မင်း ရဲ့
သေ ဆို သေ
ရှင် ဆို ရှင်
အမိန့် တစ်ခုထဲနဲ့တင်
ငါက
ကျေနပ် နေတတ်ခဲ့သူ
မင်း ထားရာနေ
မင်း စေရာသွား
မင်း စိတ်အလိုကျ
ငါက
လှုပ်ရှား ပျော်ဝင်တတ်ခဲ့သူ
မင်း ပြုံးရင်ပျော်
မင်း ငိုရင်ဝမ်းနဲ
မင်း စိတ်အစဉ်ကို အရိပ်လိုမလွဲ
ခံစားချက်တို့ ထပ်တူကျမြဲ
နောက်ဆုံး ထွက်သက်အထိလဲ
ငါက
(အဆိုးအကောင်းမှန်သမျှ)
မျှဝေ ခံစားချင်ခဲ့တဲ့သူ
တကယ်ဆို ငါက
မင်း အမိန့်တော်တစ်ခုထဲ
နာခံ သက်ဆင်း
မင်း ခြေရင်းမှာ
ကျေးကျွန်တစ်ယောက်လို
ထာဝရ ခစားချင်ခဲ့တဲ့သူပါ
(ဆရာမလွန်းထားထားရဲ့ ၀တ္ထုခေါင်းစဉ်လေး နှစ်သက်မိလို့ ၊ တိုက်ဆိုင်သွားလို့ ထပ်တူပေးဖြစ်ပါတယ်.......နောက်ပြီး ဒီကဗျာလေးကလဲ ဆရာမ၀တ္ထုကို ပြန်ရိုက်ထားတဲ့
ဇာတ်ကားလေးကိုကြည့်ပြီး ခံစားမိတာလေးကို ကဗျာရေးထားတာမို့ မိုးနတ်မလွန်ဘူးထင်ပါရဲ့..
ဇာတ်ကားလေးကလဲ ကောင်းတယ်......အဲ့ဇာတ်ကားမှာ နောက်ခံသုံးထားတဲ့ သီချင်းလေးကလဲ
တိုက်ဆိုင်မှုရှိပြီး ဇာတ်ကားကို ပိုလို့အသက်ဝင်စေတယ်... “အမိန့်” တဲ့.........
အားလုံးပဲသိကြမှာပါ....မိုးနတ်တို့ ခပ်ငယ်ငယ်က ကိုဇော်ပိုင်ရဲ့ ပထမဆုံး ထွက်တဲ့ခွေထဲမှာပါပါတယ်...
ဟိုးငယ်ငယ်တုန်းကတော့ ဖေကြီးတို့ခေတ်မှာ ဦးကျော်(ကျော်ဟိန်း)
ဆိုတဲ့ သီချင်းပါ.....သူ့သီချင်းပေါ့...အိမ်မှာတော့ ဖေကြီးဖွင့်လို့ မိုးနတ်ငယ်ငယ်ကတည်းက နားထောင်ရပါတယ်........ခု ကြီးမှ ပြန်နားထောင်တော့ သိပ်ကောင်းတာပဲလို့ ခံစားရတယ်......
အထူးသဖြင့် မိုးနတ်တို့လို ရင်ဘတ်ထဲက စာလုံးတွေကို ချပြီးစီနေတဲ့သူတွေအတွက်ပေါ့.....
အစကတော့ အဲ့သီချင်းလေးပါတင်ပေးမလို့ပါ......တော်တော်ဆိုးဆိုးးးးးးးးးးးးးး
လိုင်းတွေက ဘယ်လိုမှကိုမကောင်းလို့ လက်လျှော့လိုက်ရတယ်.......အဲလို အဲလို :(((
မိုးများဖြစ်ထွန်း
ReplyDeleteနတ်တို့သွန်းပြီး
ကြယ်ညွန်းစေရာ
စင်ကြယ်စွာဖြင့်။
ကဗျာတွေရေး
ရင်ဖွင့်ဆွေးသည်
မိန့်ပေးသူမှာ
စေညွန်ရာစေ။
တနေအ၀င်
ကဗျာစဉ်ဖြင့်
ကွန်မင့်ကိုပေး
သူကြီးပြေးပြီ။း)
ဟာ မိုးနတ်ကလည်း အဲလောက်ထိ သူ ခိုင်းတာ မလုပ်ရဘူးလေ။ (မှတ်ချက် မိုးနတ်ကို သူ အနိုင်ကျင့်မှာစိုးလို့ သို့မဟုတ် ပင်ပန်းနေမှာစိုးလို့ ပြောလိုက်ခြင်း ဖြစ်သည်)
ReplyDeleteသံသာဝင်းလား ဘူလည်း တိဝူးးးးးးးးးးးးဆိုထားတာလေ............... မင်းအနားမှာ ခစားပါရစေသား....ကြင်နာစွာမြောက်စား......ကိုယ့်ရဲ့ရှင်ဘုရင်လေးဟာ........(တကယ်ရှေ့ဆက်မရတော့ဝူး..............ကိုယ့်ဘာသာကိုယ် ပြီးအောင် ဆိုသွားနော်..........)
ကွန်မင့်ကိုပေး
ဘုန်းတောက်ပြေးပြီ
မိုးနတ်ရေ ကဗျာလေးဖတ်ပြီခံစားချက်တူသွားတာပို့ 
ReplyDeleteညလေးရဲ့ခံစားချက်နဲ့တိုက်ဆိုင်သော ကဗျာလေး ... ဒါနဲ့လေ စကားမစပ် ''အမိန့်''သီချင်းလေးကို ညလေးလည်း သိပ်ကြိုက်တာ သိလား မမ ... :)
ReplyDeleteဟိုလူကြီးးးးးးး (သူကြီးမင်း)
ReplyDeleteပြောချင်ရာ ပြောပြီး အဲလိုထွက်ပြေးလို့ ရမလားးးးးး
နေအုံး မိအောင်လိုက်ဖမ်းအုံးမယ် :P
ဟွန်းးးးးးးးးးးးး
ဘုန်းတောက်လဲ သူကြီးနဲ့ အတော်အတိုင်အဖောက်ညီပါ့.....
ဒါပေမဲ့ မိုးနတ်အဲ့သီချင်းရဘူးးးးးးးးးး
ဘုန်းတောက်ပဲ မရရသရွေ့ဆက်ဆိုပြ :)
(မှတ်ချက် ။ ။ ဘုန်းတောက်ရဲ့ တုနှိုင်းမရ ချိုသာလှပါသော
အသံကို နားသောတ ဆင်လိုပါသောကြောင့် :P)
ဟုတ် မမလမင်းးးးးးးးး (ချစ်စံအိမ်)
အင်းးးးးးးးးးးး
အတူတူပါပဲဟာာာာာာာာာာ
မိုးနတ်လဲ သိပ်ကြိုက်ပါတယ် မိုးညရယ် :))) (မိုးညချမ်း)
မိုးနတ်မလွန်ပါဘူး ကဗျာကောင်းလေးဖတ်သွားတယ်
ReplyDeleteတဂျီးမင်းတို့တော်ပုံများ ကလောင်တစ်ချက် ကဗျာတစ်ရွက်ပါလား။
ဘုန်းဘုန်းတောက်ပြောသလို အဲ့လောက်ကြီးတော့ မချစ်နဲ့ပေါ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သူကြီးထွက်ပြေး
ReplyDeleteသိပ်မဝေးနိုင်
သူ့ချည်တိုင်မှာ ရှိလိမ့်မည်...
မန်ယူပွဲမှာ ဖမ်းနိုင်သည်...
ဘုန်းဘုန်းတောက်လဲ
ထပ်တူဘဲမို့
မီးဖိုထဲမှာ ရှိလိမ့်မည်...
ကိုယ်တော်များတွက် ဆွမ်းချက်သည်...
အပေါ်ကနှစ်ယောက် ပြန်မလာပါစေနဲ့...ကဗျာမြင်သွားမှာစိုးလို့း)
ဇာတ်ကားလဲ မသိ၊ လွန်းထားထား ၀တ္ထုလဲ မသိပါဘူး
ReplyDeleteဒါပေမယ့် ကဗျာလေးကိုတော့ ဖတ်ရှုခံစားသွားကြောင်းပါ မိုးနတ်ရေ
ကဗျာလေး ဖတ်လို့ကောင်းပါတယ် sis ရေ.. အပြင်မှာတော့ အဲ့လို မချစ်နဲ့နော်.. အလယ်အလတ်လမ်းစဉ်ပဲ ကောင်းပါတယ်လေ...း)
ReplyDeleteကဗျာလေးကိုလဲကြိုက်တယ်..
ReplyDeleteအောက်ကကွန့်မန့်ပေးသွားတာတွေလဲမိုက်တယ်..း)
အသူဆိုအဲ့လောက်ချစ်တတ်ပါ့မလား။ခုတလောသူများတွေချစ်နိုင်တာတွေမြင်ပြီး ကိုယ့်ဘာသာကိုယ်တောင် အားငယ်လာတယ်။ချစ်သူ့ကို သိပ်မချစ်တတ်သေးလို့ :D
♫♫အမိန့်မလွန်ဆန်ဝံ့ဘူး...အာဏာပြင်းလွန်းတဲ့အမိန့်..♫♫
ဦးကျော်ဆိုကတည်းက ဒီသီချင်းကိုသိပ်သိပ်ကြိုက် :P
ဟုတ်တယ် တီတင့်ရေ....
ReplyDeleteအဲ့တဂျီးမင်းတော့ မိုးနတ်ဖြင့်နာလိုဘူးရှင်...:(
အို မပူပါလေနဲ့ မစ်စတာဟန်ကြည် ( ဦးဟန်ကြည် )
မိမိုးနတ်က အဲ့နှစ်ယောက်လုံး မြင်အောင်ကို
တကူးတက ခေါ်ပြအုံးမှာ စိတ်သာချနေ ဟိ :)
အမ် မင်း ကလဲ ( မင်းအရိပ် )
ဟုတ်...ဘာပဲဖြစ်ဖြစ်ကျေးဇူးပါဟယ်...:)
ဟုတ်ကဲ့ပါ မမ witch ရေ....
မိမိုးနတ်လဲ အလယ်အလတ်လမ်းစဉ်ပဲ
လိုက်ဖို့ စဉ်းစားထားပါတယ် :)
( အသူ )
အို ဒါများ အားငယ်စရာလား အသူရယ်
ချစ်သာချစ်ပစ်လိုက် ကျန်တာနောက်မှ ကြည့်ရှင်းးးးးးးး
ဟီးးးးးးး အသူ့ကို အချွန်နဲ့ မနေတာ မနေတာ :P
အင်းးးးးးးးးးးးး
မိုးနတ်လဲ အဲ့သီချင်း ခုတလော သိပ်ကိုဓါတ်ကျနေတယ်..:)
အမေပြောသလို ရောဂါတွေက တစ်မျိုးပြီး တစ်မျိုးးးးးးး
မိုးနတ်...ရေ
ReplyDeleteကဗျာလေးမှာပဲထားနော်အပြင်မှအဲလိုလုပ်၇ဘူး...
မိုးနတ်ရေ. မင်းအရိပ်ပြောသလိုပဲ..ဇာတ်ကားလဲမသိဘူး. ၀တ္ထုလည်း မသိဘူး.. ဒါပေမယ့် ကဗျာလေးကတော့ ဘယ်လိုရေးရေးကောင်းပြီးသား. :) အားပေးသွားတယ်နော် :-*
ReplyDeleteခပ်တုံးတုံးလို့ပြောလဲခံမယ်ညလေး။ အစ်မလဲ ဇာတ်ကားရော ၀တ္ထုရော သိဘူး။ ဒါပေမယ့် ကဗျာကိုတော့ အားရပါးရခံစားသွားတယ်ညလေး။
ReplyDeleteဟုတ်ကဲ့ပါ နှင်းဆီလေးရေ * နှင်းဆီအေးမောင် *
ReplyDeleteစနိုးက အဲလိုအဲလို အားပေးတာ ဟိ * စနိုးမေ *
အမ် ဒါဆို မိုးနတ်တစ်ယောက်ထဲပဲ အဲ့ကားကို
ကြည့်ဖူးတာများလားးးးးးးးးး အဲလိုလဲဟုတ်လောက်ဝူးးးးး
ဘာလို့ဆို မိုးနတ်လဲ ဟိုရက်က စိတ်လေနေလို့
ပျင်းပျင်းရှိတာနဲ့ မြန်မာကားတွေ ငှားကြည့်တာ..
အာ့ကြောင့် သိတာဖြစ်မယ်နော် မ * မမရိုးမြေကျ *
ကဗျာရော ကော့မက်တွေရော ကောင်း၏။ အလုပ်တွေများနေလို့ အများတွေလုပ်နေတဲ့
ReplyDeleteစာဖတ်တဲ့ဘက်တောင် မလုပ်နိုင်ဘူးဖြစ်နေတယ် ။လာရောက်တာ နောက်ကျလို့ စိတ်မဆိုးပါနဲ့ ညလေးရေ ။
ဟင့်အင်းးးးးးးးး
Deleteရဘူး ရဘူးးးးးးးးး
အားကြီးချိတ်ချိုးဒယ်နော် ချစ်ကိုကြီးးးးးးးးးး :P
နေတော့ကောင်းတယ်မဟုတ်လား အကိုရေ...
လူပဲ မအားတာဖြစ်မယ်..ကျန်းမာရေးကို
အထူးဂရုစိုက်ပါနော်...ချစ်မကြီးကိုလဲ
သေချာဂရုစိုက်ပါနော်...ချစ်ကိုကြီးနဲ့
ချစ်မကြီး နှစ်ယောက်စလုံးကို အရမ်း
သတိရနေပါတယ် :))) * အကိုလွင်ပြင်လှိုင်းငယ် *
တကယ်ဆို ငါက
ReplyDeleteမင်း အမိန့်တော်တစ်ခုထဲ
နာခံ သက်ဆင်း
မင်း ခြေရင်းမှာ
ကျေးကျွန်တစ်ယောက်လို
ထာဝရ ခစားချင်ခဲ့တဲ့သူပါး)(တစုံတစ်ယောက်အပေါ် ဒီလိုဖြစ်နေပြီဆို ရှုံးပြီလားမသိ)
ဟုတ်ကဲ့ပါ ..အဲ့လောက် အများကြီး မရှင်းပြပါနဲ့ ..သိပါတယ် ..သိပါတယ် :P :P
ReplyDeleteစကားမစပ် ကောင်းတယ်နော် ကဗျာလေးက :) :)
မှန်တာပေါ့ မ ရယ် * ရည်ဝေ(ရေနံ့သာသူ) *
ReplyDeleteမိုးနတ်တော့ အဆုံးမှာ မရှုံးချင်ဘူးးးးးးးးး
အနိုင်လိုချင်သလားဆိုတော့လဲ မဟုတ်ပြန်ဘူးးးးးး
တခါတခါ ကိုယ့်စိတ်ဟာ ထူးဆန်းတယ်...
ကိုယ့်ကိုယ်တောင် နားမလည်မိဘူးးးးးးးးးးး :(
ဟင့်အင်းးးးးးးးးးး
ရဘူး ရဘူးးးးးးး ရှင်းပြမှာပဲ မီးက
ရှင်းပြချင်လို့ပါဆိုနေ * မမထရီဆာ * ကလဲ :P
အချစ်ရဲ့ကျေးကျွန်ဆိုတာ ဒါပဲနေမှာ....။ သူ့ဆီမှာ ကျွန်ခံတာမဟုတ်ဘူး။ အချစ်ဆီမှာ ကျွန်ခံတာလေနော့်...။ အားပေးသွားပါတယ်။ :)
ReplyDeleteအမှန်ပါပဲ လောင်စာရေ.....
ReplyDeleteများများချစ်ရင် များများရှုံးတယ်ဆိုတာလေ :((
ဟားးးးးးးးးးးးး မမရေ
ReplyDeleteအခုတလောလေ နွယ် ဖတ်မိတဲ့ ကဗျာတိုင်းက
ဘာကြောင့်များ နွယ်နဲ့ ခံစားချက်တွေ တိုင်ဆိုင်နေတာလဲ မသိဘူးနော်...
ချစ်မိသူသာ အရှုံးပါဘဲ ....
အားပေးခဲ့ပါတယ် မမ...
ဟုတ်ကဲ့ပါ နွယ်လေးရေ...
ReplyDeleteကဗျာလေးလာအားပေးလို့
ကျေးဇူးကုဋေကဋာပါနော် :)))