာယာဆုံးသော ပီယာနိုတစ်လုံး
မောင်ရယ် .......
မောင်ရယ် .......
ကျွန်မဘ၀မှာ မောင့်ထက်ပို
ချစ်ရမဲ့သူ ရှိခဲ့ရင်
မောင် ကိုယ်တိုင် ရင်ကိုခွဲ
မောင့် လက်နဲ့ပဲ ကျွန်မကို
အဆုံး စီရင်ပစ်လိုက်ကွယ် .....
ကျွန်မအတွက်တော့ .........
အနာဂတ်ရော ပစ္စုပ္ပန်သာမက
သံသရာ အဆုံးထိတိုင်အောင်
မောင့် ထက်ပို စိတ်ဝင်စားရမဲ့အရာ
မရှိတော့ဘူးပဲ ........
မောင် ပြုံးရင် ကြွေကျ
မြေ ခ ရတဲ့ ပန်းတစ်ပွင့်ဟာ
ကျွန်မပါ မောင် .......
မောင် မုန်းရင် ဒီဘဝ
ဒီမျှနဲ့ ပြီးစေတော့လို့
စီရင်ချက် ချလိုက်မှာကို
အကြောက်ဆုံးပါ မောင်
တိတ်တိတ်လေး တွယ်ငြိခဲ့ရတဲ့
မျှော်လင့်ခြင်း နေ့ရက်တွေ ရှည်လှတယ် .......
မောင်ကလဲ ကျွန်မနဲ့ပတ်သက်ရင်
မောင်ကလဲ ကျွန်မနဲ့ပတ်သက်ရင်
တစိမ်းဆန်စွာ နေနိုင်လွန်းတယ် .......
တကယ်ဆိုတော့လဲ ကျွန်မအဖြစ်ဟာ
ခြွေချင်သူ မကြည်ဖြူပဲ
ကြွေခွင့်မရတဲ့ ပန်းမာလာမို့
နေနိုင်သူ ရင်ထဲ
ဘယ်သို့ ရှိမလဲ
မှန်းဆကာ စိုး ( စိုးထိတ် )
သြော် ...... တကိုယ်ရေ ညထဲ
သက်ပြင်းတစ်ချက်ကို
တိုးတိတ်စွာ ချမိတယ်လို့ ........