မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတဲ့ မင်းဟာ
ကိုယ့်ဘ၀ရဲ့ အလင်းရောင်လေးပဲလား...?
ကိုယ်ဟာ မင်းဘ၀ရဲ့
မိုးသောက်ကြယ်လေး ဖြစ်ခဲ့မယ်ဆို
မင်းဟာလဲ ကိုယ့်ဘ၀ရဲ့
မျှော်လင့်ချက် အလင်းရောင်
မီးရှုးတန်ဆောင်လေးပါပဲ
မင်းက ဂစ်တာတီးပြီး
သီချင်းတွေ ဆိုနေတုန်း....
ကိုယ်က မင်းရဲ့ဘေးနားမှာ အားပေးလို့
မင်းလဲကျ ရှုံးနိမ့်ချိန်မှာ ကူညီဖေးမမဲ့သူဟာလဲ
ကိုယ်ပဲဖြစ်ရပါစေမယ်
ကိုယ်တို့ နှစ်ဦးစလုံးရဲ့ ဘ၀ဟာ
ပျော်ရွှင်ကြည်နူးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်
ကြေကွဲဝမ်းနဲနေရချိန်မှာပဲ ဖြစ်ဖြစ်
အမြဲမခွဲပဲ လက်တွဲအတူတူ ရှိနေကြမယ်နော်
ဒီကဗျာလေးက ရေးထားတာ တော်တော်ကိုကြာနေပြီ...ပြောရရင် ကဗျာရေးတတ်ခါစကလက်ရာလေးပါ..
( အမှန်တော့ ကဗျာအသစ်တွေရေးထားတာ အများကြီးရှိပါတယ်...ဘလော့ဂါမောင်နှမတွေကိုလဲ
ပေးဖတ်ချင်တာတွေ အများကြီးပါပဲ...ဒါပေမဲ့ ဒီရက်ထဲ မိုးနတ် စိတ်လေနေလို့..ပြီးတော့ ကွန်ပြူတာကို
ကြာကြာကြည့်ရင်လဲ ခေါင်းကမူးမူးနေလို့...အိမ်တွေလဲ သိပ်မလည်နိုင် ပို့စ်သစ်တွေလဲ တင်ချင်စိတ်မရှိ
ဖြစ်နေရပါတယ်...အားလုံးနားလည်ပေးကြပါနော်...မတွေ့ကြပေမဲ့ အားလုံးကိုသတိတရရှိနေကြောင်းပါရှင် )
မင်းက ဂစ်တာတီးပြီး
ReplyDeleteသီချင်းတွေ ဆိုနေတုန်း....
ကိုယ်က မင်းရဲ့ဘေးနားမှာ အားပေးလို့
မင်းလဲကျ ရှုံးနိမ့်ချိန်မှာ ကူညီဖေးမမဲ့သူဟာလဲ
ကိုယ်ပဲဖြစ်ရပါစေ..........
ကောင်းတယ်သူငယ်ချင်းခံစားချက်တွေက
ဘယ်သူမှမဦးခင်အရင်မန့်ခွင့်ရလို့ပျော်တယ်
ခင်တဲ့.......
အသည်းလေး
ဘယ်တော့မှ လမ်းမခွဲကြေးပေါ့နော်။
ReplyDeleteအားလုံးကို သတိတရရှိတယ်ဆိုလို့ ၀မ်းသာပါတယ်။
ခင်မင်တဲ့
မိုးနတ်ရေကဗျာလေးအားပေးရင် ခေါင်းမူးသက်သာပြီးကျန်းမာပါစေနော်
ReplyDeleteမင်းလဲကျ ရှုံးနိမ့်ချိန်မှာ ကူညီဖေးမမဲ့သူဟာလဲ
ReplyDeleteကိုယ်ပဲဖြစ်ရပါစေမယ်
ကိုယ်တို့ နှစ်ဦးစလုံးရဲ့ ဘ၀ဟာ
ပျော်ရွှင်ကြည်နူးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်
ကြေကွဲဝမ်းနဲနေရချိန်မှာပဲ ဖြစ်ဖြစ်
အမြဲမခွဲပဲ လက်တွဲအတူတူ ရှိနေကြမယ်
အရမ်းကောင်းတဲ့စိတ်ကူးလေးပါ မိုးနတ်ရေ
ချစ်တဲ့ sis jasmine
ကဗျာလေးခံစားပြီး ကြည်နူးစိတ်ဖြစ်မိပါတယ် ။
ReplyDeleteလင့်ခ်ချိတ်ထားလိုက်ပါတယ် ။
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
ခံစားချက်လေးကောင်းတယ် ကျန်းမာရေးလဲ ဂရုစိုက်အုံးနော်
ReplyDeleteကိုယ်ဟာ မင်းဘ၀ရဲ့
ReplyDeleteမိုးသောက်ကြယ်လေး ဖြစ်ခဲ့မယ်ဆို
မင်းဟာလဲ ကိုယ့်ဘ၀ရဲ့
မျှော်လင့်ချက် အလင်းရောင်
မီးရှုးတန်ဆောင်လေးပါပဲ
ကောင်းတယ်နော်...
အမက အဲ့လိုကြည်နူးစရာလေးတွေသိပ်မရေးတတ်လို့ 
ရေးတတ်တဲ့ သူတွေကိုသဘောကျတယ်..း)
ကိုယ်တို့ နှစ်ဦးစလုံးရဲ့ ဘ၀ဟာ
ReplyDeleteပျော်ရွှင်ကြည်နူးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်
ကြေကွဲဝမ်းနဲနေရချိန်မှာပဲ ဖြစ်ဖြစ်
အမြဲမခွဲပဲ လက်တွဲအတူတူ ရှိနေကြမယ်နော် ....
အေးအတူပူအမျှပေါ့.. အဲ့ဒီမျှော်လင့်ချက်လေးက မိန်းမသားတွရဲ့နူးညံ့သိမ်မွေ့တဲ့အချစ်ကို ပိုပြီးတန်ဖိုးရှိအောင် ပံ့ပိုးပေးတယ်လို့ ကိုယ်တော့မြင်တယ်..
ကဗျာလေးကောင်းတယ်မိုးနတ်ရေ...
ကျန်းမာရေးလည်း ဂရုစိုက်အုံးနော် :)
ခင်တဲ့
လေပြေ
မင်းလဲကျ ရှုံးနိမ့်ချိန်မှာ ကူညီဖေးမမဲ့သူဟာလဲ
ReplyDeleteကိုယ်ပဲဖြစ်ရပါစေမယ်
ကိုယ်တို့ နှစ်ဦးစလုံးရဲ့ ဘ၀ဟာ
ပျော်ရွှင်ကြည်နူးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်
ကြေကွဲဝမ်းနဲနေရချိန်မှာပဲ ဖြစ်ဖြစ်
အမြဲမခွဲပဲ လက်တွဲအတူတူ ရှိနေကြမယ်..
အ၇မ်းကောင်းတဲ့ကဗျာလေးပါ...
**အိပ်ရေး၀၀အိပ်ပါနော်**
မိုနတ်ရေ
ReplyDeleteအဖေါ်မွန်ကဗျာလေးအားပေးသွားပါတယ်။
ခေါင်းမူးနေတယ်ဆိုတော.ကျန်းမာရေးလည်းဂရုစိုက်
အုန်းနော်။ခင်တဲ.အန်တီလေးမေခင်
ကိုယ်ဟာ မင်းဘ၀ရဲ့
ReplyDeleteမိုးသောက်ကြယ်လေး ဖြစ်ခဲ့မယ်ဆို
မင်းဟာလဲ ကိုယ့်ဘ၀ရဲ့
မျှော်လင့်ချက် အလင်းရောင်
မီးရှုးတန်ဆောင်လေးပါပဲ
ကဗျာလေးခံစားသွားပါတယ်အမမိုးနတ်
အမှန်တော့ အိပ်ရေးပျက်တာကလဲများ...ဟိုရက်ကလဲဖျားထားသေးတယ်.
ReplyDeleteဒီကြားထဲ ကွန်ပြူတာကိုလဲ အလွတ်မပေးပဲ နေ့တိုင်းနေ့တိုင်းကြည့်နေတော့.
ဆရာဝန်က မျက်မှန်တပ်နေရလိမ့်မယ်လို့ပြောပြီး...အာရုံကြောအားဆေး ၂လသောက်ရမယ်တဲ့....ဟင့်..ဘယ်လိုလုပ်ရပါ့ ...အိမ်လေးနဲ့မှ မခွဲနိုင်တာကို...ဒါပေမဲ့ မသက်သာရင်တော့...နဲနဲနားရမယ်ထင်တယ်..
မဟုတ်ရင် မျက်မှန်တပ်ရမှာစိုးလို့လေ....တကယ်လို့ လိုင်းပေါ်ကို မလာဖြစ်ဘူးထင်ရင်လဲ ပို့စ်တွေကိုတော့ မှန်မှန်တင်ပေးပါ့မယ်..ဘော်ဘော်တွေ အိမ်တွေကို လိုက်မလည်နိုင်ရင်တော့ ခွင့်လွှတ်ကြပါနော်....
စာတွေအများကြီး ရေးနိုင်ပါစေ မိုးနတ်ရေ.. ချစ်စရာအဖော်မွန်လေးနဲ့လည်း လက်တွဲနိုင်ပါစေ :)
ReplyDeleteနားနားနေနေနေပါ မိုးနတ်ရေ.. မျက်လုံးဆိုတော့ ဂရုစိုက်နော် ...
ReplyDeleteဆေးလဲမှန်မှန်သောက်.. :)
ကဗျာလေး ခံစားသွားရင်း...
ဟမ်မိုးနတ်လေးလဲ အာရုံကြောအားဆေးသောက်နေရတာလား။အစ်မက သုံးလသောက်ရမှာ။အဖော်ရှိသွားပီ။ဟေး။ ဒါပေမယ့် စာတွေတော့ အဆက်မပြတ်တင်ပါကွယ်။ အဖော်မွန်လေးနဲ့လဲ မခွဲအတူရှိပါစေ။
ReplyDeleteကျွန်တော်လည်း အစ်မ ခံစားရသလိုပဲ ခံစားနေရတယ်
ReplyDeleteဒါကြောင့်မို့ ဟာသဆန်ဆန်လေးတွေပဲ ရေးနေမိတာ
ကဗျာလေးကို ဖတ်သွားတယ် ... နင့်သွားသလိုပဲ
တိုက်ဆိုင်လွန်းလို့ ....
ကျန်းမာရေး ဂရုစိုက်ပါ အစ်မရေ
မိုးနတ်ရေ စိတ်က ဘာဖြစ်လို့ လေရတာလဲဟင်
ReplyDeleteခေါင်းမူးတာက အာရုံကြောအားနည်းလို့ ထင်တယ်
ကွန်ပြူတာကြည့်တာနဲနဲလျော့ပေါ့နော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
အစ်မရေ...အစ်မကဗျာထဲကလို
ReplyDeleteနှလုံးသားချင်း တသားထဲကျမယ့် ချစ်သူမျိုး
လိုချင်လိုက်တာဗျာ
အားဆေးလည်းတိုက်မယ် .. ခေါင်းမူးပျောက်ဆေးလည်း တိုက်သွားမယ် ..း))
ReplyDeleteကျန်းမာရေးဂရုစိုက်ပါ .. နေကောင်းတော့ အိမ်တွေလိုက်လည်ပေါ့ ..း))
အဖော်မွန်လေးနဲ့ ဘ၀တသက်တာ ပျော်ရွှင်စွာနဲ့ အတူလက်တွဲနေနိုင်ပါစေ ..း)