ပိတောက် တစ်ဖက်
စိန်ပန်း တစ်ဖက်ရယ်နဲ့
ပန်းတော်ဆက်ရန်
မလေး ခင့်ဆီ ကိုယ်ရောက်ခဲ့တယ်
သြော် မျက်နှာငယ်ငယ်
သူ့မှာလေ စိန်ပန်းရယ်မို့
ပိတောက်နဲ့ ပြိုင်
ဘယ်အခါ မနိုင်ခဲ့ပေမဲ့
အကြင်နာ ညွှတ်တိမ်း
မစိမ်းနဲ့ ခင်ရေ
ယိမ်းနွဲ့ကာ ခင့်သဘောထား
စိန်ပန်းအပေါ်များ
တိမ်းညွှတ်လေမလား
ကိုယ့် ဆုတောင်းက
မပြည့်ခဲ့ပါဘူး
စိမ်းရက်သူ ခင်ရေ
စိတ်ကြိုက်သာ ပြုစေတော့ကွယ်
စိန်ပန်းကို ပစ်ပယ်
ပိတောက်ကို ရွေးချယ်
သူ့ကေသာဦးဝယ်
ကြည်ဖြူစွာ ဆင်မြန်းလိုက်တယ်
တစ်နှစ်မှာ တစ်ခါသာ
ပွင့်တဲ့ ပန်းမို့တဲ့ကွယ်
တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် (ဟီး ဆိုင်လား တိဝူး)
ReplyDeleteစိန်ပန်းက ပေါတာကိုး... ပေါများလွန်းရင် လွယ်လွယ်နဲ့ရရင် တန်ဖိုးနည်းသွားတတ်တယ်။ ( ကဗျာလေး ဖတ်လို့ကောင်းပါ၏။)
ReplyDeleteတစ်နှစ်တစ်ယောက်တော့ရောက်လာမယ် မိန်းမချောလေးရယ် :D
ReplyDeleteAhthu
ကဲ ဒီကောင်မလေး သင်္ကြန်ဘာလုပ်မှာလဲ။ ဆေးရောသောက်ဖြစ်လားဟင်ညလေး
ReplyDeletenice poem
ReplyDeleteယိမ်းနွဲ့ကာတီးကွတ်နဲ့အတူကစဉ်...လက်ခုပ်သံစီးချက်လိုက်မှာလား..........;D
ReplyDeleteသယ်ရင်းေ၇နေလို့မကောင်းတာလား အလုပ်မအားတာလားပျောက်ချက်ကောင်းနေတယ်နော်
ReplyDeleteပိတောက် တစ်ဖက်
စိန်ပန်း တစ်ဖက်ရယ်နဲ့
ပန်းတော်ဆက်ရန်
မလေး ခင့်ဆီ ကိုယ်ရောက်ခဲ့တယ်
သြော် မျက်နှာငယ်ငယ်
သူ့မှာလေ စိန်ပန်းရယ်မို့
အားပေးသွားပါတယ်နော် မမမိုး သင်္ကြန်မိုးတွေလည်း ရွာနေပါပြီနော်
ကဗျာလှလှလေးကို မျှဝေခံစားခဲ့ါတယ် ညီမလေး။
ReplyDeleteမျက်နှငယ်တဲ့ စိန်ပန်းလေးကိုပဲကြိုက်တယ်
ReplyDeleteမိုးနတ်...ရေ...
ပိတောက်လမ်းပေါ်က စိန်ပန်းရဲ့အဖြစ် ကျွန်တော်တွက်စစ်သွားတယ် အခါခါပယ်မိတဲ့ပန်း အခုတော့ နွမ်းရှာပြီ။
ReplyDeleteစိန်ပန်းကိုကြိုက်တယ်
ReplyDelete