ည ......
လေပြေတွေ ဆော့ပြေး
အဖော်ဝေးတဲ့ ဒီလိုည .....
တိမ်ညိုတွေ အကွယ်ကနေ
တိုး တိုး ဖွ ဖွ .......
ရိုးတိုးရွတ ဖြစ်အောင်
ငါ့ စိတ်ကို လာလာ ကလိတယ်
အို .......
ရင်ခုန်လိုက်ရပါဘိ အမိရယ် ....
ကြည့်တယ် ...... သူလေ လူကို
ကလူသလိုလို မြူသလိုလို
ပြိုး ပြိုး ပြက် ပြက် ......
လိုးလိုးလက်လက် သူ့ရောင်စဉ်တန်းတွေက
ငါ့ ကိုယ်ပေါ်ကို ရွှန်းရွှန်းစက်စက် .....
လှရက်လေခြင်း လမင်းရယ် ......
ညခင်းဝယ် ဖြူလွလွ သူ့အဆင်း ......
ငါ ငြင်းလို့ မရအောင်
ဆွဲဆောင်နေလိုက်တဲ့ ဖြစ်ချင်း ......
မင်းအတွက်ဆိုရင် ကြယ်စင်တွေကို
အဖော်အဖြစ်နဲ့ ခူးဆွတ်ပေးချင်မိရဲ့ .......
သြော် ....... ငါ့မှာတော့
ပါဏာတိပါတာ ကံကိုတောင်
ကျူးလွန်ရဖို့ ၀န်မလေးမိဘူးကွဲ့ .......
သွဲ့ သွဲ့ နွဲ့ နွဲ့ ...... မင်းရဲ့အလင်း....
လူအလစ်မှာ ခိုးနမ်းချင်အောင်
ဖမ်း စား ကျီ စယ် လမင်းရယ် .....
ရှောင်ပြေးမယ် ဘယ်အခါ စိတ်မကူး
ရူးတဲ့ ဒီလူမှာ သေအံ့မူးမူး .....
ဝေဒနာဆူး စူးနေတဲ့ ဒီညအတွက်တော့
ရှိန်း ရှိန်း မြ မြ ........
ဝင်း ၀င်း ပ ပ ......
မင်းဟာ
ငါ့ကောင်းကင်မှာ သာတဲ့လ .......
ညဖက်တွေမှာ ကောင်းကင်ကြီးကိုလည်းကြည့်ဖူးပါရဲ့...
ReplyDeleteလေပြေလေညှင်းလေးတွေရဲ့ အရသာကိုလည်းခံစားခဲ့ဖူးပါရဲ့...
ညရဲ့ကောင်းကင်တစ်ခွင်မှာ တိမ်မည်းညိုတွေမှိုင်းနေတာကိုလည်းကြုံခဲ့ဖူးပါရဲ့....
ကြည်လင်းဝင်ပအေးမြလှတဲ့ သော်တာ လ ရိပ်ကိုလည်း ခိုလှုံဖူးပါရဲ့....
သို့သော် ကဗျာတစ်ပုဒ်တော့မဖြစ်ခဲ့ပါဘူး ညီမလေးရေ...
ကဗျာလေးကိုနှစ်သက်စွာအားပေးသွားပါတယ်...
ခင်မင်စွာဖြင့်
ရာဇာထွေး
ပေးခဲ့ပါတယ်
လန်းထှာ
ReplyDeleteမည်သို့မည်ပုံရေးလိုက်သည်မသိ၊ ကဗျာလေးကတော့ လန်းပါ၏။
:D
ညလေးညလေး ပါဏတိပါတာကံတော့ မကျူးလွန်နဲ့နော်။ ရိုက်မယ်။
ReplyDeleteရှိန်း ရှိန်း မြ မြ ........
ဝင်း ၀င်း ပ ပ ......
မင်းဟာ
ငါ့ကောင်းကင်မှာ သာတဲ့လ .......
မမတို့ရော ညလေးကောင်းကင်က လကို မြင်လို့ရလား
ညလေးညလေး ပါဏတိပါတာကံတော့ မကျူးလွန်နဲ့နော်။ ရိုက်မယ်။
ReplyDeleteရှိန်း ရှိန်း မြ မြ ........
ဝင်း ၀င်း ပ ပ ......
မင်းဟာ
ငါ့ကောင်းကင်မှာ သာတဲ့လ .......
မမတို့ရော ညလေးကောင်းကင်က လကို မြင်လို့ရလား
ကဗျာရေးပုံလေးက သွက်တယ်..။ ရေးတတ်လိုက်တာ ..။
ReplyDeleteကဗျာချိုချိုလေးကို မမြတ် ခံစားသွားခဲ့တယ်နော်။
ReplyDeleteမဂျက်ရဲ့ကောင်းကင်မှာလဲ လ သာနေပြီမိုးနတ်ရေ
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေး ဗျာ...... ခံစားလို့တော့ရပါရဲ့...... ဒါပေမဲ့ တိမ်လိုလို လမင်းလိုလိုနဲ့ သိပ်တော့မရှင်းဘူး...... အားတော့ ပေးသွားတယ်နော်။ ဆက်ကြိုးစားထား ၊ ကဗျာတွေရေးရင်းနဲ့ ငိုနေလားမသိဘူး ..... မငိုကြေး ......
ReplyDeleteမိုးနတ်ရေ မယွန်း အလည်လာရင်း
ReplyDeleteကဗျာလေးတွေခံစားဖတ်ရှုသွားပါတယ်
ခင်မင်တဲ့
ယွန်းငယ်
ကောင်းလိုက်တဲ့ကဗျာလေး
ReplyDeleteကောင်းတယ်ဗျာ good
ReplyDelete