Showing posts with label “မ” ကဗျာများ. Show all posts
Showing posts with label “မ” ကဗျာများ. Show all posts

Sunday, June 10, 2012

မ......
ညညဆို အိပ်မက်မှာအလည်လာ......
သန်းခေါင်ယံကျမှ ကိုယ်ထင်ပြတတ်တဲ့ မကို...
တဘ၀လုံး ကျွန်တော့်နှလုံးသားကို အပ်နှင်း....
ဆယ်စုနှစ်များစွာကို မ နဲ့အတူတူ
ဖြတ်သန်းခွင့်ရချင်တယ်........
ကျွန်တော့် ဆန္ဒတွေ ဘယ်တော့များမှ
လက်တွေ့ဖြစ်လာမှာလဲ မသိဘူး.....
မ.......
မက ခေါင်းငြိမ့်ဆို ခေါင်းငြိမ့်.......
မက ဒူးထောက်ဆို ဒူးထောက်.....
အရာရာကို  မစိတ်တိုင်းကျ
ဖြည့်ဆည်းပေးခဲ့တဲ့ ကျွန်တော်
ဘယ်တော့များမှ မမျက်နှာကို
မော်ဖူးခွင့်ရပါ့မလဲ မသိဘူး........
မ.......
မနက်ဖြန်ဆို “Valentine Day” တဲ့
သူငယ်ချင်းက ပြောတယ်လေ......
ကောင်မလေးနဲ့ အတူတူလျှောက်လည်မလို့တဲ့..
ပျော်စရာကောင်းလိုက်တာနော် မရယ်......
ကျွန်တော်လဲလေ မနဲ့ နှစ်ကိုယ်တူ......
ဘယ်တော့များမှ  အဲလို.....
ကြည်နူးခွင့်ရပါ့မလဲ မသိဘူး....
မ.....
ကျွန်တော် လောဘကြီးသလိုများ
ဖြစ်နေပြီလားဟင်.......?
ဒါမှမဟုတ်..“.မ”ကပဲ
မကြင်နာတတ်ခဲ့တာလား....?
တကယ်ဆို .....မရယ်.....
ကျွန်တော်က“ မ”သဘောနဲ့
အသက်ရှင်နေမိတဲ့သူပါဗျာ.......
ကျွန်တော့်ဘ၀ရဲ့ နာရီ..မိနစ်..စက္ကန့်တိုင်းကိုလဲ
“မ” ကသာ ပိုင်တာပါ........
ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လို့
ပင်လယ်ပြင်ကိုပဲ လက်ပစ်ကူးခိုင်းကူးခိုင်း
အရာရာကို “မ” စိတ်တိုင်းကျဖြစ်ရစေမှာပါ.....
ကျွန်တော် “မ” ကို အဲဒိလောက်တောင်ချစ်တယ်..
“မ”ရယ် အဲဒါကို “မ” နဲနဲလေးမှတောင်
မခံစားမိဘူးလား ?.....

Wednesday, May 23, 2012

အချစ်ဆုံး “မ”

ကြည်လင်စွာပြုံးနေတတ်တဲ့  “မ” မျက်ဝန်းတွေ 
ကျွန်တော့်အတွက်တော့ အနာဂတ်တစ်ခုလိုပါပဲလေ ။
ချိုသာတဲ့စကားတို့ကို  “မ” ကဆိုလာတဲ့အခါ
ကျွန်တော် “မ” ကိုဆက်ပြီး မငြင်းနိုင်တော့ပါ ။
ကျွန်တော်မျှော်လင့်စွာ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေ 
လက်တွေ့မှာဖြစ်လာခဲ့ရင် ကောင်းမယ် “မ” ရေ....
အိပ်မက်ထဲမှာ “မ” နံမည်ကို ယောင်ခေါ်ရတာအမော
ဒါတွေကို စာနာတတ်စွာ “မ” ကသိပါတော့ ။

Sunday, May 20, 2012

ခြေသဲနီ၊ လက်သဲနီ၊ နှုတ်ခမ်းနီ
မဆိုးတတ်တဲ့ “မ” ကိုကျွန်တော်ချစ်တယ် ။
ဘာမှပြင်ဆင်မထားတဲ့ “မ” ရဲ့အလှဟာ
ကောင်းကင်ဘုံက နတ်သမီးတစ်ပါးပါပဲ ။
သဘာဝက ပေးထားတဲ့ အလှတရားတွေနဲ့
ပြီးပြည့်စုံနေတဲ့ “မ”
ဆုတောင်းတိုင်း ပြည့်ခဲ့လို့
လှချင်တိုင်းလှနေတော့...
ကျွန်တော်သာ ညည ငုတ်တုတ်မေ့
အိပ်ရေးပျက်ရတယ် ။
အိပ်မပျော်တိုင်းလဲ “မ”အကြောင်းကိုပဲ
အတွေးနယ်ချဲ့မိတယ် ။
သြော်..“မ” ရယ်..“ချစ်တယ်”...။
လူတိုင်းပြောနေကျ အရိုးရှင်းဆုံး
စကားလေး တစ်ခွန်းကိုပဲ
ကျွန်တော့ရင်ထဲက ...
ထပ်ခါထပ်ခါ ပြောနေမိတော့တယ် ။
ကျွန်တော့ဆန္ဒကို ဖွင့်ဟမိတဲ့နေ့မှာ
“မ” ကျွန်တော့ကို
မုန်းသွားမှာကိုလဲ စိုးမိတယ် ။