ပြက္ခဒိန်တွေသာ တစ်ရွက်ပြီးတစ်ရွက် ပြောင်းသွားတယ်
အလွမ်းတွေဟာ ခြေရာချင်းထပ်နေလို့..
အသက်. ..ရှင်သန်နေခြင်းဟာ
အဓိပ္ပါယ်ရှိရဲ့လားတောင် ငါမသိတော့ဘူးကွယ်
ရှေ့ဆက်ဖို့က မျှော်လင့်ချက်က ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ဘာပဲဖြစ်ဖြစ် အချစ်ကို ကိုးကွယ်မိနေမှတော့
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အစွဲအလမ်းတွေကို
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့..
ညစဉ်ညတိုင်းလိုလို......
မျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့ ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့ အရာဟာ တခါတရံမှာ
အိပ်မက်အဖြစ်သာ ငါ့ဆီကို
အလည် ရောက်ရောက် လာတတ်တယ်
အချိုးအကွေ့တွေနဲ့ နေသားကျလို့
ဒါဟာ “ဘ၀” ပါလို့
အမည်နာမ မပေးလိုက်ပါရစေနဲ့
အမှောင်ရောက်လို့ အလင်းပျောက်မှာကို
စိုးရွံ့မိနေလို့.....
ထုံးစံအတိုင်း...
ညကလဲ နက်ဆဲ
ဘ၀ကလဲ ခက်ဆဲ
ဒါပေမဲ့လဲ .......
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..
အမလေး ကောင်းလိုက်တဲ့ကဗျာ။
ReplyDeleteဘာတဲ့
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..
ကဗျာကောင်းလေးပါလား
ReplyDeleteအရမ်းအရမ်းမိုက်တယ်..
ReplyDeleteစာသားရော.. အကုန်ကြိုက်၏..
ကဗျာတပုဒ်လုံး..ရင်ကိုတုန်ခါသွားပါတယ်...
ReplyDeleteစာသားလေးတွေအ၇မ်းလှတာပဲ..။။
မိုးနတ်ရေ ကဗျာလေးလှတယ်။
ReplyDeleteစစဖတ်ချင်း ထွန်းအိန္ဒြာဗိုလ်သီချင်းကို သွားသတိရတယ်။ "မိုးတွင်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွား နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်..."။
"မျှော်လင့်ချက်တွေ မျက်နှာကြက်မှာ ချိတ်ဆွဲ"နားလည်း ရောက်ရော၊ မျက်နှာကြက်ကို တစ်ချက်မော့ကြည့်လိုက်သေးတယ်။
ဥပမာ၊ ဥပမေယျလေး(တင်စားပုံလေး)တွေ အရမ်းသဘောကျတယ်။
ခင်မင်တဲ့
ခံစားချက်တွေတူနေလို့လားမသိဘူး အရမ်းကြိုက်တယ် မိုးနတ်ရေ..
ReplyDeleteညစဉ်ညတိုင်းလိုလို......
ReplyDeleteမျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့ ၀န်းရံ ကခုန်ပျော်မြူးတယ်
မိုးနတ်ရေ စာသားလေးတွေနူးညံသိမ်မွေ့ ပြီး ရင်ထဲထိထိုးဖောက်နှောက်ယှက်သွားတယ်
ဒီကဗျာလေးဖတ်ပြီး ချစ်သူကိုပြေးသတိရမိသွားတယ်
တခါတလေ အတွေးတွေနဲ့ လဲမိုးသူပျော်နေတတ်တယ်
မိုးနတ်ကဗျာကောင်းတွေဆက်လက်ထုဆစ်နိုင်ပါစေ
ပျော်ရွှင်ပါစေနော်
ခင်မင်တဲ့ 
မိုးသူ(တောင်ကြီး)
ညကလဲနက်ဆဲ
ReplyDeleteဘ၀ကလဲ ခက်ဆဲ
နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိနေတယ်။
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ReplyDeleteဘာပဲဖြစ်ဖြစ် အချစ်ကို ကိုးကွယ်မိနေမှတော့
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အစွဲအလမ်းတွေကို
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့
မိုးနတ်ေ၇ကဗျာလေးတွေကအ၇မ်းကောင်းတယ်
ခင်မင်တဲ့.........အသည်းလေး
မျှော်လင့်ချက်တွေကို
ReplyDeleteနံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့ ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့ အရာဟာ တခါတရံမှာ
အိပ်မက်အဖြစ်သာ ငါ့ဆီကို
အလည် ရောက်ရောက် လာတတ်တယ်
ကောင်းလိုက်တဲ့ ကဗျာလေးနော် ဖတ်ရှုအားပေးသွားပါတယ်ခင်ဗျာ
ရိုးစင်းပေမယ့် လှပသော ကဗျာတစ်ပုဒ် ။
ReplyDeleteညဥ့်နက်နက်မှာ ဘဝခက်ခက်ကိုရင်ဆိုင်ရင်း သောကအလွမ်းတွေ ခဝါချနိုင်ပါစေ မိုးနတ်ရေ။
ReplyDeleteကဗျာလေးအားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဲသည့် အကြင်နာ မ ဘုရားက ဘယ်သွားနေတာတုန်းး)
ReplyDeleteအချစ်ဆိုတာ အဲသည်လိုဘဲ ထင်ပါ့ဗျာ....
နွေးထွေးမှု့တွေအောက်မှာ ခရီးရှည်ကို လျှောက်နိုင်ပါစေ။
အကြင်နာ “မ” ဘုရား
ReplyDeleteအလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်.. ကဗျာကောင်းလေးကို အားပေးသွားပါတယ် မိုးနတ်ရေ
အကြင်နာမဘုရား
ReplyDeleteအလှတစ်ပါးကိုတော့ဖြင့်
ရင်ခုန်စွာနဲ့မျှော်လင့်မိချင်သေးတယ်
မိုးနတ်ရေ ကဗျာလေးကိုကြိုက်တယ်ကွယ်
မဒမ်ကိုး
ကဗျာလေးက ထိတယ် ၊ မိတယ်။
ReplyDeleteအရေးအသားလေးကြိုက်တယ်။
စကားလုံးတိုင်းကြိုက်တယ်။
အချိုးအကွေ့တွေနဲ့ နေသားကျလို့
ReplyDeleteဒါဟာ “ဘ၀” ပါလို့
အမည်နာမ မပေးလိုက်ပါရစေနဲ့
အားပေးခံစားသွားပါတယ်
မိုးနတ်လေးရေ
ReplyDeleteမကြီးလွမ်း လာရောက်အားပေးသွားတယ်။
ကောင်းလိုက်တဲ့ အရေးအသားတွေ။
အားပေးနေမယ်။
အကြင်နာ “မ” ဘုရား တဲ့။
ReplyDeleteသဘောကျလိုက်တာ အဲဒီအသုံးနှုန်းလေးကို။ :)
နူးညံ့တဲ့ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ မိုးနတ်ရေ
ReplyDelete" ရှေ့ဆက်ဖို့က မျှော်လင့်ချက်က ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး "
သည်စာသားလေးကိုတွေ့တော့ ဟိုသီချင်းကိုသတိရမိသား
♪♫♪♫ နောက်ဆုတ်ဖို့ကြိုးစားရင်း ....... ရှေ့တိုးမိတယ် ...♪♫♪♫
♪♫♪♫☺ မေ့ပျောက်ဖို့ကြိုးစားမှ သတိကရနေပြန်ပြီ ♪♫♫♪♪♪ ♫♫♫
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော် မိုးနတ်ရေ ..
ခင်တဲ့(အိမ်မက်ကောင်းကင်)
အစ်မရေ...
ReplyDeleteအလည်လာပြီး ကဗျာလာဖတ်သွားပါတယ်...
အချစ်ကဗျာတွေ အများကြီး ရေးနေတာထက် အချစ်မဟုတ်တဲ့ တခြားကဗျာလေးတွေကိုလည်း ရေးကြည့်စေချင်ပါတယ်...
ခင်တဲ့
HO
ဟုတ်..အကြံပေးတဲ့ အတွက်ကျေးဇူးပါရှင်...
ReplyDeleteမိုးနတ် က ကဗျာလဲအရေးကောင်းပါလားဝေ့
ReplyDeleteတကယ်ကိုလန်းတယ်သိလား
ခင်မင်တဲ့ sis jasmine
တော်တော်ကောင်းတဲ့ကဗျာခံစားမှုလေးတွေပါ
ReplyDelete