သတင်းကောင်းပါးအပ်ပါ၏...... ဟိ..... ဘူမှလဲ မေးပဲနဲ့ စွတ်ပြောနေဒယ် ...ဇွတ်.....:P အစကတော့ မိုးနတ်ရဲ့
ဘလော့လေးဖွင့်မရတာနဲ့ ပတ်သက်လို့ ရယ်စရာဟာသလေးစွက်လို့ ပို့စ်လေးတစ်ပုဒ်လောက် ရေးပြီးတင်မလို့ပါ.....(အစကပြောပါတယ်) ခု....မဟုတ်တော့ဘူးနော်..အဲလို..:)
အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ကော်နက်ရှင်ကလဲ
မကောင်းတာနဲ့အညီ ရှည်လျားလွန်းသော ထိုပို့စ်ကို တင်ရန်
အကြံကိုလက်လျှော့လို့ ( အင်း......ဘလော့နဲ့ဝေးသွားတာ လ၀က်လောက်ပဲရှိသေးတယ်....လေသံက ခပ်စိမ်းစိမ်း.....အာ......ဟုတ်ပါဘူးးးးးးးး အဲလိုမထင်ကြပါနဲ့
ဘလော့ဂါမောင်နှမတို့ရယ်....အားလုံးကို မိုးနတ်အရမ်းပဲ သတိရနေပါတယ်...ပို့စ်လေးကိုလဲ စိတ်ပါလက်ပါနဲ့ရေးပြီး တင်မယ်ကြံကာမှ လိုင်းကလဲ ၀င်သက်ထွက်သက်..........
တခါတလေဆို လုံး၀၀င်လို့မရတဲ့နေ့တွေတောင် ရှိသေးတယ်...) အဲဒါကြောင့် ဘယ်သူ့ရဲ့ သဘောတူညီမှုမှ မယူပဲ ကိုယ့်တဦးတည်းရဲ့သဘောနဲ့ ပြတ်ပြတ်သားသားကို
ဆုံးဖြတ်ချက်ချလိုက်ပါတယ် ........ဘာတဲ့........ “ အဲဒိအခန်းကျော်လိုက် ” .......ကောင်းကွာ......... ဒါထက် မြန်မာပြည်ရဲ့ ကော်နက်ရှင်နဲ့ ပတ်သက်ပြီး မိုးနတ် စာတိုလေးရေးထားတာရှိတယ်......အားပေးကြအုံးမလား....
fb မှာတော့ တော်တော် like ကြတယ်..
ပြီးတော့ မိုးနတ်ကိုလဲ မေးကြတယ်....“ မင်းက ရက်ပါလေဒီလားဟင်” တဲ့ ......
မိုးနတ်ရွတ်ပြမယ်နော်........
ဟာ............................
ဒီကော်နက်ရှင်ကြီးကလဲ ကျ.....ကျ.....ကျ....
စိတ်ဓါတ်တွေလဲ ကျ.....ကျ......ကျ.....
မြန်မာနိုင်ငံကြီးမှာ လူဖြစ်ရတဲ့ ဒုက္ခ
ဘ၀......ဘ၀......ဘ၀.........................(ဟိ ဘာမှလဲ ဟုတ်ပါဘူး....ကြုံတုန်းတင်ပြလိုက်တာပါ..ဒီလိုပဲ)
ပြီးတော့ လူစုံတုန်း ရှင်းပြစရာ တစ်ခုရှိပါတယ်... ( ဒါကတော့ အတည်ပါ ) တကယ်တော့ ဒီအကြောင်းကို သီးသန့်ပို့စ်
တစ်ခုအနေနဲ့ ရေးပြီး တင်မလို့တောင် စဉ်းစားထားသေးတယ်.... ခုတော့ လူစုံတုန်း ရှင်းပြလိုက်တော့မယ်နော်........
နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..........
မိုးနတ် ဟိုအရင်ရက်တုန်းက အသဲကွဲနေတယ်လို့ အားလုံးကို မက်ဆေ့ခ်ျပေးဖူးပါတယ်......ကဗျာအောက်နားလေးတွေမှာပါ....... ဟုတ်ပါတယ်........မိုးနတ်တကယ်အသဲကွဲခဲ့ပါတယ်....
ဒါပေသိ.... ဘလော့ဂါမောင်နှမတွေ အားလုံး
ထင်မြင်ယူဆနေကြသလို မိုးနတ်ချစ်သူက မိုးနတ်ကို
အသဲခွဲပြီးထားခဲ့လို့မဟုတ်ပါဘူး......မိုးနတ်တို့ သိပ်ချစ်ရက်နဲ့
မိုးနတ်က ခုချိန်မှာ သူ့ကို မရွေးချယ်နိုင်သေးလို့ မသေချာတဲ့
အချိန်တွေကို မျှော်လင့်စောင့်စားမနေကြပဲနဲ့ လမ်းခွဲဖို့ ပြောလို့ သူက စိတ်ဆိုးပြီး မိုးနတ်နဲ့လမ်းခွဲသွားတာပါ....
အဲဒိအတွက် မိုးနတ်သူ့ကို နဲနဲလေးမှ အပြစ်မတင်ခဲ့ပါဘူး....
မိုးနတ်ဘက်ကအလွန်ကိုး......သူကပြောဖူးတယ် မိုးနတ်မှာ အချစ်ထက်ဦးစားပေးရမဲ့အရာတွေ တော်တော်များတယ်ထင်တယ်တဲ့...
ဟုတ်ပါတယ် မိုးနတ်ကလဲ သိပ်ကိုလောဘကြီးတဲ့ ခပ်ဆိုးဆိုးကောင်မလေးမို့ သူ့လို ရိုးသားအေးချမ်းပြီး
ရောင့်ရဲ့တင်းတိမ်တတ်တဲ့လူတစ်ယောက်နဲ့ ဘယ်လိုမှကို မလိုက်ဖက်ပါဘူး.....တကယ်တော့ ရင်ထဲမှာသူ့ကိုသိပ်ချစ်တာပေါ့
(အဲဒါ အမှန်ကို ၀န်ခံတာ....ပြီးတော့ ဘယ်လိုပြောရမလဲ...)
ဘယ်လိုမှကို မပြောတော့ပါဘူးနော်......ဘာကြောင့်ဆို
သူ့အကြောင်းတွေကို ပြောရတာ ဘယ်တော့မှ မကုန်နိုင်ဘူး
ထင်မိလို့ပါ....ဆက်ပြောရင် မိုးလင်းသွားနိုင်တယ်.....
ဒီကြားထဲ ကွန်က ကျသွားရင် မိမိုးနတ်တို့ ငုတ်တုတ်မေ့ရအုံးမယ်လေ......လိုရင်းကိုပဲ ပြောပါမယ်......
မိုးနတ်တို့ အချစ်က အနေဝေးလွန်းတာနဲ့အမျှ ဖြူစင်ရှင်းသန့်တာနဲ့
အညီ မယုံနိုင်စရာကောင်းလောက်ကို သိပ်ချစ်ကြတယ်....
အဲဒါကြောင့် သူနဲ့ဝေးရတဲ့နောက်မှာ မိုးနတ်သိပ်ခံစားခဲ့ရတာပေါ့......
ပြီးတော့ မိုးနတ်က ကဗျာတွေရေးနေတဲ့သူဆိုတော့ (ကဗျာဆရာမလို့
မပြောဘူးနော်...:) ) ကဗျာရေးတဲ့သူတွေဆိုတာ......
(ပြောရရင် မောင်လေးတစ်ယောက်က မေးဖူးသလိုပေါ့)
အမ.. ကဗျာဆိုတာ ခံစားချက်ရှိမှရေးလို့ရတာမလားတဲ့ ....
အင်း.....အဲဒါလဲမှန်ပါတယ်...ဒါပေမဲ့ အမအတွက်ကတော့
ပတ်ဝန်းကျင်မှာကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခု...ရုပ်ရှင်ထဲက ဇာတ်လမ်းလေးတစ်ကွက်.....တခါတခါ ဖတ်မိလိုက်တဲ့ စာတိုလေးတစ်ကြောင်း...တခါတခါ အတွေးလေးတစ်စ ဒါမှမဟုတ်
နားထောင်ဖြစ်လိုက်တဲ့ သီချင်းလေးထဲကလဲ ကဗျာတစ်ပုဒ် ထွက်လာတတ်တယ်လို့ ဖြေလိုက်မိတယ်.....အားလုံးပဲ
ကဗျာရေးဖူးကြတဲ့သူတိုင်း သိကြမှာပါ....တခါတလေ အတွေးလေးတစ်စရမိတာ......ညကြီးမင်းကြီး အိပ်ရာထဲရောက်မှ
စာအုပ်နဲ့ခဲတံ..ကောက်ကိုင်ပြီး ကမန်းကတန်း ထရေးလိုက်ရတယ်
ခုတလောဆို အဲလိုခဏခဏ ဖြစ်တယ်......ဘာလို့လဲ မသိ..........အာရုံဝင်စားမှုများလာလို့ထင်တယ်:P
(မိုးနတ်က ကဗျာရေးရင် ဘောပင်နဲ့ တစ်ခါမှမရေးဘူး......ခဲတံနဲ့ပဲရေးတယ်....
ခဲသားနက်နက်ကလေးနဲ့ ခဲတံလေးရယ်....
အကြမ်းစာအုပ်လေးရယ်ကို အနားမှာအမြဲဆောင်ထားရတယ်......
တကယ့်ဆရာမကြီးလေသံ) ပြောပြတာပါ..
ဟာ.....ပြောရင်းနဲ့ ဆိုလိုရင်းက ပျောက်ပြီး လမ်းကြောင်းက လွဲသွားပြန်ပြီကွာ....တကယ်ပဲ........:)
ပြောချင်တာက မိုးနတ်က ကဗျာတွေရေးဖြစ်နေတဲ့သူဆိုတော့ ကုန်ကြမ်းရတဲ့အခါမှာ (ပြောရရင်....အသဲကွဲတယ် ဆိုတာလဲ
ကုန်ကြမ်းတစ်မျိုးပေါ့နော်....) အဲဒိအခါ ကိုယ်ခံစားရတာကို အခြေခံပြီး ရင်ဘတ်ထဲက စကားလုံးတွေက အရောင်စုံထွက်ကျလာတာပေါ့......
စိတ်ကြည်နူးမိခဲ့ရတာလေးတွေကို ပြန်တွေးမိရင် ကဗျာလေးတွေက
နူးညံ့မယ်......မိုးနတ်တို့ဝေးကွာသွားရတာကို စိတ်မကောင်းဖြစ်မိတဲ့ အခါကျရင် ကဗျာလေးတွေက ကြမ်းတမ်းအက်ရှပြီး ခါးသီးနေမှာပေါ့
တခါတခါ ကဗျာတွေက ခံစားချက်ပြင်းသွားတဲ့ အခါ လူတွေက မေးကြတယ်....မိုးနတ်ချစ်သူက တော်တော်ဆိုးလားတဲ့...
ဟင့်အင်း.......ဆိုးသားဆိုးရင် မိုးနတ်ကသာ ဆိုးတာပဲဖြစ်မှာပါ
သူကတော့ ...........ထားပါလေ.......ခုက စလို့ ရှေ့ကို
မိုးနတ်ပို့စ်တင်တဲ့အခါမှာ “ ကို ” ဆိုတဲ့ ပုရိသ တစ်ယောက်အကြောင်း ထဲ့ရေးတော့မှာ မဟုတ်သလို သူနဲ့ပတ်သက်တဲ့ ကဗျာတွေ အသဲကွဲတဲ့အကြောင်းတွေလဲ ပြည်ဖုံးကားချလိုက်ပါပြီ....
နောက်ဆို စိတ်သစ်လူသစ်နဲ့ပဲ မိုးနတ်နေသွားတော့မှာပါ........
ကဗျာတွေကိုလဲ အရင်ကထက် နှစ်ဆတိုးပြီးရေးလို့
ပို့စ်အသစ်တွေကိုလဲ တစ်ပါတ်တစ်ခါ မှန်မှန်တင်ပေးပါ့မယ်......
အားလုံးကိုလဲ အရမ်းပဲ သတိရနေပါတယ်........
ရေးရင်းရေးရင်းနဲ့ မထင်မှတ်ပဲ ၀န်ခံချက်တွေများပြီး ရင်ဖွင့်စာလို
ဖြစ်သွားတဲ့ပို့စ်လေးကို သီးခံပြီးဖတ်ပေးကြတဲ့ မောင်နှမတွေကို
ကျေးဇူးအများကြီးတင်ပါတယ်.......:)))
(ဖတ်ရတဲ့သူတွေတော့ မသိဘူး.....ရေးသူတော့မယ်.....
ရင်ထဲ တကယ်ကိုပေါ့သွားတယ်ကွယ်...:D)
အားလုံးနဲ့လဲ မတွေ့ရတာကြာပြီမဟုတ်လားရှင်......
ပျော်ရွှင်စရာကောင်းတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေနော်......
Merry Christmaxxxxxxx !!!
အားလုံးရဲ့ မိုးနတ်ကြယ်စင်
တော်သေးတာပေါ့ ပြန်ဖွင့်လို့ရတာ..။ စိတ်သစ်လူသစ်နဲ့ ကဗျာတွေစာတွေ အများကြီး ဆက်လက်ဖန်တီးနိုင်ပါစေ မိုးနတ်ရေ. အမြဲအားပေးနေတယ်နော် <3 <3
ReplyDeleteဟင်းးးးးးးးးးအခုမှ ဟင်းချနိုင်တော့တယ်
ReplyDeleteဘလော့ပြန်ပွင့်သွားပြီဆိုလို့လေ..ကဗျာတွေလာဖတ်မယ်
ရေးထားနော်..လာလည်သူစိတ်ပျက်အောင်တော့မလုပ်နဲ့။
တို့ မောင်နှမတွေစိတ်သစ်လူသစ်နဲ့ လျှောက်လှမ်းကြတာပေါ့ကွယ်...
ReplyDeleteစိတ်သစ်လူသစ်လေးကို ကြိုဆိုပါတယ် မိုးနတ်ရယ် .. Let By Gone And Be By Gone ပေါ့ ..
ReplyDeleteပြီးခဲ့တာတွေလည်း ပြီါ်ပါစေတော့ .. ကဗျာလေးတွေ ဆက်ရေးနော်
ညလေးမိုးနတ် အခုထိ အစ်မကို မအပ်သေးဘူးနော်။ အပျော်တွေလွန်နေတယ်ပေါ့ ဟုတ်စညလေး။
ReplyDeleteဘလော့ဂ်လေးပြန်ရသွားပီဆိုလို့ ဝမ်းသာပေးပါတယ်ညလေးရေ..
ReplyDeleteအမ မိုးနတ်ကိုစာပို့ သေးတယ်.. ပြန်စာမလာတော့လို့ ..ဘာမှမတတ်
နိုင်တော့တာ... ဒီလိုအဆင်ပြေသွားတယ်ဆိုတော့ ကောင်းသွားတာပေါ့..။
ကဗျာတွေအများကြီးရေးနော်... လာအားပေးမယ်.. :D
connectionမကောင်းလို့ဘလော့ဂ်ဖွင့်လို့မရတဲ့ဒုက္ခခြင်းကတော့တူတယ်နော်။
ReplyDeleteအသူလဲစိတ်ညစ်နေတာဟိုရက်တွေကလိုင်းမကောင်းလို့၂ပတ်လောက်ကြာတယ်။ဖွင့်လို့မရတာ။
ဒီကြားထဲအင်တာနက်ဘေလ်ကကုန်သွားသေးတယ်။
♥♥နှစ်သစ်မှာလူသစ်စိတ်သစ်စာအသစ်ခံစားချက်အသစ်တွေဖန်တီးနိုင်ပါစေနော်။♥♥
လွတ်လွတ်လပ်လပ်နဲ့ရေးချင်ရာရေးသွားတာကိုး။ကောင်းပါတယ်။ဒါမှလည်းနောက်ဆိုဒီထက်ပိုပြီးစာရေးနိုင်မှာ။ခံစားချက်ဆိုတာကတော့ဒီလိုပါပဲ။ပိုပြီးတည်ငြိမ်မှုရှိသွားတဲ့အချိန်ကျရင်တော့အားလုံးဟာဘာမှမဟုတ်တော့သလိုဖြစ်သွားမှာလေ။ကဗျာတွေရေးတဲ့လူဆိုတော့ပိုပြီးခံစားချက်တွေနက်ရှိုင်းမယ်ထင်ပါတယ်။အားပေးပါတယ်။
ReplyDeleteဝေးးးးးးးးးနာ့သယ်ရင်းလေးပြန်လာပြီး
ReplyDeleteကျော်လိုက်တာ သူငယ်ချင်းရဲ့
ရင်ထဲကကဗျာလေးတွေကိုစောင့်မျှော်နေတာနော်
မြန်မြန်လေးးးး
မိုးနတ်ရဲ့ လတ်တလောလေး ဖတ်သွားတယ်။ ဆွိဒီဇင်ဘာပါ မိုးနတ်ရေ :D
ReplyDeleteWelcome back မိုးနတ်ရေ ပျော်ရွှင်ကြည်နူးစွာနဲ့ ကြိုဆိုလျှက်ပါနော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဝမ်းသာတယ် ညီမလေး....
ReplyDeleteထပ်တူ ဝမ်းသာမိပါတယ် ။
အဆက်အသွယ်မရှိလို့ ဘယ်လို ကူညီရမှန်း မသိတာကို
စိတ်မကောင်း ဖြစ်မိပါတယ် ။
အခုလို မြတ်နိုး တန်ဖိုးထားတဲ့ ဘလော့လေး
ပြန်ရသွားတာကို ညီမလေးနဲ့ ထပ်တူ ဝမ်းသာမိပါရဲ့ ။
ပျော်ရွှင် ချမ်းမြေ့ပါစေ ညီမလေး ။
မိုးနတ်....နှင်းဆီစာလေးတွေလာဖတ်သွားပါတယ်
ReplyDeleteနှင်းဆီသီချင်းလေးတွေ
လာေ၇ာက်အားပေးခဲ့တာဝမ်းသာပါတယ်...
နစ်သစ်နဲ့အတူ.ပျော်ရွှင်ချမ်းမြေ့ပါစေ..
ချစ်သော....
အိမ်လာလည်တာလက်ဆောင်ပါဖို့မလိုပါဘူးဗျာ
ReplyDeleteမကြာခဏလာလည်ဖို့သာမျှော်လင့်ပါတယ်
ဘလော့လေးပြန်၇လို့ဝမ်းသာမိပါတယ်.....
မိုးနတ်ရေ ဘလော့လေးပြန်ရတယ်ဆိုတော့ မိုးသူဝမ်းသာပါတယ်
ReplyDeleteFacebook မှာပြောတော့မရသေးသလိုလိုဆိုတော့
တော်တော်လေးစိတ်မကောင်းဖြစ်နေတာ
ကဗျာတွေတ၀ကြီးပြန်ဖတ်ရအုံးတော့မယ်
ပျော်ရွှင်ပါစေ သူငယ်ချင်းမိုးနတ်ရေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဟုတ်တယ် ..မိုးရေ..အဲဒိတုန်းက ပြန်မရသေးဘူးလေ....အဲဒါကြောင့်ပါ..
ReplyDeleteမိုးနတ်ကြယ်စင်
ReplyDeleteကြိုးပြတ်နွယ်ပင်
တစ်မျိုးထပ်တွယ်ငင်
ဂိုးဂတ်ဂယ်ဂင်။း))
ဘလော့နဲ့ချစ်သူ
ဘယ်သူလှသလဲ... ဝေခွဲမရဘူးကွယ်..
ရွှေသဲ..ကြေကွဲ.. မျက်ရည်ဝဲလည်လည်.. ရွှေသဲ..ကြေကွဲ မျက်ရည်ဝဲလည်လည်..
အော်.. အလွမ်းမိုနတ်.. ပန်းမိုးနတ်ရယ်... (ထွန်းင်္သာတ ဟင်းရင်)။
ရင်တွင်း ခံစားချက်တွေ ဆက်လက် ညှစ်ထုတ်နိုင်ပါစေကြောင်း။း)
Cing Kiim ကိုရှာကြည့်လိုက်နော်.. တကယ်လို့ မတွေ့ ရင် ရိုးမြေကျ ရဲ့ သယ်ရင်းထဲမှာ ပါတယ်..
ReplyDeleteအဲ့ဒါမှမရဘူးဆိုရင် အမ ကိုမေးလ်ပို့ လိုက်နော်..ညလေးရဲ့ ဖဘ နာမည်လေးပါကိုပေါ့..:)
တကယ်ကြီး ပြည်ဖုံးကားချနိုင်ပြီပေါ့
ReplyDeleteဟွန်း....အလကား တဂျီးမင်း.....
ReplyDeleteတူများနံမည်ကို ဖျက်တယ်.....:(
စိတ်ကလဲ ပုပ်ထှာ လွန်ပါရောဟယ်....
အဲဒါကြောင့် ဒီလူကြီး ခုထိမစွံတာဖြစ်မယ်.....:)
ဘလော့က အိန်ဂျယ်ရဲ့ ဒုတိယချစ်သူ ဆိုတော့ မရှိလို့ မဖြစ်တဲ့
ReplyDeleteအထဲမှာပါတယ်... :):) မိုးနတ်လည်း အဲ့လိုပဲ ဖြစ်မယ်ထင်တယ် ..:P
တော်သေးတာပေါ့ ပြန်ဖွင့်လို့ရလို့ မဟုတ်ရင် မမမိုးနတ်ရေးတဲ့ကဗျာကောင်းလေးကိုလွမ်းနေရဦးမှာ
ReplyDeleteခရစ်မှာပျော်ရွှင်နိုင်ပါစေနော်
ကဗျာ အသစ်လေးကိုလည်းစောင့်မျှော်နေမယ်နော် မမမိုးနတ်ရေ
ခင်တဲ့(အိပ်မက်ကောင်းကင်)
Sweet December ပါ sis... အရွှန်းဖောက်ပြီးရေးထားတာလေး ဖတ်လို့ကောင်းပါ၏။ အချစ်ရေးလည်း အဆင်ပြေပါစေ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လည်း ချနိုင်ပါစေ။ :)
ReplyDeleteပြန်ရလို့ ၀မ်းသာပါတယ် ။
ReplyDelete၀မ်းသာတယ်မိုးနတ်ရေ
ReplyDeleteစာတွေပြန်ရေးနော်....မအားနေလို့အရောက်နောက်ကျတာပါ
ခွင့်လွတ်နော်
ပြန်လာဦးမှပဲ
Deleteစာမလာ အကြောင်းမကြားနဲ့
ပျောက်ထွက်သွားလိုက်တာဗျာ
အသဲကွဲ ကဗျာလေးတွေများ
မဖတ်၇တော့ဘူးလားလို့.....။
ဒီတစ်လော ဆိုင်တစ်ဖက်နဲ့တော်တော်အလုပ်များသွားတာရယ်.. ကျန်းမာရေးရယ်ကြောင့်.. မတက်ဖြစ်တာပါ.. သတိရတယ်ဆိုလို့ ကြည်နူးဝမ်းသာနေမိသေးတယ်.. မိုးနတ်ရေ.. နောက်ဆို မပျောက်အောင်တော့ ဂရုစိုက်ပါမယ်.. ပိုစ့်လေးကတော့ ဖတ်လို့ကောင်းပါ့ရှင်.. :)
ReplyDelete