ခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
အိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း
အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို
ကိုယ်သာ အပြစ်တင်နေမိတော့တယ်
ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ်
မထင်တဲ့ ငါ့အချစ်တွေ
ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ
သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ
အားလုံးဟာ အသစ်..အသစ်
ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ်
ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ်
သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ်
မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ်
ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ်
သံမဏိလို သဘောထားကို
မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့
ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ
ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ်
( မမရိုးမြေကျ ပြောသလို စာတွေအဆက်ပြတ်သွားမှာ စိုးလို့သာတင်ရတယ် ..မိုးနတ်ကွန်ပြူတာကို မကြည့်
နိုင်သေးပါဘူး..ခု အသစ်တစ်ပုဒ်တင်ဖို့တောင် မနဲ အားတင်းပြီး ကွန်ပြူတာကို ကြည့်ရပါတယ် အဲဒါကြောင့် နေကောင်းမှ အိမ်တွေလိုက်လည်ရင်း စာကြွေးတွေဆပ်ပါရစေနော်..မိုးနတ်ကို
နားလည်ပေးပါရှင်.....အားလုံးကို သတိရနေပါတယ်နော်.........အားလုံးရဲ့ မိုးနတ်ကြယ်စင် )
ခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
ReplyDeleteအိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
အရမ်းကောင်းတယ်...း)
ခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
ReplyDeleteအိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
ကဗျာကောင်းလေးကိုအားပေးခဲ့ပါတယ်...ကျန်မာရေးဂရုပြုပါနော်...ခင်တဲ့နှင်းဆီ
ဟုတ်တယ်။အစ်မလဲအခုကွန်ပျူတာကြည့်ရင် ဇက်ကြောတွေအရမ်းထိုးတက်လာတာ။ ဂိမ်းကစားခဲ့တဲ့ အကျိုးတွေလေ။ မိုးနတ်လေးရေ ကျန်းမာရေးကို ဂရုစိုက်ပါ။
ReplyDeleteအဖော်ရှိတယ်သိလား အစ်မလဲ တစ်ကိုယ်တော်အိပ်မက်ကို ဆက်မက်နေတုန်းပဲ။
ကဗျာလေးကောင်းတယ် ကျန်းမာရေးဂရုစိုက်အုံး
ReplyDeleteခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
ReplyDeleteအိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား------
ကောင်းလိုက်တဲ့ စာသားလေးတွေမိုးနတ်ရေ ပျောက်နေပြန်ပြီ
ခုတလော မတွေ့ဘူးနော် နေကောင်းရဲ့လားကွယ်
ဂရုစိုက်နော်ညီမငယ်ရေ
ချစ်တဲ့ sis jasmine
ကဗျာလန်းလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ReplyDeleteကဗျာတွေ လတ်ဆတ်သလို
ကျန်းမာရေး လတ်ဆတ်နိုင်ပါစေ ။
ကဗျာလေးလာရောက်ခံသွားတယ်မိုးနတ်ရေ..
ReplyDeleteဒီကဗျာလေးကို ကျနော် သဘောကျတယ်ဗျာ
ReplyDeleteအားလုံးဟာ အသစ်..အသစ်
ReplyDeleteဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ်
ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ်
သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ်
မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ်
မိုးနတ်ရေ ကျန်းမာရေးလေးဂရုစိုက်ပါနော် ကဗျာလေးကောင်းပါတယ်
ကွန်ပြူတာကို အာသာပြေယုံလောက်လေးပဲသုံးပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
မင်းအကြောင်း တွေးလိုက်တိုင်း
ReplyDeleteရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ်
မထင်တဲ့ ငါ့အချစ်တွေ
ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ
သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ
အားလုံးဟာ အသစ်..အသစ်
အမမိုးနတ်ရဲ့ရင်တွင်းဖြစ်ကဗျာလေးများခံစားသွားပါတယ်
ကဗျာစာသားလေးတွေကအရမ်းမိတယ်။
ReplyDeleteဘာပဲဖြစ်ဖြစ်အထီးကျန်နေတာခြင်းတော့တူတယ်။နောင်လည်းကဗျာတွေဆက်ရေးနော်။
အစ်မကို အမြဲအားပေးနေမယ်နော် " Fighting"
ကဗျာစာသားလေးတွေကအရမ်းမိတယ်။
ReplyDeleteဘာပဲဖြစ်ဖြစ်အထီးကျန်နေတာခြင်းတော့တူတယ်။နောင်လည်းကဗျာတွေဆက်ရေးနော်။
အစ်မကို အမြဲအားပေးနေမယ်နော် " Fighting"
ကဗျာလေး လာအားပေးသွားတယ်
ReplyDeleteကျန်းမာခြင်းသည် လာဘ်တစ်ပါး
မြန်မြန်နေပြန်ကောင်းနိုင်ပါစေသား
ကဗျာလေး လာဖတ်သွားတယ် ညီမလေး မိုးနတ်ရေ။ ဒီတခါ ညီလေးနဲ့ ညီမလေး မမှားတော့ဘူး :D
ReplyDeleteအင်း အနော်လာလည်သွားတယ်နော်ကဗျာလေးတွေကအစီအရီနဲ့အားလုံးဖက်လို့ကောင်းလိုက်တာဗျာ...
ReplyDeleteဒီကဗျာလေးပိုကြိုက်တယ်..
ကဗျာကောင်းလေးမှို့ ကူးယူသွားတယ်နော် မမမိုးနက် ညအိပ်ယာဝင်ပြီးတိုင်း နံနက်မျက်နာသစ်ဖို့ ပြန်လည်နိုးနိုင်ဖို့ကျနော်ဆုတောင်ပေးနေတယ်နော် ထာဝရကျန်းမာပါစေ...ကဗျာလေးတွေကတော့ထာဝရရှင်သန်နေမှာပါမမ...
Delete