ကြိုးကြာသို့ အလွမ်း
အလွမ်း (၁)
မင်းကို သတိရမိတယ် ကြိုးကြာ.......
ကိုယ် မင်းကို သတိရမိတယ်.....
ငှက်ငွေပြာတွေ ရေဇလာပေါ်မှာ
တောင်ပံခတ်သံကြားတိုင်း......
လှုပ်ခတ်လာတဲ့ ရင်တွင်းဝေဒနာဟာ
ရင့်မှည့်သထက် ရင့်မှည့်လို့.....
ဟိုအဝေး မိုးကောင်းကင်ထက်မှာ
ကြိုးကြာငှက်တွေ ပျံသန်းသွားတိုင်းလဲ
ကြိုးကြာများ ကိုယ့်ဆီပြန်လာမလားလို့
ကိုယ်တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်.....
ဘာကြောင့်လဲ.......
ကိုယ်စီ ကိုယ်စီ
နှလုံးသားက ဆန္ဒတွေ ပွင့်အာ
တားမြစ်လို့ မရစကောင်းတဲ့
အချစ် ဆိုတဲ့ အရာ
ကိုယ်တို့ကြားမှာ လှပစွာ
ပေါက်ဖွားခဲ့ပြီးမှ......
ကြိုးကြာ တစ်ကောင်လို
ကိုယ်နဲ့ အဝေးကြီးကို
မင်းမို့ ထွက်သွားရက်တယ်......
တောင်းပန်ပါတယ် ကြိုးကြာရယ်......
အလွမ်း ဆိုတဲ့ ဘာသာဗေဒကို
စာနာ နားလည်တတ်အောင်
ကိုယ်နဲ့အတူ မျှဝေခံစားကြည့်လှည့်ပါ......
နောက်ဆို ကိုယ့်ကို အဲလို
ဘာမပြော ညာမပြော
မထားခဲ့ပါနဲ့ ကြိုးကြာ.......
တိုးလာတဲ့ ဝေဒနာဟာ
အလွမ်းများနဲ့ ညစဉ်ခါးသက်
ပြဿဒါး ရက်မှာမှ
ညတွေ တအားနက်
ဖြေသာစရာ ဆေးကမရှိဘူး.......
ဟူးးးးးး ရင်မောရပါဘိ ကြိုးကြာရယ်......
အလွမ်း (၂)
ငါတို့အိမ်ရှေ့က စံပယ်ပန်းရုံလေးထက်မှာ
နင်သိပ်ချစ်တဲ့ စံပယ်ပန်းဖြူဖြူလေးတွေ
မဝေတော့ဘူး ကြိုးကြာ.......
နင်မြတ်နိုးတတ်တဲ့ တောင်ဇလပ်နီနီလေးတွေလဲ
နင့်ကို လွမ်းလို့ ငိုနေကြတယ်.......
တခါက လှပတဲ့
တောင်ပေါ်လမ်းလေးလဲ
ရွက်ကြွေတောထဲမှာ
လွမ်းဆွေးခြင်းတွေနဲ့ ခြောက်သွေ့လို့.....
နွေရဲ့ နောက်ဆုံးနေ့ရက်တွေအထိ
အထီးကျန်လွန်းစွာ အသက်မဲ့နေခဲ့တယ်.....
ငါ ....... ငါလဲ
မိုးနဲ့ အတူ
နင်ပြန်လာမဲ့ ရက်တို့ကို
လက်ချိုးလို့ ရေတွက်ရင်း
စောင့်လို့နေမိတယ်......
သိပ်ချစ်ရတဲ့ ငှက်ငွေပြာငယ်
မျှော်နေတဲ့ ငါ့ဆီကို
ပြန်လာခဲ့ပါတော့လား ကြိုးကြာရယ်.......
