ရေးလိုက်ရပါသည် ၊သို့ပေသိ... အခါလွန်မိုးကြီးဖြစ်နေပြီထင်ရဲ့...:(
အကြောင်းမူ ၀ိုင်းထဲက တခြားလူတွေအားလုံး ရေးပြီးနေကြပြီမို့
မိမိုးနတ်တစ်ယောက်သာ ရေးဖို့ကျန်တော့တာမို့ပါ......
အချိန်ကလဲ ၂၀၁၃ ကို နေ့ရက်အချို့တောင်ဖြတ်သန်း
ဝင်ရောက်နေပြီ ဖြစ်လို့ မိမိုးနတ်ရဲ့ အခါလွန်ပို့စ်ကို
သီးခံပြီးပဲ ဖတ်ပေးကြပါအုံးလားရှင်.......
ဆိုတော့ကာ ၂၀၁၂ ဟာ မိုးနတ်အတွက်
ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ........
နှစ်စစချင်း (၁) လပိုင်းမှာပဲ မိုးနတ်ရဲ့ ရင်ခုန်ဘက်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်.....၊ မိုးနတ်အပေါ် သိပ်ကိုကောင်းတဲ့ လူတစ်ယောက်ပါ....၊ ထူးဆန်းတယ်နော်.....
ဘ၀မှာ အချစ်ဟာ လေးပုံတစ်ပုံလောက်ပဲ အရေးပါတယ်လို့ ထင်မြင်ယူဆထားတဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ အချစ်က
ဘ၀ရဲ့ ၁၀၀ ရာခိုင်နှုန်း အားလုံးကို အရေးပါတယ်တဲ့....
ပြောင်းလဲသွားလိုက်တာနော်.....ပြောင်းလဲမယ်ဆိုလဲ
ပြောင်းလဲချင်စရာပါ......လူတစ်ယောက်ရဲ့
အချစ်က မိုးနတ်ကို တကယ်ပဲပြောင်းလဲစေခဲ့တယ်.....
ပြီးတော့ အဲဒိလို တန်ဖိုးထားရတဲ့ ချစ်ခြင်းလေး မိုးနတ်ရဲ့ဘ၀မှာ
ထာဝရတည်မြဲနေလိမ့်မယ်လို့လဲ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့........................................:(
(ဆက်ပြောရင် စိတ်မကောင်းဖြစ်စရာတွေပဲ ပြောမိတော့မှာမို့
ဒီမှာပဲ တစ်ခန်းရပ်လိုက်ပါစေတော့) မိုးနတ်ရဲ့ နှလုံးသားရေးရာ ကိစ္စတစ်ချို့ကို ဘလော့ဂါမောင်နှမတွေအားလုံးလဲ အတော်အတန်သိပြီးဖြစ်နေလို့ပါ........
သင်္ကြန်ဟာ ဒီလိုပဲ မိုးနတ်ကို သူလိုငါလို ဖြတ်သန်းစေခဲ့တယ်..... ထူးခြားတာက အကြတ်၂ရက်ဆိုတော့ မိမိုးနတ်တို့ အားရပါးရနဲ့
အသားကုန်ကဲပေါ့.....( အဲလိုထင်လား ) ဟွန့်..... တစ်ရက်မှကို မကဲလိုက်ရဘူး ပြန်ပြောရင် စိတ်နာတယ် တကယ်ကြီး....:(
မေလကတော့ ထူးခြားတယ်ရှင့်........
မိုးနတ်ရဲ့ ဘလော့လေး စတင်မွေးဖွားဖြစ်ခဲ့တဲ့
လလေးဖြစ်သလို အိမ်လေးကိုလဲ စီနီယာဘလော့ဂါ
မောင်နှမများနဲ့ မိတ်ဆက်ပေးခွင့်ရခဲ့တဲ့လလေးပါ......
နွေးထွေးတဲ့ လူမှု အသိုင်းအ၀ိုင်းလေးထဲကို ရောက်မှန်းမသိ
ရောက်သွားတယ် ..၊ အားလုံးရဲ့ ချစ်ချစ်ခင်ခင် လက်တွဲခေါ်ယူ
မှုကြောင့် မိုးနတ်ရဲ့အိမ်လေး ခုလိုအချိန်ထိ ရပ်တည်နေနိုင်တာပါ....
ဘလော့ဂါမောင်နှမများအားလုံးကို မိုးနတ်အရမ်းချစ်ပါတယ်....
ကျေးဇူးလဲ အရမ်းတင်ပါတယ်..တစ်နှစ်ပြည့်ကျမှ အမှတ်တရ
ပို့စ်လေး ရေးပြီးတင်ပေးမယ်နော်.......:)
အင်း.....နောက်တော့လဲ ထွေထွေထူးထူးရယ်လို့ သိပ်မရှိပါဘူးရှင်.....
သီတင်းကျွတ် တန်ဆောင်တိုင်ရက်များမှာ မိုးနတ်ဟာအများနည်းတူ
ပေါ့ပါးစွာပဲ ပျော်ဝင်စီးမြောခဲ့ပါတယ် ၊ တခုတော့ရှိတယ် ....
တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ဖြစ်အောင်
သွားလည်မယ်လို့ မှန်းထားတာ...မှန်းချက်က နှမ်းထွက်ခဲ့ရပေါ့....:(
ဒါပေမဲ့ လက်လျှော့မယ် မထင်လိုက်နဲ့နော်..........
၂၀၁၃ ခုနှစ်ရဲ့ important trip ထဲမှာ ထိပ်ဆုံးက ပါနေတယ်ရှင့်......
ကျန်းမာရေးကတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ပါဘူး....
နှာစေးချာင်းဆိုးလောက်ကလွဲရင် အားလုံး Good !
( Nothing Special )
လူမှုရေး..၊ စီးပွားရေးလား......? အို...အဲဒါကတော့ ပြန်လှည့်ကြည့်စရာမလိုလောက်အောင်ကို
ကောင်းပြီးသား...ကြားကြရဲ့လား အရပ်ကတို့ .....ကြွားချက်ကတော့ လက်ဖျားခါလောက်တယ် ....ဘူမှမေးပဲနဲ့ စွတ်ကြွားနေဒယ်...
အသားလွတ်ကြီး ၊ ဒီလိုအကြွားသန်တဲ့ ငတိမလေးမျိုးမြင်ဖူးကြရဲ့လား?
မမြင်ဖူးရင် နောက်နေ့ကျ .....FB မှာလာကြည့် .....ဟီးးး
အလကားစတာပါနော်...၂၀၁၂ မှာ မိုးနတ်တို့ အိမ်စီးပွားရေးတကယ်ပဲ
ကောင်းခဲ့ပါတယ်.....အဲဒါကြောင့် တောပြောင်းမယ်လို့တောင်
စဉ်းစားထားဒယ်....ဘယ်လိုလဲ ......အဲဒိအကြံကောင်းလား?
များများရေးရင် ငြီးငွေ့သွားမှာစိုးလို့ အဓိက အချက်လေးတွေလဲ ပါအောင် ရေးရင်း ဒီပို့စ်လေးကို မြန်မြန်အဆုံးသတ်ပေးပါ့မယ်......
(အင်း.....၀မ်းသာလိုက်တာ>>>....စာဖတ်သူများလေသံ :) )
အဲဒိ အဓိကအချက်လေးတွေကတော့ တခြားမဟုတ်ဘူး.......
၂၀၁၂ မှာ မိုးနတ်အင်မတန် ဓါတ်ကျခဲ့ပြီး အခုချိန်ထိလဲ အလွန်ဓါတ်ကျနေဆဲ ရလဲမရသေးတဲ့ ဖြစ်လဲ မဖြစ်သေးတဲ့
မကြာခင်မှာလဲ ရလာဖြစ်လာတော့မဲ့ အရာလေးတွေပါ....Ahakhak...
(၁) ကားလှလှလေးတစ်စီး အမြန်ဆုံးလိုချင်နေတယ်....
တံဆိပ်ကတော့ ခု ကြိုပြောမထားသေးပါဘူး......
အမျိုးအစားကောင်းပြီး မိန်းကလေးတွေ စီးလို့အဆင်ပြေမဲ့
ပုံစံလေးပေါ့......(ဖေကြီးကတော့ ခဏစောင့်အုံးတဲ့........
ကားဈေးတွေ တအားကျနေလို့ ခုဝယ်လိုက်ရင် ရှုံးသွားမယ်တဲ့....
အင်း......အဲဒါလဲ ဟုတ်တာပဲ)
ဘလော့ဂါမောင်နှမများ မြင်ယောင်ကြည့်ကြပါ......
မိုးနတ်နဲ့ဆို သိပ်ပြီးလိုက်မှာပေါ့နော်......:)
ကားကလဲလှ လူကလဲလှဆိုတော့ အမိုက်စားပေါ့......
ဟီး.....ဘယ်သူလိုက်လိုက် မလိုက်လိုက်
ကိုယ်လိုက်ရင် ပြီးတာပဲ ဇွတ် :D
(၂) Samsung Galaxy SIII 4G ( မကြာခင်ရတော့မှာ ဟာဟ....)
အရင်က ipone 5 လိုချင်တာ.... ခုပြောင်းသွားပြီ
(၃) စကိတ်စီးသင်ချင်တာ ( စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်
စီးတတ်ချင်တယ် ၊ စကိတ်လှလှ အမျိုးအစားကောင်းကောင်း
လေးတစ်စုံလဲ လိုချင်တယ်.....) ဒါထက် တဆိတ်လောက်...
ဝိုင်းထဲက ဘလော့ဂါမောင်နှမတွေ ..... မိုးနတ်ကို
စကိတ်စီးသင်ပေးချင်တဲ့ သူများမရှိဘူးလား....!
(စကားခေါ်ကြည့်တာ ..သင်ပေးတော့လဲ အမြတ်ပေါ့..
ဟုတ်ဘူးလား :P)
(၄) ကရာတေးဖြစ်ဖြစ် ၊ ဂျုဒိုဖြစ်ဖြစ် ၊ တိုက်ကွမ်ဒိုဖြစ်ဖြစ်
နောက်ဆုံး သိုင်းပဲဖြစ်ဖြစ်ကွာ သင်ချင်တယ်.......
ဘာလို့လဲကို တိဝူး.....ခုတလော အဲဒါမျိုးတွေကိုပဲ
အထူးတလည်ဓါတ်ကျနေဒယ်........ဟိ
အဲဒါတွေကတော့ သင်ပေးချင်ရင် အချိန်မရွေးပါ..မိုးနတ်က
သိလွယ် တတ်လွယ် သဘောပေါက်လွယ် ဆိုတော့ ဆရာ့ထက်
တပည့်လက်စောင်းထက်မှာ အသေအချာ.......
ဒီတော့ သင်ပေးတဲ့ဆရာလဲ နာဖို့သာပြင်.....အဲလေ ဟုတ်ပါဝူး.....
ဒီနေ့ နေသာတယ် ပြောပါတယ် မခင်သီတာ....:)
ကဲ.....ကဲ မိုးနတ် လိုချင်တာတွေ ဖြစ်ချင်တာတွေကို စာစီပြီး တခမ်းတနားပြောပြနေတာနဲ့ပဲ အားလုံးလဲ ငြီးငွေ့နေပြီထင်ရဲ့.....
ဆုတောင်းပေးပါတယ်ကွယ် ........ချစ်တဲ့ ကိုယ့်ရဲ့
ဘလော့ဂါမောင်နှမတွေလဲ နှစ်သစ်မှာ လိုရာဆန္ဒတွေ
တစ်လုံးတ၀တည်းပြည့်စုံကြပါစေလို့...............
အိမ်း.......အိမ်း.......ကောင်းပြီ.......ကောင်းပြီ
ဒီလိုဆို ဒီမှာပဲ တရားသိမ်း........ :P
( သိက္ခာတော် အပြည့်နဲ့ ဆရာတော်ကြီးလေသံ )
အားလုံးရဲ့ မိုးနတ်ကြယ်စင်