Showing posts with label ရင်တွင်းဖြစ် ကဗျာများ. Show all posts
Showing posts with label ရင်တွင်းဖြစ် ကဗျာများ. Show all posts
Sunday, June 16, 2013
ဝဋ်
စမ်းရေလဲ စီးစေ
လမ်းတွေလဲ နီးစေ
ပန်းကြွေတဲ့ မှော်ရုံတောမှာသာ
နွမ်းနေတဲ့ လူတစ်ယောက်
မကြာခဏ ဆိုသလို
လမ်းပျောက်လို့ နေဆဲ
ဘယ်မှာလဲ .....
လူတွေ ကင်ပွန်းတပ်နေကြတဲ့
မြင့်မြတ်တဲ့ သစ္စာတရားတွေ .....
ဘယ်မှာလဲ ......
ကဗျာဆရာတွေ အသံကောင်းဟစ်နေကြတဲ့
ကြီးကျယ်ခမ်းနားတဲ့ မေတ္တာတရားတွေ .......
ကိုယ်ချင်းစာခြင်းတရား ဆိုတာကိုလဲ
တစ်ခါလောက်တော့ ငါတွေ့ဖူးချင်မိရဲ့ .....
အရာအားလုံးကပဲ ငါနဲ့ ဝေးနေတာလား ?
ငါကပဲ အရာအားလုံးနဲ့ ဝေးနေတာလား ?
များများမတွေးပဲ မျက်စိမှိတ်လိုက်ရင်ရော
ဒီည အိပ်လို့ ပျော်မှ ပျော်ပါ့မလား ?
ခါးတဲ့ဘ၀မှာ တမာလို
ချိုမလာနိုင်တာ သိရဲ့သားနဲ့
ဇွတ်တိုး မျှော်မိတဲ့ ငမိုက်သား
သြော် ..... ဒီဒုက္ခကရော
ကျွတ်မှ ကျွတ်ပါ့မလား ?
Monday, June 3, 2013
သခင်မြင်လှည့် ကြင်တော်မူ
မြင်လှည့်ပါ သခင်
ကြင်ခဲ့တာ ရာဇ၀င်မှာ
စာတင်လောက်တဲ့ အချစ်မျိုး .....
ဒါကို.... နှင်ရက်စရာ ထင်
သူမကြင် ဘယ်လိုပင်
တမင်ရှောင်ခွာ စိမ်းပေမဲ့လို့ .....
မြတ်နိုးမှာ အစဉ်
မငြိုငြင်ပါ ဟိုစဉ်အခါ
ရင် ခုန် စ ကတည်းက
သည်း ဦး သ ခင်မို့ ......
( ကဗျာရေးပြီးလို့ ခေါင်းစဉ်ဘာပေးရမလဲ စဉ်းစားနေတုန်းးးးး 5 သုခုမက လာတဲ့ ဇာတ်ကား
နံမည်လေး နှစ်သက်မိလို့ ယူပြီးပေးဖြစ်ပါတယ်....... ကဗျာလေးနဲ့ လိုက်ရဲ့ မဟုတ်လားရှင် :) )
Saturday, April 6, 2013
အပယ်ခံ
ပိတောက် တစ်ဖက်
စိန်ပန်း တစ်ဖက်ရယ်နဲ့
ပန်းတော်ဆက်ရန်
မလေး ခင့်ဆီ ကိုယ်ရောက်ခဲ့တယ်
သြော် မျက်နှာငယ်ငယ်
သူ့မှာလေ စိန်ပန်းရယ်မို့
ပိတောက်နဲ့ ပြိုင်
ဘယ်အခါ မနိုင်ခဲ့ပေမဲ့
အကြင်နာ ညွှတ်တိမ်း
မစိမ်းနဲ့ ခင်ရေ
ယိမ်းနွဲ့ကာ ခင့်သဘောထား
စိန်ပန်းအပေါ်များ
တိမ်းညွှတ်လေမလား
ကိုယ့် ဆုတောင်းက
မပြည့်ခဲ့ပါဘူး
စိမ်းရက်သူ ခင်ရေ
စိတ်ကြိုက်သာ ပြုစေတော့ကွယ်
စိန်ပန်းကို ပစ်ပယ်
ပိတောက်ကို ရွေးချယ်
သူ့ကေသာဦးဝယ်
ကြည်ဖြူစွာ ဆင်မြန်းလိုက်တယ်
တစ်နှစ်မှာ တစ်ခါသာ
ပွင့်တဲ့ ပန်းမို့တဲ့ကွယ်
Tuesday, March 26, 2013
အမွေ
ရဲရင့်ခြင်း လှံကိုကိုင်စွဲ
တိုက်ပွဲဆီ ရဲရဲ ငါချီတက်ခဲ့တယ်
နောက်မဆုတ်ဘူး အမေ့သားငယ်
ဘယ်သူ့ ၀မ်းကြာတိုက်က
မွေးဖွားခဲ့တာမို့လဲကွယ်
ဘာမထီ လာနီတဲ့ စစ်သွေး
အဲဒါ အဖိုးပေးခဲ့တဲ့
အမွေတဲ့လေး
(
နက်ဖြန်၂၇.၃.၂၀၁၃မှာ ကျရောက်မဲ့
တပ်မတော်နေ့အတွက် အမှတ်တရဂုဏ်ပြုကဗျာလေးပါ....
တကယ်ဆိုမိုးနတ် ကဗျာအသစ်တွေတင်ဖို့ ပျက်ကွက်ခဲ့တာ
ကြာပေါ့....
၂၁ ရက်နေ့ ကမ္ဘာ့ကဗျာများနေ့တုန်းကလဲ အမှတ်တရ
တင်မယ်ဆိုပြီး မတင်လိုက်ရဘူးးးးးးးး မိုးနတ် အလုပ်တွေအရမ်းရှုပ်ပြီး
လူကလဲ တော်တော်ပင်ပန်းနေတယ်.....နောက်ပြီး
ဇက်ကြောကလဲ အရင်ထက်ပိုပြီး ပြန်တက်လာလို့ အာရုံကြောဆေး
ပြန်သောက်နေရသလို ဆေးတွေလဲ လိမ်းနေရတယ်....
အဲလို အခြေအနေတွေကြောင့် မိုးနတ် အသစ်တွေ
တင်ချင်ပါရက်နဲ့ မတင်ဖြစ်ရတာကို နားလည်ပေးကြလိမ့်မယ်လို့
ထင်ပါတယ်.....အစကတော့ မိုးနတ် စိတ်ပျက်ပျက်နဲ့ ဘလော့လေးကို
ဒီအတိုင်းပဲပစ်ထားလိုက်တော့မလို့..... တကယ်ကို အဲလိုကြီးကို
စဉ်းစားမိတော့တာ.....ဘာကြောင့်ဆို ဇက်ကြောအရမ်းတက်ပြီး
ခေါင်းမူးတဲ့ဒဏ်ကို မိုးနတ်မခံနိုင်ဘူးးးးးးး တကယ်က
ကွန်ပြူတာသုံးတဲ့ တခြားဘယ်သူမှလဲ ခံနိုင်မယ်မထင်ပါဘူးးးးးးး
အတော်ဆိုးတဲ့ အညောင်းထိုင်ခြင်းရဲ့ နောက်ဆက်တွဲ
အကျိုးဆက်ကိုးးးးးးးးး ဒါပေမဲ့လဲလေ ဒီလောက် အိမ်လေးကို
ခင်တွယ်တဲ့သူက ကျန်းမာရေးကြောင့် အလွယ်တကူ
နောက်ဆုတ်မယ်ဆိုတာ ဟုတ်တော့မဟုတ်သေးဘူးပေါ့လေ....
အရမ်းခင်တွယ်လွန်းလို့ တနေ့တနေ့လိုင်းပေါ်ရောက်ရင်
ဖဘတို့ ဂျီတော့ ဂျီးမေးတို့သာ မဖွင့်ရင်နေမယ်......
အိမ်လေးကိုတော့ နေ့တိုင်းဝင်စစ်ပြီး တတ်နိုင်သရွေ့အိမ်လည်လဲ
မပျက်ကွက်အောင် ဂရုတစိုက်ရှိနေမိတာက သက်သေဖြစ်နေသလိုပဲ...
(အသားလွတ်ဝင်ကြွားတယ် မထင်စေချင်ပါဘူး
မိုးနတ်ရင်ထဲက တကယ့်စေတနာပါ) ....
လူတိုင်းလူတိုင်းဟာ ကိုယ်ဘာလေးပဲ ရေးရေး .....
ကိုယ်ရေးထားတာလေးကို တစ်ယောက်မဟုတ် တစ်ယောက်က
ချီးမွမ်းစကားဆိုတာကိုတော့ ခံချင်ကြမှာပဲ....နောက်ဆုံး ချီးမွမ်းစကား
မဟုတ်ရင်တောင် သာမန်ကာလျှံကာလေးပဲ ကောင်းတယ်လို့
ပြောပြော သဘောကျနှစ်ခြိုက်နေမိကြမှာ အသေအချာပါ...
အဲ့ဒါကြောင့်လဲ ချန်ခဲ့တဲ့ ကွန်မန့်လေးတွေကို တခြားဘယ်အရာနဲ့မှ
မလဲနိုင်အောင် တန်ဖိုးထားကြတာနေမှာ...တခြားသူတွေ
အတွက်တော့ မသိဘူးရှင်.....မိုးနတ်အတွက်တော့
အဲလောက်တောင် တန်ဖိုးကြီးမြင့်လွန်းတယ်......ဒီလိုပြောလို့
လိမ်လည်ဟန်ဆောင်ပြီး မကောင်းလဲ ကောင်းတယ်ပြော
မကြိုက်လဲ ကြိုက်တယ် ပြောရမယ် မဆိုလိုပါဘူးးးးးးး
မိုးနတ်အတွက်ကတော့ ဘာပဲဖြစ်ဖြစ် ဝေဖန်ပေးကြပါ...
ပြုပြင်ပေးကြပါ.....သင်ပြပေးကြပါ....မိုးနတ်အားလုံးကို
လေးစားစွာနဲ့ လက်ခံနာယူပေးမှာပါ....အဲလို သင်ပြပေး ဝေဖန်ပေးမှ
မိုးနတ်တို့လို အသစ်တွေက တိုးတက်လာအရည်အချင်းရှိလာမှာပေါ့.....
အဲ့ဒါနဲ့ အကောင်းဆုံးဖြစ်မယ်ထင်တာကို စဉ်းစားပြီး ခုလက်တွေ့
အကောင်အထည်ဖော်ကြည့်မလို့........မိုးနတ်နောက်ဆို
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
ဒါပေမဲ့ ဘယ်မောင်နှမတွေဆီကိုမှတော့ အိမ်လည်
မလာနိုင်သေးဘူးပေါ့နော်....အကြောင်းက ဆရာဝန်က မိုးနတ်ကို
တတ်နိုင်သရွေ့ပေါ့....ဖြစ်နိုင်ရင် တလလောက်ကို ဆက်တိုက်
ကွန်ပြူတာ မသုံးပဲ နားနေစေချင်တာ......အဲဒါကို မိုးနတ်က
ချိုးဖောက်ပြီး တပတ်တခါလောက် အသစ်တင်ပေးကြည့်မလို့ ....
တကယ်က ပို့တွေကို အစဉ်အတိုင်း တပတ်တခါ သူ့ဘာသာသူ
တင်သွားဖို့ စီစဉ်ထားလို့ရပါတယ်....ဒါပေမဲ့ ....ပို့စ်အသစ်တင်တာကို
အကြောင်းပြုပြီး မိုးနတ် အိမ်လေးကို ကိုယ့်ဘာသာ ကိုယ်လာပြီး
အရိပ်ကြည့်လို့ရတာပေါ့......မိုးနတ်က သူ့ကို သိပ်ချစ်တာလေ...
အပျောက်မခံနိုင်အောင် ချစ်မိပေမဲ့ ကျန်းမာရေးက
ရှိသေးတယ်လေကွယ်........နဲနဲတော့ စိတ်လျှော့မှပဲ
ရေရှည်အတွက် အဆင်ပြေနိုင်မယ် :PPPPPPPPPPP
အာ့ကြောင့် မိုးနတ် ထပ်ပြီးတောင်းပန်ချင်တာက မိုးနတ်
အိမ်လည်တွေ ပြန်လာနိုင်မှ အားလုံးရဲ့ စာကြွေးတွေကို
လာဆပ်ပါ့မယ်......အားလုံးကိုလဲ မတွေ့ရပေမဲ့
အမြဲသတိတရရှိနေပါတယ် ဆိုတဲ့အကြောင်း
သတင်းကောင်းပါးရင်းးးးးးးးးးးးးးးးးးးးးးးး
ဒီခဏ အတွက်တော့ နှမ လက်လျှော့လို့ နေရင်း
ဒီညအတွက် အားလုံးကို GoOd NiGhT ပါ :P
See U Next Weekkkkkk
Arr Bwarrrrrrrrrr :)
Thursday, February 21, 2013
မျှော်လင့်ဆဲ မျှော်နေလျက် မျှော်လင့်ရင်းရူး
နွေ မိုး ဆောင်းတွေ
ဘယ်လောက် ပြောင်းပြောင်း
ကိုယ့်မှာတော့ သံယောဇဉ်တွေ
မဟောင်းသေးဘူး ခင်
ယိုယွင်းလုဆဲဆဲ
တဲတဲလေး ကျန်နေသေးတဲ့
နှလုံးသားသည်သာ
ရက် လ နှစ်တို့ တိုက်စားရာ
သက်သေတွေ ပမာ
အခါတရာမက ကိုယ်
မျှော်လင့်မိခဲ့ဖူးတယ်......
အခါခါ တသသ
စိတ်ကူးနဲ့လဲ ကိုယ့်မှာ
ရူးခဲ့ဖူးတယ်......
ဒိထက်ပိုပြီး မထူးခဲ့ဖူးတဲ့
ဇာတ်လမ်းတစ်ပုဒ်မှာ
အရိုးစွဲနေတဲ့ မင်းရဲ့အမြင်
အရိုင်းအစိုင်းလို့ပဲ ထင်ချင်ထင်
ကိုယ်ကတော့ အမုန်းခံ
လူကြမ်းတစ်ယောက် အဖြစ်မျှသာ.....
ဘ၀ဟာ ရေပွက်ပမာ
ခဏတာလို့ လူတွေပြောလေ့ရှိကြတယ်....
ကိုယ့်အတွက်တော့ ဒီစကားဟာ
ပြောင်းပြန်များ ဖြစ်နေသလားဟင်......
ခင် မကြင်နာလေတဲ့
အစိမ်းသက်သက် ကာလတစ်လျှောက်မှာ
ကိုယ့်ဘ၀ဟာ နွေနေပမာ ပူပြင်းလို့
လူသူကင်းမဲ့တဲ့ သုသာန်တစပြင်လို
သွေ့ခြောက်လို့သာ နေခဲ့ရတယ်......
ခင်ရယ် ......
ခက်ပဲ ခက်ရချည်ရဲ့ကွယ်......
ကိုယ့်မှာတော့ .......
သမုဒယ သစ္စာ
သံယောဇဉ် မေတ္တာများနှင့်
ယုယချစ်ကာ ပိုက်ထွေးလို့ထားချင်
သြော် ....တဖက်သတ် အဖြစ်ဟာ
သေရာပါမဲ့ အချစ်ပါလား ခင် .......
Saturday, February 16, 2013
မမရိုးမြေကျအတွက် အမှတ်တရ မွေးနေ့ကဗျာ ( ၁၈.၂.၂၀၁၃ )
ချစ်သော ရိုးမြေလေး
ဟိုးတစ်မြေ မုံရွာဘက်ပိုင်းဆီက
အွန်လိုင်း ဆိုတဲ့
လူမှု အသိုင်းအ၀ိုင်းလေးထဲမှာ
ခင်မင်ခဲ့ရတဲ့သူ
ဖြူဖြူစင်စင် သူ့မနောတွေလှ
လူသူခင်ချင်စရာ တကယ်ပေါပါလို့
စိတ်သဘောလဲ ကောင်းတဲ့သူ
အများနဲ့ မတူ
အနော် အနော်နဲ့
ပြောတတ်တဲ့ သူ့ဟန်ပန်လေးက
ကိုယ်ရင်မှာ အမြတ်နိုးဆုံးရယ်မို့
အို..........
တကယ်ပါ မုံရွာသူလေးရယ်
မင်း နဲ့ ကိုယ် စာပေအကြောင်း
တစေ့တစောင်း အသိအမြင်တွေလဲ
ဖလှယ်ချင်သေးတယ်
တခါတခါ မင်းသိပ်နှစ်သက်တဲ့
ဆရာမဂျုး စာအုပ်တွေ အကြောင်းလဲ
အပြန်အလှန် ဆွေးနွေးကြအုံးမယ်
အခွင့်အရေးရလို့
မင်း နဲ့ ကိုယ် အပြင်မှာ
လူချင်းများ ဆုံခွင့်ရခဲ့ရင်လေ
တအူထုံဆင်း ညီအစ်မအရင်းတွေလို
ခင်မင်ရင်းနှီးစွာ ထွေးပွေ့ခွင့်လေးလဲ
ကိုယ့်ကို ပေးကွယ်
ချစ်တဲ့ မိုးနတ်
( မမရိုးမြေကျအတွက် မွေးနေ့အမှတ်တရ
ကဗျာလေးပါ....
ကဗျာထဲမှာ ဆုတောင်းလေးမပါသေးလို့ ခု ချစ်မ အတွက် ညလေးဆုတောင်းပေးလိုက်တယ်.......ယခုမွေးနေ့မှသည်
နောင်မွေးနေ့ပေါင်း များစွာတိုင်အောင် စိတ်ချမ်းသာ
နောင်မွေးနေ့ပေါင်း များစွာတိုင်အောင် စိတ်ချမ်းသာ
ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝပါစေလို့ ...............)
Friday, February 8, 2013
မမလရိပ်အတွက် မွေးနေ့အမှတ်တရ ကဗျာ
အပေါ်ယံ ဟန်ဆောင် ပကာသန
ဂုဏ်ပြိုင်တာတွေ ခ၀ါချ
ဖြူစင်လှတဲ့ မိန်းကလေးရေ
ကြင်ကြင်နာနာ ပျုငှာသေး
ခင်ချင်စရာ ရူပါလေး
ဖော်ရွေလွန်းတဲ့ အပြုံးလေးတွေ
ဖေဖော်ဝါရီ ဒီနေ့လေး ( ၁၂.၂.၂၀၁၃ )
ပျော်ရွှင်ပါစေ သူကလေး
ကြယ်စင်လေးက ဆုတောင်းပေးနေ
ချိုသာအမူအရာ ပုံရိပ်လေး
မြင်သူတကာ ရင်ကိုအေး
တကယ်ယဉ်ကျေးတဲ့ လရိပ်မေ
( မမလရိပ်အတွက် အမှတ်တရ မွေးနေ့ကဗျာလေးပါ......အစကတော့ နီးမှပဲ တင်ပေးမလို့ပါ....
ဒါပေမဲ့ ဗယ်လင်တိုင်းဒေးအတွက် ကဗျာတစ်ပုဒ်တင်စရာရှိလို့ စောတင်ပေးလိုက်တာပါ...:)
မမ နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်ရှင်....ဟက်ပီဘတ်ဒေး ချစ်မ အာဘွားးးးးးးးးးး )
Monday, January 28, 2013
ချစ်သော စနိုးအတွက် မွေးနေ့အမှတ်တရ ကဗျာ ( ၃၁.၁.၂၀၁၃ )
ဖြူလွလွ စိတ်ရင်းတွေကြား
ချိုမြတဲ့ အပြုံးလေးတွေ
လှလွန်းတယ် တအား
ဘယ်အချိန် ကြည့်ကြည့်
ရိုးသား ပွင့်လင်းမှုတွေ
သူ့ဆီမှာ ရှိတယ်ကွာ
နတ်သမီးလေး တစ်ပါးလို
ချစ်စရာ ကောင်းလိုက်တာများ
အဲဒါ အားလုံးက ချစ်ကြတဲ့
စနိုးလေး တဲ့လား
(ဘလော့ဂါညီအစ်မ စနိုးလေးအတွက် မွေးနေ့အမှတ်တရ ရေးပေးထားတဲ့ ကဗျာလေးပါ....
မိုးနတ်ရေးတတ်သလို ရေးထားတာမို့ စနိုးရေ.... နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်....
စနိုးလေး ယခုမွေးနေ့မှစလို့ နောင်လာမဲ့မွေးနေ့များစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့
လိုရာဆန္ဒပြည့်ဝပါစေနော် :))) )
ချစ်တဲ့.....မိုးနတ်
Sunday, January 20, 2013
အပြောင်းအလဲ
အတွေးတွေ......
အလေ့ကျပေါက်နေတဲ့ မြက်ရိုင်းတွေလို
ပေါက်လွှတ်ပဲစား ဆန်လွန်းတဲ့ အတွေးတွေ
အတွေးတွေ.......
ညဉ့်ငှက်မတစ်ကောင်ရဲ့
ခေါက်ရိုးကျိုးနေတဲ့ အပြုံးတစ်စလို
ပေါ့ပျက်ပျက် နိုင်လွန်းတဲ့ အတွေးတွေ
အတွေးတွေ........
မိုးလင်းကနေ မိုးချုပ်အထိ
ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
အတွေးတွေ
ခေတ်ပြောင်း စနစ်ပြောင်း အသွင်ပြောင်းမှာ
အတွေးတွေလဲ ပြောင်းပစ်ကြဖို့လိုပြီလေ ။
အလေ့ကျပေါက်နေတဲ့ မြက်ရိုင်းတွေလို
ပေါက်လွှတ်ပဲစား ဆန်လွန်းတဲ့ အတွေးတွေ
အတွေးတွေ.......
ညဉ့်ငှက်မတစ်ကောင်ရဲ့
ခေါက်ရိုးကျိုးနေတဲ့ အပြုံးတစ်စလို
ပေါ့ပျက်ပျက် နိုင်လွန်းတဲ့ အတွေးတွေ
အတွေးတွေ........
မိုးလင်းကနေ မိုးချုပ်အထိ
ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
အတွေးတွေ
ခေတ်ပြောင်း စနစ်ပြောင်း အသွင်ပြောင်းမှာ
အတွေးတွေလဲ ပြောင်းပစ်ကြဖို့လိုပြီလေ ။
Thursday, December 27, 2012
ချစ်မကြီး မမစံပယ် မွေးနေ့အမှတ်တရ....
စံပယ်....လေ
ရေခြား မြေခြား နိုင်ငံရပ်ခြားမှာ
မိဝေး ဖဝေး ရင်ခွင်ဝေးလျက်
လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေလိုက်ခဲ့တာ...
ခုဆို အမေပေးတဲ့ မွေးနေ့တစ်ခုတောင်
ဖြတ်သန်း ကျော်လွန်မြောက်ခဲ့ပြီလေ...
စံပယ်....ရေ
နောင်လာမဲ့ နေ့သစ်များစွာမှာလဲ
စံပယ်ချစ်တဲ့ လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေရင်းနဲ့
ပျော်ရွှင်စရာ မွေးနေ့များစွာကို
ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းပေးလျက်......
ချစ်မကြီးရဲ့
ညလေးမိုးနတ်
(နောက်ထပ် ဆုတောင်းမိနေတာ တစ်ခုရှိသေးတယ်.....
ချစ်ကိုကြီးက ပြောတယ်လေ...ဘယ်နေ့မှန်းတော့
သေချာမသိသေးပေမဲ့ သိပ်မဝေးတဲ့ တချိန်ချိန်မှာတော့
မြန်မာနိုင်ငံကို အပြီးပြန်လာဖြစ်မယ်တဲ့......
အဲဒိ အိပ်မက်ဟာ ချစ်မကြီးရဲ့အိပ်မက်လဲ ဖြစ်မယ်ဆိုတာ
ညလေးသိနေတာမို့ အမေစုရှိတဲ့ ချစ်မကြီးချစ်တဲ့
မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ပါစေလို့
ညလေးဆုတောင်းပေးနေပါတယ် မရေ......)
မွေးနေ့မှာ ပျော်ရွှင်ပါစေ “ မ ”
I love u so much and
Get a Happy New Year !!!
Arr bwarr :)))
Monday, November 19, 2012
ပြန်မလာနဲ့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လို
မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့
နူးညံ့တဲ့ စကားလုံးတစ်ချို့ကို
ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့
ငါ့မျက်ရည်တွေ မြစ်လိုစီး...
ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ
မင်းက ကျေနပ်နိုင်မှာလား ချစ်သူ....
ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့...
ဝဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့...
နေသာသလိုသာ နေလိုက်ပါ....
ငါက နင့်အတွက် အစကတည်းက
ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ...
ငါသိတာပေါ့.......
နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ
ငါ့အပေါ် စိမ်းနေခဲ့တာ...
နင့်စိတ်အစဉ်ဟာ....
လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ
ယိမ်းနေခဲ့တာ.....
တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ
အပြစ်မတင်ချင်တော့ပါဘူး....
ဖြစ်တတ်တဲ့ သဘောတွေမို့
ငါနားလည်လက်ခံပေးလို့ ရပါတယ်
တခုပဲ.....
ငါ့ဘ၀ကို ဆုတ်ဖြဲ...
ရက်စက်စွာနဲ့ ငါ့ကို...
ချန်ရစ်လို့ ထားခဲ့ပြီးမှတော့...
ပြန်ဆက်ဖို့ ကြိုးစားနေတဲ့
ငါ့နှလုံးသားကို မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့..............
Saturday, November 3, 2012
တီတင့်တို့ ပုလဲရတုအတွက် တတ်အားသရွေ့အမှတ်တရ
လှိုင်းကြမ်းရေဆန် မုန်တိုင်းထန်လဲ
အန္တာရာယ်မမှု လောကဓံကိုအံတုလို့
ရင်ဆိုင်ဖြတ်သန်း ဘ၀ခရီးလမ်းဝယ်
လန်းသည်လဲရှိမယ် ပန်းသည်လဲရှိမယ်...
တခါတခါ ကြမ်းပါသော်လည်း
နွမ်းတာကိုလဲ မမှုတယ်......
တယောက်လက်ကို တယောက်တွဲ
အကြင်နာတွေ ခိုင်မြဲလို့
နားလည်မှုတွေ ဖေးကူ
အပေးအယူတွေ မျှခဲ့တယ်....
နောင်အနာဂတ်များစွာမှာလဲ
သက်ဆုံးတိုင် ဘ၀ပန်းတိုင်
လျှောက်လှမ်းနိုင်ဖို့ ရည်မှန်းရင်း
နှစ်ကိုယ်တူ ကြည်ဖြူစွာ
လျှောက်ခဲ့တဲ့ လမ်းထု
မှန်းစုလို့ ပြန်လည်ကာ
တမ်းတမိတော့......
ဟိုဝေးဝေး ခပ်လှမ်းလှမ်း
တနေရာက အစပြုလို့
လက်ရှိ ဒီနေ့....ဒီရက်
ဒီ....အချိန်အခါလေးမှာ
နှစ် ( ၃၀ ) ဟု
ပုလဲရတု မင်္ဂလာမြောက်ခဲ့ပြီကွယ်.....
( မနေ့ကမှ မိုးနတ်လိုင်းပေါ်ကို ပြန်ရောက်လာတာမို့. ဒီနေ့မှ အပြေးအလွှား ကဗျာရေးလို့.. အမှတ်တရ
အဖြစ်တင်လိုက်ရပါတယ် တီတင့်ရေ..နောက်တော့ကျသွားတယ်နော်...:P )
Friday, November 2, 2012
ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်
ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ
လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့
အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ
အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ )
ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ
တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ
ဧပရယ်ရေ.......
ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ
မြင်မြင်ရာ နေရာတိုင်းမှာ
ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း.....
အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ..........
ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ
ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ......
နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ်
ဖော်ထုတ် ပြသနေကြလေရဲ့......
ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့
ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ်
ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ..
အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား
ဆောင်းလိုပဲ အေးခဲနေမလား
ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို
စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ
တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ....
ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး....
လင်းတလှည့် မှိန်တခါ
ကြွေတလှည့် ကြက်တခုန်
လောက ဇာတ်ခုံပေါ်မှာ
အဖုံဖုံ ကရချည်သေးရဲ့.....
နောက်ဆုံးကားလိပ် မချခင်အထိတော့
ငါဟာ ဒီကမ္ဘာမြေပေါ်မှာ
ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ....
( ဒါကတော့ ကျန်နေသေးတဲ့..မိုးနတ်ရဲ့ ချစ်ကိုကြီး အကိုလွင်ပြင်အတွက်...အမှတ်တရကဗျာလေးပါ
အကို့ကို ကျေးဇူးဆပ်ချင်နေတာ ကြာခဲ့ပါပြီ......မိမိုးနတ်ကလဲ ရေးတတ်တာ ဒါပဲရှိတာမို့...
နောက်တစ်ခေါက်မှ ဒိထက်ကောင်းအောင်ရေးပေးမယ်နော် ချစ်ကိုကြီး....ညလေးဘလော့လေးကို
ပထမဆုံးလာပြီး အားပေးခဲ့တဲ့ အရင်ဆုံးမန့်ခဲ့တဲ့ အကိုတော်ရဲ့ ကျေးဇူးကို ညလေးဘယ်တော့မှမမေ့
ပါဘူး.... အကိုပေးခဲ့တဲ့ ခွန်အားတွေကြောင့် မိုးနတ်ခုလိုရှေ့ဆက်နိုင်ခဲ့တာပါ...ချစ်မကြီးနဲ့ ချစ်ကိုကြီးကို
အမြဲသတိတရရှိနေပါတယ်....ကျန်တဲ့ဘလော့ဂါမောင်နှမတွေကိုလဲ မိုးနတ်အရမ်းသတိရနေတယ်..
ပြီးခဲ့တဲ့ လေးငါးရက်က မိုးနတ် အစီအစဉ်မရှိပဲ ဗြုန်းစားကြီး ခရီးထွက်လိုက်ရလို့ အားလုံးကို ပြောခဲ့ချိန်
တောင်မရလိုက်ဘူး....ခုတော့ မိုးနတ်ပြန်လာပြီး....အသစ်တွေဆက်တိုက်တင်တော့မှာပါ......
ကျန်းမာရေးကောင်းအောင်လဲ အထူးကြိုးစားနေကြောင်း သတင်းကောင်းပါးလိုက်ပါရစေ.....:P
မိုးနတ်ကို အမြဲအားပေးခဲ့တဲ့ မောင်နှမတွေကို အရမ်းကျေးဇူးတင်ပါတယ်....
ခုတလော မိမိုးနတ်တစ်ယောက် အသဲကွဲနေတာမို့...ရှေ့လျှောက်ပြီး ပို့စ်အသစ်တွေတင်ရင်
နားညည်းဖို့သာ ပြင်ထားပါတော့ဗျို့.......
အကိုလွင်ပြင်ရေ......ကဗျာလေးက အဓိပါယ်မကောင်းဘူးလို့ ထင်ရပေမဲ့....စာသားတွေကိုအာရုံမထားပဲ
ကဗျာသဘောကိုသာ ခံစားကြည့်ပေးဖို့ မိုးနတ်တောင်းပန်ပါတယ်နော်......အမှားပါသွားရင်ခွင့်လွှတ်ပါရှင်..)
Thursday, October 18, 2012
တကိုယ်ရေည
ခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
အိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း
အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို
ကိုယ်သာ အပြစ်တင်နေမိတော့တယ်
ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ်
မထင်တဲ့ ငါ့အချစ်တွေ
ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ
သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ
အားလုံးဟာ အသစ်..အသစ်
ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ်
ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ်
သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ်
မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ်
ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ်
သံမဏိလို သဘောထားကို
မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့
ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ
ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ်
( မမရိုးမြေကျ ပြောသလို စာတွေအဆက်ပြတ်သွားမှာ စိုးလို့သာတင်ရတယ် ..မိုးနတ်ကွန်ပြူတာကို မကြည့်
နိုင်သေးပါဘူး..ခု အသစ်တစ်ပုဒ်တင်ဖို့တောင် မနဲ အားတင်းပြီး ကွန်ပြူတာကို ကြည့်ရပါတယ် အဲဒါကြောင့် နေကောင်းမှ အိမ်တွေလိုက်လည်ရင်း စာကြွေးတွေဆပ်ပါရစေနော်..မိုးနတ်ကို
နားလည်ပေးပါရှင်.....အားလုံးကို သတိရနေပါတယ်နော်.........အားလုံးရဲ့ မိုးနတ်ကြယ်စင် )
Tuesday, September 25, 2012
ကျိန်စာသင့် နှလုံးသား
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီးတစ်ရွက် ပြောင်းသွားတယ်
အလွမ်းတွေဟာ ခြေရာချင်းထပ်နေလို့..
အသက်. ..ရှင်သန်နေခြင်းဟာ
အဓိပ္ပါယ်ရှိရဲ့လားတောင် ငါမသိတော့ဘူးကွယ်
ရှေ့ဆက်ဖို့က မျှော်လင့်ချက်က ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ဘာပဲဖြစ်ဖြစ် အချစ်ကို ကိုးကွယ်မိနေမှတော့
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အစွဲအလမ်းတွေကို
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့..
ညစဉ်ညတိုင်းလိုလို......
မျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့ ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့ အရာဟာ တခါတရံမှာ
အိပ်မက်အဖြစ်သာ ငါ့ဆီကို
အလည် ရောက်ရောက် လာတတ်တယ်
အချိုးအကွေ့တွေနဲ့ နေသားကျလို့
ဒါဟာ “ဘ၀” ပါလို့
အမည်နာမ မပေးလိုက်ပါရစေနဲ့
အမှောင်ရောက်လို့ အလင်းပျောက်မှာကို
စိုးရွံ့မိနေလို့.....
ထုံးစံအတိုင်း...
ညကလဲ နက်ဆဲ
ဘ၀ကလဲ ခက်ဆဲ
ဒါပေမဲ့လဲ .......
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..
Tuesday, September 18, 2012
အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်
အက်ဆစ်မိုးတွေ ပြိုပျက်
ငိုရခက်နေတဲ့ နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့ ဘ၀ပါ
အတ္တချိုချို ဘ၀ခါးခါး
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း ကန္တာရထဲ
ငါ့ရင်ဘတ်လဲ ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
သည်းခံစိတ်ကို လည်မှာဆွဲ( ဖြစ်နိုင်ရင်)
အရာအားလုံးကို တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ အရောင်မှိန်
ငါ့ဘ၀ နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?
Tuesday, September 4, 2012
ချစ်သူတားထားတဲ့ စည်း
မကြင်နာသူဆီကမှ....
အကြင်နာကို လိုချင်ခဲ့မိတာ
ငါ့အမှားလား....?
တကယ်ဆို များများစားစားလဲ
မမျှော်လင့်ခဲ့ပါဘူး....ငါလေ....
ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာ
အရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါ
ဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..?
မကြင်နာသလို အရာရာကို
ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
မျက်ဝန်းထဲမှာ ငါဟာ...
ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ
တခါတခါတော့လဲ လောကကြီးက
ရယ်စရာတော့ အကောင်းသား....
ချစ်ခြင်း နဲ့ မုန်းခြင်း..ကြား.....
ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..
စက္ခုအာရုံကို ကျော်ရစ်..
ခြားနားခြင်း အားလုံးကို
အရည်ဖျော်ပစ်လိုက်တော့....
မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
တစ်ချပ်သာ ကျန်ရစ်တယ်...
ဒီညတော့ မင်းဆီ
ငါ့ကို လာခွင့်ပြုပါကွယ်...
Friday, August 31, 2012
မျက်ဝန်းကဗျာ
ဒီ..သမင်ပျိုလို မျက်ဝန်းလေးတစ်စုံကပဲ
မျှော်လင့်ခြင်း ဆိုတဲ့အရာကို
ငါ့ထံ ဆောင်ကြဉ်းပေးခဲ့တယ်.....။
ဒီ...ပြာလွင်တဲ့ အလင်းတန်းလဲ့လဲ့ကပဲ
ကြင်နာခြင်း ဆိုတဲ့အရာကို
ငါ့ရင်မှာ ဖန်ဆင်းပေးခဲ့တယ်.......။
ဒီ...ဟန်ဆောင်မှုကင်းတဲ့
ဖြူစင်ခြင်း အငွေ့အသက်မှာ
နေ့ရက်များစွာဟာ စိုပြေစိမ်းလန်းလို့လှခဲ့တယ်.....။
ဒီ..မျှော်လင့်မထားတဲ့ တင်္ဒဂအကြည့်တစ်ချက်မှာ
နှလုံးသားတစ်ခုလုံး အရည်ပျော်ကျဆုံး
တစ်ဘ၀လုံးအတွက် ငါ...
အရှုံးပေးထားလိုက်တော့မယ်.....။
ချစ်ရတဲ့သူရဲ့ မျက်ဝန်းလေးထဲမှာပေါ့ကွယ်.......။
Sunday, August 26, 2012
နွေနှင့်တူသော မိန်းကလေး..
နေရစ်တော့နွေ....
ရွက်ဝါတွေကြွေအောင် ခြွေချခဲ့ပြီးမှ
နောင်တရစရာများ လိုသေးလို့လား.....
ရွက်ဝါလေးတွေခမျာ တောင်းပန်ရှာတယ်..။
နွေရယ်.. ငါတို့မကြွေပါရစေနဲ့အုံးတဲ့...။
ရိုးရိုးလေးပါပဲ......
ဆင်ခြေပေးလာတဲ့ နွေရဲ့စကား......
ဒါ သဘာဝတရားတဲ့လား....
ဒီလိုပဲ...နွေနှင့်တူသော မိန်းကလေး..
တွေးမထားမိပါပဲ အပြေးကလေးဆိုသလို
ငါ့အနားကို သူရောက်ခဲ့တယ်....။
ခဏတာ ရင်ထဲ နွေးသွားခဲ့တဲ့အတွက်
ကျေးဇူးပါပဲကွယ်.....။
ပြန်မပြောပါရစေနဲ့......
နွေထက်ပူတဲ့ ဒီလူ့ရင်ထဲ
အပြစ်မဲ့ခြင်းတရားတွေ ....
မျက်ရည်ဝဲနေလိမ့်မယ် ချစ်သူ......
ရင်တွေခုန်လာအောင် ဘာလို့များလုပ်ခဲ့တာလဲကွယ်..။
ဒါကိုပဲ.. နွေးထွေးလှချည်ရဲ့လို့ ဥဒါန်းကျုးရင့်....
တကယ်က မီးတောက်တစ်ခုကို ရင်ဘတ်ထဲထည့်ပြီး
ကျေကျေနပ်နပ်ကြီး မွှေးနေမိတဲ့ ငါ့အဖြစ်....
ချစ်တတ်လာအောင် သင်ပေးပြီးမှ
အပြစ်မဲ့တဲ့ ငါ့နှလုံးသား.....
လမ်းခုလတ်မှာ ကို့ယို့ကားယား
မင်းထားသွားတော့မလို့လား....
ရိုးရိုးလေးပါပဲ......
ဆင်ခြေပေးလာတဲ့ မင်းစကား......
(လှည့်စားလို့ အားရပြီးမှ)
ငါ့ကို ငြီးငွေ့သွားပြီတဲ့လား.........
Saturday, August 18, 2012
ကာရန်မညီတဲ့ ကြယ်ကြွေသံ
မေ.......
ဧရာဝတီဟာ.. ဗေဒါရီရဲ့...
မြစ်တစ်စင်းဆို.....နင်ဟာ
နွေကမ္ဘာလို ငါ့ဘ၀ရဲ့ ....
ချစ်ခြင်းပါ ....ပျို..........
ရင်ခုန်သံတွေ ကာရန်မညီနိုင်လို့
ငါကိုယ်တိုင် ဖမ်းဆုပ်လို့
မရခဲ့တဲ့ နောက်မှာတော့ အပြုံးတွေနဲ့
နင်လာ သိမ်းပိုက်သွားခဲ့တာ....
နင်ဟာ အောင်နိုင်သူကြီးပမာပေါ့.....။
တကယ်တော့........
အချစ်ဆိုတာ ပူလောင်တယ်....။
ဒါပေမဲ့ လူတွေက ပိုင်ဆိုင်ချင်ကြတယ်...။
ဒါဟာ တိမ်တွေကို အတောင်ပံ
တပ်ပေးလိုက်သလိုပါပဲကွယ်...။
တခါ...တခါ အမုန်းမိုးအဖြစ်နဲ့
ရွာသွန်းတတ်တယ်.......
“ပိုးဖလံမျိုး မီးကိုတိုး” ဆိုသလို
“အချစ်မှာ မျက်စိမရှိ” ဆိုတဲ့စကားလဲ
ရာဇ၀င်ထဲမှာ အလကား
ထားခဲ့တာမှ မဟုတ်ပဲ.......
မိုက်တွင်းနက်နေတဲ့ ငါ့နှလုံးသားဟာလေ
နဲနဲလောက်တော့ အသိတရား
ရှိခဲ့ရင် ကောင်းမယ်.....။
ဒါပေမဲ့ ..မေ..နင်သိလေမလား....
သိစိတ်ကိုပဲ ထိန်းချုပ်လို့ရနိုင်တယ်....။
မသိစိတ် ဆိုတာက ဦးနှောက်နဲ့
ဆင်ခြင်ပြီး ထိန်းချုပ်လို့ရတဲ့
အရာမျိုး မဟုတ်လေတော့.....
ငါ့ဘ၀ရဲ့ အရှင်သခင်လို ....
ငါချစ်ရတဲ့ သမင်ပျိုမလေးရေ......
အဆုံးသတ်တဲ့ တနေ့မှာလေ.....
အရှုံးတွေနဲ့ငါ . နင့်ရှေ့မှာ
ငိုမနေပါရစေနဲ့လားကွယ်.......
Subscribe to:
Posts (Atom)