ရေးလိုက်ရပါသည် ၊သို့ပေသိ... အခါလွန်မိုးကြီးဖြစ်နေပြီထင်ရဲ့...:(
အကြောင်းမူ ၀ိုင်းထဲက တခြားလူတွေအားလုံး ရေးပြီးနေကြပြီမို့
မိမိုးနတ်တစ်ယောက်သာ ရေးဖို့ကျန်တော့တာမို့ပါ......
အချိန်ကလဲ ၂၀၁၃ ကို နေ့ရက်အချို့တောင်ဖြတ်သန်း
ဝင်ရောက်နေပြီ ဖြစ်လို့ မိမိုးနတ်ရဲ့ အခါလွန်ပို့စ်ကို
သီးခံပြီးပဲ ဖတ်ပေးကြပါအုံးလားရှင်.......
ဆိုတော့ကာ ၂၀၁၂ ဟာ မိုးနတ်အတွက်
ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ........
နှစ်စစချင်း (၁) လပိုင်းမှာပဲ မိုးနတ်ရဲ့ ရင်ခုန်ဘက်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်.....၊ မိုးနတ်အပေါ် သိပ်ကိုကောင်းတဲ့ လူတစ်ယောက်ပါ....၊ ထူးဆန်းတယ်နော်.....
ဘ၀မှာ အချစ်ဟာ လေးပုံတစ်ပုံလောက်ပဲ အရေးပါတယ်လို့ ထင်မြင်ယူဆထားတဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ အချစ်က
ဘ၀ရဲ့ ၁၀၀ ရာခိုင်နှုန်း အားလုံးကို အရေးပါတယ်တဲ့....
ပြောင်းလဲသွားလိုက်တာနော်.....ပြောင်းလဲမယ်ဆိုလဲ
ပြောင်းလဲချင်စရာပါ......လူတစ်ယောက်ရဲ့
အချစ်က မိုးနတ်ကို တကယ်ပဲပြောင်းလဲစေခဲ့တယ်.....
ပြီးတော့ အဲဒိလို တန်ဖိုးထားရတဲ့ ချစ်ခြင်းလေး မိုးနတ်ရဲ့ဘ၀မှာ
ထာဝရတည်မြဲနေလိမ့်မယ်လို့လဲ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့........................................:(
(ဆက်ပြောရင် စိတ်မကောင်းဖြစ်စရာတွေပဲ ပြောမိတော့မှာမို့
ဒီမှာပဲ တစ်ခန်းရပ်လိုက်ပါစေတော့) မိုးနတ်ရဲ့ နှလုံးသားရေးရာ ကိစ္စတစ်ချို့ကို ဘလော့ဂါမောင်နှမတွေအားလုံးလဲ အတော်အတန်သိပြီးဖြစ်နေလို့ပါ........
သင်္ကြန်ဟာ ဒီလိုပဲ မိုးနတ်ကို သူလိုငါလို ဖြတ်သန်းစေခဲ့တယ်..... ထူးခြားတာက အကြတ်၂ရက်ဆိုတော့ မိမိုးနတ်တို့ အားရပါးရနဲ့
အသားကုန်ကဲပေါ့.....( အဲလိုထင်လား ) ဟွန့်..... တစ်ရက်မှကို မကဲလိုက်ရဘူး ပြန်ပြောရင် စိတ်နာတယ် တကယ်ကြီး....:(
မေလကတော့ ထူးခြားတယ်ရှင့်........
မိုးနတ်ရဲ့ ဘလော့လေး စတင်မွေးဖွားဖြစ်ခဲ့တဲ့
လလေးဖြစ်သလို အိမ်လေးကိုလဲ စီနီယာဘလော့ဂါ
မောင်နှမများနဲ့ မိတ်ဆက်ပေးခွင့်ရခဲ့တဲ့လလေးပါ......
နွေးထွေးတဲ့ လူမှု အသိုင်းအ၀ိုင်းလေးထဲကို ရောက်မှန်းမသိ
ရောက်သွားတယ် ..၊ အားလုံးရဲ့ ချစ်ချစ်ခင်ခင် လက်တွဲခေါ်ယူ
မှုကြောင့် မိုးနတ်ရဲ့အိမ်လေး ခုလိုအချိန်ထိ ရပ်တည်နေနိုင်တာပါ....
ဘလော့ဂါမောင်နှမများအားလုံးကို မိုးနတ်အရမ်းချစ်ပါတယ်....
ကျေးဇူးလဲ အရမ်းတင်ပါတယ်..တစ်နှစ်ပြည့်ကျမှ အမှတ်တရ
ပို့စ်လေး ရေးပြီးတင်ပေးမယ်နော်.......:)
အင်း.....နောက်တော့လဲ ထွေထွေထူးထူးရယ်လို့ သိပ်မရှိပါဘူးရှင်.....
သီတင်းကျွတ် တန်ဆောင်တိုင်ရက်များမှာ မိုးနတ်ဟာအများနည်းတူ
ပေါ့ပါးစွာပဲ ပျော်ဝင်စီးမြောခဲ့ပါတယ် ၊ တခုတော့ရှိတယ် ....
တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ဖြစ်အောင်
သွားလည်မယ်လို့ မှန်းထားတာ...မှန်းချက်က နှမ်းထွက်ခဲ့ရပေါ့....:(
ဒါပေမဲ့ လက်လျှော့မယ် မထင်လိုက်နဲ့နော်..........
၂၀၁၃ ခုနှစ်ရဲ့ important trip ထဲမှာ ထိပ်ဆုံးက ပါနေတယ်ရှင့်......
ကျန်းမာရေးကတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ပါဘူး....
နှာစေးချာင်းဆိုးလောက်ကလွဲရင် အားလုံး Good !
( Nothing Special )
လူမှုရေး..၊ စီးပွားရေးလား......? အို...အဲဒါကတော့ ပြန်လှည့်ကြည့်စရာမလိုလောက်အောင်ကို
ကောင်းပြီးသား...ကြားကြရဲ့လား အရပ်ကတို့ .....ကြွားချက်ကတော့ လက်ဖျားခါလောက်တယ် ....ဘူမှမေးပဲနဲ့ စွတ်ကြွားနေဒယ်...
အသားလွတ်ကြီး ၊ ဒီလိုအကြွားသန်တဲ့ ငတိမလေးမျိုးမြင်ဖူးကြရဲ့လား?
မမြင်ဖူးရင် နောက်နေ့ကျ .....FB မှာလာကြည့် .....ဟီးးး
အလကားစတာပါနော်...၂၀၁၂ မှာ မိုးနတ်တို့ အိမ်စီးပွားရေးတကယ်ပဲ
ကောင်းခဲ့ပါတယ်.....အဲဒါကြောင့် တောပြောင်းမယ်လို့တောင်
စဉ်းစားထားဒယ်....ဘယ်လိုလဲ ......အဲဒိအကြံကောင်းလား?
များများရေးရင် ငြီးငွေ့သွားမှာစိုးလို့ အဓိက အချက်လေးတွေလဲ ပါအောင် ရေးရင်း ဒီပို့စ်လေးကို မြန်မြန်အဆုံးသတ်ပေးပါ့မယ်......
(အင်း.....၀မ်းသာလိုက်တာ>>>....စာဖတ်သူများလေသံ :) )
အဲဒိ အဓိကအချက်လေးတွေကတော့ တခြားမဟုတ်ဘူး.......
၂၀၁၂ မှာ မိုးနတ်အင်မတန် ဓါတ်ကျခဲ့ပြီး အခုချိန်ထိလဲ အလွန်ဓါတ်ကျနေဆဲ ရလဲမရသေးတဲ့ ဖြစ်လဲ မဖြစ်သေးတဲ့
မကြာခင်မှာလဲ ရလာဖြစ်လာတော့မဲ့ အရာလေးတွေပါ....Ahakhak...
(၁) ကားလှလှလေးတစ်စီး အမြန်ဆုံးလိုချင်နေတယ်....
တံဆိပ်ကတော့ ခု ကြိုပြောမထားသေးပါဘူး......
အမျိုးအစားကောင်းပြီး မိန်းကလေးတွေ စီးလို့အဆင်ပြေမဲ့
ပုံစံလေးပေါ့......(ဖေကြီးကတော့ ခဏစောင့်အုံးတဲ့........
ကားဈေးတွေ တအားကျနေလို့ ခုဝယ်လိုက်ရင် ရှုံးသွားမယ်တဲ့....
အင်း......အဲဒါလဲ ဟုတ်တာပဲ)
ဘလော့ဂါမောင်နှမများ မြင်ယောင်ကြည့်ကြပါ......
မိုးနတ်နဲ့ဆို သိပ်ပြီးလိုက်မှာပေါ့နော်......:)
ကားကလဲလှ လူကလဲလှဆိုတော့ အမိုက်စားပေါ့......
ဟီး.....ဘယ်သူလိုက်လိုက် မလိုက်လိုက်
ကိုယ်လိုက်ရင် ပြီးတာပဲ ဇွတ် :D
(၂) Samsung Galaxy SIII 4G ( မကြာခင်ရတော့မှာ ဟာဟ....)
အရင်က ipone 5 လိုချင်တာ.... ခုပြောင်းသွားပြီ
(၃) စကိတ်စီးသင်ချင်တာ ( စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်
စီးတတ်ချင်တယ် ၊ စကိတ်လှလှ အမျိုးအစားကောင်းကောင်း
လေးတစ်စုံလဲ လိုချင်တယ်.....) ဒါထက် တဆိတ်လောက်...
ဝိုင်းထဲက ဘလော့ဂါမောင်နှမတွေ ..... မိုးနတ်ကို
စကိတ်စီးသင်ပေးချင်တဲ့ သူများမရှိဘူးလား....!
(စကားခေါ်ကြည့်တာ ..သင်ပေးတော့လဲ အမြတ်ပေါ့..
ဟုတ်ဘူးလား :P)
(၄) ကရာတေးဖြစ်ဖြစ် ၊ ဂျုဒိုဖြစ်ဖြစ် ၊ တိုက်ကွမ်ဒိုဖြစ်ဖြစ်
နောက်ဆုံး သိုင်းပဲဖြစ်ဖြစ်ကွာ သင်ချင်တယ်.......
ဘာလို့လဲကို တိဝူး.....ခုတလော အဲဒါမျိုးတွေကိုပဲ
အထူးတလည်ဓါတ်ကျနေဒယ်........ဟိ
အဲဒါတွေကတော့ သင်ပေးချင်ရင် အချိန်မရွေးပါ..မိုးနတ်က
သိလွယ် တတ်လွယ် သဘောပေါက်လွယ် ဆိုတော့ ဆရာ့ထက်
တပည့်လက်စောင်းထက်မှာ အသေအချာ.......
ဒီတော့ သင်ပေးတဲ့ဆရာလဲ နာဖို့သာပြင်.....အဲလေ ဟုတ်ပါဝူး.....
ဒီနေ့ နေသာတယ် ပြောပါတယ် မခင်သီတာ....:)
ကဲ.....ကဲ မိုးနတ် လိုချင်တာတွေ ဖြစ်ချင်တာတွေကို စာစီပြီး တခမ်းတနားပြောပြနေတာနဲ့ပဲ အားလုံးလဲ ငြီးငွေ့နေပြီထင်ရဲ့.....
ဆုတောင်းပေးပါတယ်ကွယ် ........ချစ်တဲ့ ကိုယ့်ရဲ့
ဘလော့ဂါမောင်နှမတွေလဲ နှစ်သစ်မှာ လိုရာဆန္ဒတွေ
တစ်လုံးတ၀တည်းပြည့်စုံကြပါစေလို့...............
အိမ်း.......အိမ်း.......ကောင်းပြီ.......ကောင်းပြီ
ဒီလိုဆို ဒီမှာပဲ တရားသိမ်း........ :P
( သိက္ခာတော် အပြည့်နဲ့ ဆရာတော်ကြီးလေသံ )
အားလုံးရဲ့ မိုးနတ်ကြယ်စင်
2012ကို အသည်းကွဲနှစ်အဖြစ်သတ်မှတ်လိုက်ပီ...ဘ၀တူတွေ ရှိနေပါသေးလား
ReplyDeleteအခုရေးဟန်မျိုးလေး ဖတ်လို့ကောင်းဒယ် မိုးနတ်ရေ
ReplyDeleteချမ်းမြေ့ပါစေ
မိုးနတ်ရေ လိုချင်တဲ့ ကားသေးသေး လှလှလေး အမြန်ရပါစေ ကွယ် ....
ReplyDelete၂၀၁၃ နှစ်သစ်ဟာ လိုတရ နှစ်သစ်လေးဖြစ်ပါစေ .... ။
၂၀၁၂ကို လှည့်မကြည့်အားသေးဘူး
ReplyDelete၂၀၁၃မှာပဲ တရွတ်တိုက် လျှောက်နေရတယ်ဗျို့ :P
အင်း...နှာလို ခပ်ပေါပေါတစ်ယောက်တော့ ဘလော့ပေါ် ရောက်လာချေပြီ။
ReplyDeleteဒီလို ပေါ နယူးဂျင်နရေးရှင်းလေးတွေ ပေါ်ပေါက်လာတာ ဂုဏ်ယူစရာပေဘဲ။
ကြိုဆိုရမှာပ။
ပေါတယ်ဆိုတာကလဲ ပါရမီရှိမှ ပေါလို့ ရတာကလား။း)
မိုးနတ်ရေ.၂၀၁၃ မှာ ရည်မှန်းထားတဲ့ ခရီးတွေလည်း သွားဖြစ်ပြီး လိုချင်တာတွေလည်း အားလုံးရပါစေနော်..။
ReplyDeleteခင်မင်လျက် Snow
ညီမမိုးနတ်ရဲ့ ၂၀၁၂ ကို သုံးသပ်ပုံက ပေါ့ပေါ့ပါးပါးနဲ့မို့ ဖတ်ရတာ မြူးမြူးကြွကြွ ရှိလှတယ်..၊း)
ReplyDelete၂၀၁၃ ဟာ မျှော်လင့်ခြင်းတွေ အကောင်ထည်ပေါ်စေတဲ့ နှစ်ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ..။
ကားသေးသေးလေးဆိုရင်တော့ ချယ်ရီQQ . . samsung S4 ကမထွက်သေး ၊ စကိတ်စီးချင်တယ်ဆို ဒူးပြဲတတ်သည်း)))))
ReplyDeleteဗညားရှိန်
မမမိုးနတ်လေးရေ လည်လည်လာလို့ စာတွေဖတ်သွားပါတယ်
ReplyDeleteစဖတ်ကတည်းက တစ်လပိုင်းအကြောင်းမှာတင် မျှောသွားတာ အဆုံးထိလည်းမပါဘူး
ကိုးရီးယားကားကြည့်ရသလိုပဲ ^_^
ဝါသနာကတော့ တူသား ကျွန်တော်လည်း စကိတ်ကိုကျွမ်းကျွမ်းကျင်ကျင် စီးတတ်ချင်တယ်
မမမိုးနတ်ခရာတေးသင်ပြီးသွားပြီဆိုရင် ကြိုတင်တော့အကြောင်းကြားထားနော် :P
ကျန်းမာရေးလည်း ဒေါင်ဒေါင်မြည်ဆိုတော့ ၀မ်းသာပါတယ် ပျော်ရွှင်နိုင်ပါစေနော်မမမိုးနတ်
ခင်တဲ့(အိပ်မက်ကောင်းကင်)
This comment has been removed by the author.
ReplyDelete2012 ကို လာဖတ်သွားပါတယ်..
ReplyDeleteဖုန်းလေးရတော့မယ်ဆိုတော့ ပျော်နေတာပေါ့..
အားကျလိုက်တာ..ဟဲဟဲ.. :)
တိုက်ကွမ်ဒိုကိုတော့ကိုလွင်ပြင်ဆီမှာသင်ပေါ့မိုးနတ်ရေ
ReplyDeleteကားသေးသေးက မဂျီးထီပေါက်ရင်ဝယ်ပေးမယ်နော်
ဗညားကလဲ သေချာဖတ်ဝူး...SIII 4G ပါဟ...ဂယ်ပဲဂယ်ပဲ....ဟွန့်....:(
ReplyDeleteဘာပြောဒယ် တဂျီးမင်း...
ReplyDeleteဟွန်းနော်... ရှင်ကြီး ကျွန်မထက် အသက်ကြီးနေလို့ပေါ့.....
မဟုတ်ရင် ရှင်ကြီးတော့မလွယ်ဘူး.....သိလား....
အရမ်းစိတ်ပုပ်တာပဲဟာ ဟွန်းးးးးးးးးးးးးးးးးးးးးးးး
မိုးနတ်ကပေါတယ် ဆိုရင် ဦးလေးဖြစ်တဲ့ တဂျီးမင်းပေါတာကို
မျိုးရိုးလိုက်တာနေမှာပေါ့...ကဲ..ဘာပြောချင်သေးလဲ
မခင်သီတာ....:P
ဒီမယ် မိုးနတ်ကျယ်စွာ.. အဲလေ.. မိုးနတ်ကြယ်စင်..
ReplyDeleteလူဂျီးဂို ဒလို ပြောဇရာလား။
ပြန်တောင်းဘန်ဇမ်းးးးးးးး
ကျွန်မပြောမိ အပြစ်ရှိ၏ ဆိုပြီးတော့။း)
မိုးနတ်ကျယ်စွာ
ကျိုးမြတ်ပယ်ခွါ
အိုးကပ်တွယ်မှာ။း)
ဟယ် အမယ်မယ် ...မီးနံမည်လှလှလေးကို ဖျက်ဒယ်....
ReplyDeleteအားကြီးချိတ်ချိုးတယ်နော် တကယ်ကြီးးးးးးးးးးးးးးးးးးးးးးးး
တော်ပြီ လူကြီး ....ဟွန်းးးးးးးးးးးးး နောက်နေ့ကျရင်
အိမ်လည်မလာတော့ဘူးဟာာာာာာာာာ :(
အစ်မမိုးနတ်ရေ...
ReplyDeleteကစားစရာ ကားသေးသေးလေးများ ဈေးပေါလို့ ...
အချိန်မရွေး ၀ယ်လို့ ရပါရဲ့...
အသည်းကွဲတာများ ကုန်ကြမ်းအနေနဲ့ သဘောထားလိုက်စမ်းပါ...
အချစ်ကုန်ကြမ်း ပေးချင်ရင်လည်း စိတ်မဆိုးပါဘူး...
နှစ်သစ်မှ စပြီး လိုအင်ဆန္ဒ ပြည့်ဝပါစေ အစ်မရေ...
ခင်တဲ့
http://htawoo.blogspot.com
ဟင့်ရွှတ်ခုတလော စိတ်သိပ်မခိုင်ဘူးနော်။
ReplyDeleteအဲဒီသင်္ကြန်ပေါ့ အစ်မလဲ မကဲလိုက်ရဘူး။
ဟမ်တောင်ကြီးတန်ဆောင်တိုင်လဲမသွားလိုက်ရပြန်ဘူးလား။
ဟာကားလိုချင်တယ်။တူသွားပြန်ပီ။မမ Suzuki swift အသေခိုက်နေတယ်အခု
ဟာမမလဲ ကရာတေးသင်မလို့ ညီမ၀မ်းကွဲမအားလို့မသင်ဖြစ်တာ။
ကြားထဲမှာ သယ်ရင်းတွေနဲ့ပြောထားတဲ့စာသားတွေပါသွားလို့ ပြန်ဖျက်ပီးအသစ်ပြန်တင်တယ်မိုးနတ်လေးရေ။
ရောက်ခဲ့တယ် မရေ
ReplyDeleteကိုမောင်-စွယ်စုံကျမ်းကို ပြောလိုက်ပါဦး
မောင်နွေလလည်း ၂ဝ၁၂ မှာ
အသည်းကွဲခဲ့ပါတယ်လို့
၂၀၁၃ မှာ ပျော်ပါစေ
လိုချင်တာတွေလည်း ဒိထက်ပို ရပါစေ
နွေ
ရောက်ခဲ့တယ် မရေ
ReplyDeleteကိုမောင်-စွယ်စုံကျမ်းကို ပြောလိုက်ပါဦး
မောင်နွေလလည်း ၂ဝ၁၂ မှာ
အသည်းကွဲခဲ့ပါတယ်လို့
၂၀၁၃ မှာ ပျော်ပါစေ
လိုချင်တာတွေလည်း ဒိထက်ပို ရပါစေ
နွေ
ဝို.......အဲသလိုတွေလဲမိုးနတ်ကရေးတတ်တာပဲနော်
ReplyDeleteBravo !!!!
ညလေးက ရေးတတ်လိုက်တာ
ReplyDelete၂၀၁၂ ... ခုနှစ်ဟာ နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည် ဖြစ်စေ .....
ReplyDeleteအတိတ်မှာ ကျန်ခဲ့ပြီမို့ ၊
လက်ရှိ ပစ္စုပ္ပန်မှာ ညီမလေး မိုးနတ်တစ်ယောက် ၊
အရာရာ အေးချမ်းပြီး ၊
ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှ ပြီးပြည့်ဝနိုင်ပါစေလို့
ကျွန်တော် ဆန္ဒပြုပါတယ် ။
တစ်ခုပဲဗျာ.....
နံပါတ်လေး အချက်တော့ ခြွင်းချက်အဖြစ် ချန်ထားခဲ့ရမယ် ။
အဟဲ .....
ပျော်ရွှင် ချမ်းမြေ့ပါစေ ညီမလေး ။
ဟုတ်ကဲ့ပါ အကိုတော်..အကိုတော်ပေးတဲ့ဆုနဲ့
ReplyDeleteညလေး ပြည့်ရပါစေရှင်...တခုပဲ....
နံပါတ်လေး အချက်တော့ ညလေးက
ချန်မထားခဲ့နိုင်ဘူးရှင့်......:P
ွှခုလိုခေတ်ကြီးထဲမှာ အပေါ်က သုံးချက်ထက်
အဲဒိအချက်က ပိုအရေးကြီးပြီး ပိုအသုံးဝင်တာလေ..:)))
ဖြစ်ချင်တဲ့ ဆန္ဒ(၄)ခုလုံးရော... ဒီ (၄)ခုပြည့်ပြီးသွားရင် ထပ်လိုချင်လာမဲ့ဆန္ဒတွေရော.. ပြည့်ပါစေတော်... ;)
ReplyDeleteBTW, S3 4G က battery life ပိုတိုတယ်လို့ ပြောကြတယ်နော်.. Skate ကတော့ အမလည်း စီးတတ်ချင်သားး)
(၂၀၁၃)ဟာ ညီမအတွက် ပျော်ရွှင်ရတဲ့နှစ်ဖြစ်ပါစေ... ပြီးတော့ အချစ်ရေးလည်း ပြေလည်ပါစေ... =)
2012 ကိုလာဖတ်ခဲ့တယ် မိုးနတ်ရေး) အကုန်ကိုသိလိုက်ရတော့တာပဲ :D
ReplyDeleteဟုတ်....အားလုံးပဲ ဘာမှမကျန်တော့သလောက်ပါပဲ...ဟီးးးးးးးး
ReplyDeleteအင်း......
ReplyDelete၂၀၁၂ လား....အရင်တုန်းကလို ချဉ်ပေါင်ဟင်းတွေနဲ့ပေါ့
ကျုပ်အတွက်တော့ လူပြည်နေဖို့ တစ်နှစ်လျော့ သွားတာပါဘဲး))
( အဲလိုများရေးရင် ဘယ်လိုနေမလဲလို့ )
သာယာချမ်းမြေ့သော ၂၀၁၃ ဖြစ်ပါစေဗျာ။
( မင်းဧရာ )
ကျေးဇူးပါ အကိုမင်းဧရာရေ...တကယ်ကိုကျေးဇူးပါရှင် :)))
ReplyDeleteHard Rock Hotel & Casino Biloxi - MapyRO
ReplyDeleteFind parking costs, opening hours and a parking 영천 출장안마 map of Hard Rock 나주 출장안마 Hotel & Casino Biloxi, 속초 출장마사지 MS. Rating: 대구광역 출장샵 2.2 · 2 원주 출장마사지 votes
joya shoes 398k1xfjnp151 joya sko,joya sko,joya skor,Cipő joya,zapatos joya,joya schoenen verkooppunten,Scarpe joya,chaussures joya,joya schuhe wien,joya schuhe joya shoes 219h3oitfe006
ReplyDelete