ရဲရင့်ခြင်း လှံကိုကိုင်စွဲ
တိုက်ပွဲဆီ ရဲရဲ ငါချီတက်ခဲ့တယ်
နောက်မဆုတ်ဘူး အမေ့သားငယ်
ဘယ်သူ့ ၀မ်းကြာတိုက်က
မွေးဖွားခဲ့တာမို့လဲကွယ်
ဘာမထီ လာနီတဲ့ စစ်သွေး
အဲဒါ အဖိုးပေးခဲ့တဲ့
အမွေတဲ့လေး
(
 နက်ဖြန်၂၇.၃.၂၀၁၃မှာ ကျရောက်မဲ့
တပ်မတော်နေ့အတွက်  အမှတ်တရဂုဏ်ပြုကဗျာလေးပါ....
တကယ်ဆိုမိုးနတ်  ကဗျာအသစ်တွေတင်ဖို့ ပျက်ကွက်ခဲ့တာ 
ကြာပေါ့....
၂၁ ရက်နေ့  ကမ္ဘာ့ကဗျာများနေ့တုန်းကလဲ  အမှတ်တရ 
တင်မယ်ဆိုပြီး  မတင်လိုက်ရဘူးးးးးးးး မိုးနတ် အလုပ်တွေအရမ်းရှုပ်ပြီး
လူကလဲ  တော်တော်ပင်ပန်းနေတယ်.....နောက်ပြီး
ဇက်ကြောကလဲ အရင်ထက်ပိုပြီး   ပြန်တက်လာလို့ အာရုံကြောဆေး
ပြန်သောက်နေရသလို  ဆေးတွေလဲ လိမ်းနေရတယ်....
အဲလို  အခြေအနေတွေကြောင့်  မိုးနတ် အသစ်တွေ
တင်ချင်ပါရက်နဲ့  မတင်ဖြစ်ရတာကို နားလည်ပေးကြလိမ့်မယ်လို့
ထင်ပါတယ်.....အစကတော့ မိုးနတ် စိတ်ပျက်ပျက်နဲ့ ဘလော့လေးကို 
ဒီအတိုင်းပဲပစ်ထားလိုက်တော့မလို့..... တကယ်ကို အဲလိုကြီးကို
စဉ်းစားမိတော့တာ.....ဘာကြောင့်ဆို  ဇက်ကြောအရမ်းတက်ပြီး 
ခေါင်းမူးတဲ့ဒဏ်ကို   မိုးနတ်မခံနိုင်ဘူးးးးးးး တကယ်က 
ကွန်ပြူတာသုံးတဲ့  တခြားဘယ်သူမှလဲ ခံနိုင်မယ်မထင်ပါဘူးးးးးးး 
အတော်ဆိုးတဲ့  အညောင်းထိုင်ခြင်းရဲ့  နောက်ဆက်တွဲ 
အကျိုးဆက်ကိုးးးးးးးးး  ဒါပေမဲ့လဲလေ  ဒီလောက် အိမ်လေးကို
ခင်တွယ်တဲ့သူက  ကျန်းမာရေးကြောင့်  အလွယ်တကူ 
နောက်ဆုတ်မယ်ဆိုတာ  ဟုတ်တော့မဟုတ်သေးဘူးပေါ့လေ....
အရမ်းခင်တွယ်လွန်းလို့  တနေ့တနေ့လိုင်းပေါ်ရောက်ရင် 
ဖဘတို့  ဂျီတော့  ဂျီးမေးတို့သာ  မဖွင့်ရင်နေမယ်......
အိမ်လေးကိုတော့  နေ့တိုင်းဝင်စစ်ပြီး  တတ်နိုင်သရွေ့အိမ်လည်လဲ 
မပျက်ကွက်အောင် ဂရုတစိုက်ရှိနေမိတာက သက်သေဖြစ်နေသလိုပဲ...
(အသားလွတ်ဝင်ကြွားတယ် မထင်စေချင်ပါဘူး
မိုးနတ်ရင်ထဲက  တကယ့်စေတနာပါ) ....
လူတိုင်းလူတိုင်းဟာ ကိုယ်ဘာလေးပဲ  ရေးရေး .....
ကိုယ်ရေးထားတာလေးကို  တစ်ယောက်မဟုတ် တစ်ယောက်က
ချီးမွမ်းစကားဆိုတာကိုတော့ ခံချင်ကြမှာပဲ....နောက်ဆုံး ချီးမွမ်းစကား
မဟုတ်ရင်တောင် သာမန်ကာလျှံကာလေးပဲ ကောင်းတယ်လို့
ပြောပြော သဘောကျနှစ်ခြိုက်နေမိကြမှာ အသေအချာပါ...
အဲ့ဒါကြောင့်လဲ ချန်ခဲ့တဲ့ ကွန်မန့်လေးတွေကို တခြားဘယ်အရာနဲ့မှ 
မလဲနိုင်အောင်  တန်ဖိုးထားကြတာနေမှာ...တခြားသူတွေ 
အတွက်တော့  မသိဘူးရှင်.....မိုးနတ်အတွက်တော့
အဲလောက်တောင်  တန်ဖိုးကြီးမြင့်လွန်းတယ်......ဒီလိုပြောလို့ 
လိမ်လည်ဟန်ဆောင်ပြီး  မကောင်းလဲ ကောင်းတယ်ပြော 
မကြိုက်လဲ ကြိုက်တယ် ပြောရမယ် မဆိုလိုပါဘူးးးးးးး 
မိုးနတ်အတွက်ကတော့  ဘာပဲဖြစ်ဖြစ်  ဝေဖန်ပေးကြပါ...
ပြုပြင်ပေးကြပါ.....သင်ပြပေးကြပါ....မိုးနတ်အားလုံးကို
လေးစားစွာနဲ့ လက်ခံနာယူပေးမှာပါ....အဲလို သင်ပြပေး ဝေဖန်ပေးမှ 
မိုးနတ်တို့လို အသစ်တွေက တိုးတက်လာအရည်အချင်းရှိလာမှာပေါ့..... 
  
အဲ့ဒါနဲ့  အကောင်းဆုံးဖြစ်မယ်ထင်တာကို  စဉ်းစားပြီး ခုလက်တွေ့
အကောင်အထည်ဖော်ကြည့်မလို့........မိုးနတ်နောက်ဆို 
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
တစ်ပတ်တခါလောက် ကဗျာအသစ်တွေ တင်ပေးပါ့မယ်......
ဒါပေမဲ့  ဘယ်မောင်နှမတွေဆီကိုမှတော့  အိမ်လည်
မလာနိုင်သေးဘူးပေါ့နော်....အကြောင်းက ဆရာဝန်က မိုးနတ်ကို
တတ်နိုင်သရွေ့ပေါ့....ဖြစ်နိုင်ရင် တလလောက်ကို ဆက်တိုက် 
ကွန်ပြူတာ မသုံးပဲ နားနေစေချင်တာ......အဲဒါကို မိုးနတ်က 
ချိုးဖောက်ပြီး  တပတ်တခါလောက်  အသစ်တင်ပေးကြည့်မလို့ ....
တကယ်က ပို့တွေကို အစဉ်အတိုင်း  တပတ်တခါ သူ့ဘာသာသူ
တင်သွားဖို့ စီစဉ်ထားလို့ရပါတယ်....ဒါပေမဲ့ ....ပို့စ်အသစ်တင်တာကို 
အကြောင်းပြုပြီး  မိုးနတ် အိမ်လေးကို ကိုယ့်ဘာသာ ကိုယ်လာပြီး 
အရိပ်ကြည့်လို့ရတာပေါ့......မိုးနတ်က  သူ့ကို သိပ်ချစ်တာလေ...
အပျောက်မခံနိုင်အောင် ချစ်မိပေမဲ့  ကျန်းမာရေးက 
ရှိသေးတယ်လေကွယ်........နဲနဲတော့ စိတ်လျှော့မှပဲ 
ရေရှည်အတွက် အဆင်ပြေနိုင်မယ် :PPPPPPPPPPP
အာ့ကြောင့် မိုးနတ် ထပ်ပြီးတောင်းပန်ချင်တာက မိုးနတ် 
အိမ်လည်တွေ  ပြန်လာနိုင်မှ  အားလုံးရဲ့ စာကြွေးတွေကို 
လာဆပ်ပါ့မယ်......အားလုံးကိုလဲ  မတွေ့ရပေမဲ့ 
အမြဲသတိတရရှိနေပါတယ်  ဆိုတဲ့အကြောင်း
သတင်းကောင်းပါးရင်းးးးးးးးးးးးးးးးးးးးးးးး 
  
ဒီခဏ အတွက်တော့ နှမ လက်လျှော့လို့ နေရင်း
ဒီညအတွက် အားလုံးကို  GoOd NiGhT ပါ :P
See U Next Weekkkkkk
Arr Bwarrrrrrrrrr :)
 
ဟုတ်ပ ...... မနက်ဖြန် တပ်မတော်နေ့ ပဲ .... ။ ကျန်းမာရေးလည်း ဂရုစိုက်ပါ မိုးနတ်ရေ ... ။
ReplyDeleteအင်း အကုန်မေ့ကုန်ပါပြီကွယ်...ဦးဟန်ကြည်တစ်ယောက် လောကနဲ့မဆိုင်ဖြစ်နေတာ ကြာပါပေါ့လားး)
ReplyDeleteကဗျာလေးကတော့ ကဗျာကောင်းလေးပဲ
No worries, please just take care of your health. I still will visit your blog and support you. ;)
ReplyDeletelove, witch83
ကဗျာလေးကရဲသွေးနီနေတယ် မိုးနတ်ရေ...
ReplyDeleteကျန်းမာရေးထက်အရေးကြီးတာဘာမှမရှိဘူးလေ...
မိုးနတ်ချစ်တဲ့ဘလော့လေးကိုအချိန်အကန့်အသတ်မရှိ
ကျန်းမာပျော်ရွှင်စွာနဲ့အမြန်ဆုံးပြန်အသုံးပြုနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ ... ကျန်းမရေးဂရုစိုက်နော် ... အထူးသဖြင့် မျက်လုံးပဲ ... ကွန်ပျူတာသမားတွေက များသောအားဖြင့် မျက်လုံးအတော်ထိခိုက်ကြတယ် ... အထူးဂရုစိုက်ပါနော် ... ကဗျာလေးတွေကို အဆက်မပြတ်ဖတ်နေရမယ်ဆိုလို့ ၀မ်းသာမိပါ၏ ... မိုးညလည်း မမကို သတိရနေပါတယ်နော် ... အာဘွားစ်စ်စ် ... :)
ReplyDeleteမကြီးမိုးနတ်ရေ ...
ReplyDeleteကျန်းမာရေးကို အရင်ဆုံး ဂရုစိုက်လိုက်ပါ
အာရုံကြောတွေနဲ့ ဆိုင်တာတွေ သိပ်တော့ မကောင်းဘူးရယ်
ကျန်းမာရေးကို ပထမ ဦးစားပေးပါဗျာ
ကျန်းမာမှ ကိုယ် လုပ်ချင်တာ လုပ်လို့ရမှလေ ဟုတ်ဘူးလား
မကြီး အမြန်ဆုံး သက်သာပါစေဗျာ
ဆုတောင်းပေးတယ် မကြီးရေ
ကွန်ပျူတာလဲသုံး ကျန်းမာရေးလဲဂရုစိုက်ပါကွယ်... အစစအရာရာ အဆင်ပြေ ငြိမ်းချမ်းပါစေ...
ReplyDeleteကဗျာလေးလဲ ခံစားသွားတယ်နော်...း)
Take care sis lay!!
ReplyDeleteကျန်းမာမှ..အလုပ်လုပ်နိုင်ပါမယ်.. :P
အသူကောတူတူပဲ..မျက်စိကတော်တော်ဒုက္ခပေးတယ်။အဲ့တာကြောင့် ရုံးချိန်ပြင်ပဆို..ကွန်ပြူတာရှေ့ကိုမထိုင်ဖြစ်တော့ဘူး။
ဂရုစိုက် ညီမလေး
ReplyDeleteအွန်လိုင်းသုံးနေတဲ့သူတွေ ကြုံနေရတဲ့ ဒုက္ခချင်းတူတူမို့ ကိုယ်ချင်းစာတယ်
တကယ်တော့ ဆေးတွေသောက်နေရချိန်ဆို ဆရာဝန်ပြောသလို ကွန်ပြူတာ မကြည့်ဘဲ ဆေးမှန်မှန်သောက်၊ စိတ်ရော လူရော နားပစ်လိုက်တာ အကောင်းဆုံးပါ..။
ခက်တာက တို့တတွေမှာ မနေနိုင်တဲ့ သံယောဇဉ်တွေက ရှိနေတော့....
ဂရုစိုက်ပြီး အမြန်ဆုံးကျန်းမာအောင်နေပါလို့ပဲ ပြောချင်တယ် ညီမလေးရေ... :) ။
နေမကောင်းရင်လဲ ဘလော့လေးကို ရန်ရှာကြတယ်။
ReplyDeleteချစ်သူနဲ့ အဆင်မပြေရင်လဲ ဘလော့လေးကို ရန်ရှာကြတယ်။
စိတ်တွေ အရမ်းညစ်နေရင်လဲ ဘလော့လေးကို ရန်ရှာကြတယ်။
ဘလော့လေးကို ပစ်ထားလိုက်တော့မယ် ဆိုတာချည်းဘဲ။
ပစ်ထားရဲ ပစ်ထားကြည့် သူကြီးမင်း တောင်ဝှေးစာ မိသွားမယ်။
မိုးနတ်ရေ ညီမလေး ဇတ်ကြောတက်ရင် Fame က ထုတ်တဲ့ မျက်စိအားဆေးသောက်ပါလား။မမလဲ အဲဒီဆေး တစ်နေ့နှစ်လုံးသောက်တယ်။ ကွန်ပျူတာကိုင်တဲ့သူက ရေရှည်မှာ မျက်စိအတွက် ကာကွယ်ထားမှာဖြစ်မှာလေ။ အာရုံကြောဆေးတင်မဟုတ်ဘဲ မျက်စိဆေးပါသောက်သင့်တယ်ညလေးမိုးနတ်ရေ။ ဂရုစိုက်ပါ။။။။
ReplyDeleteဟုတ်ကဲ့ပါ အကိုမောင်ဘုန်းရေ.... * မောင်ဘုန်း *
ReplyDeleteဂရုတစိုက်ရှိတာ ကျေးဇူးပါ အကိုတော် :)))
ဦးဦး * ဟန်ကြည် * ရေ....တခါတခါတော့လဲ အဲလိုပါပဲရှင် :)))
အိုးးးးးးးးး မမ * witch83 *
အားကိုးရတဲ့ နာ့အမရယ် အာ့ကြောင့်
ညလေးက အာဘွားပေးပါဒယ် ဟီးးးးးးးးးး
တီတင့်ပေးတဲ့ဆုနဲ့ မိုးနတ် အမြန်ဆုံးပြည့်ချင်ပါတယ် :) * တီတင့် *
တီတင့်ရော နေကောင်းပါရဲ့လားရှင်....မိုးနတ်က တီ့ကို
အရမ်းပဲ သတိရနေပါတယ်နော် :)))
မိုးနတ်လဲ တူတူပါပဲ မိုးညရယ် :P * မိုးညချမ်း *
ချစ်မောင်ရေး ပြောတဲ့ စကားကို အမနားထောင်ပါ့မယ်ဟယ် * နွေလ *
ဟုတ်ကဲ့ပါ မမ * မမနှင်းဆီရောင် * ရေ .....
* အသူ * ရေ....
ဒါဆို မိုးနတ်ရဲ့ အသူလေးက မိုးနတ်ထက်လိမ္မာတာပေါ့နော်.....
မိုးနတ်ကတော့ မိုက်တယ်ရှင့် :(((
မမ * ရွှေအိမ်စည် *
ညလေးအပေါ် အလေးထားဂရုစိုက်တဲ့အတွက်
ပြောမပြနိုင်အောင် ၀မ်းသာမိသလို
ကျေးဇူးလဲ တင်မိပါတယ် မ ရယ် :)))
မ လဲ နေကောင်း အစစအရာရာ အဆင်ပြေပါစေနော် :)))
ဟုတ်ကဲ့ပါ * သူကြီးမင်း *
ဒီတစ်ခါတော့ သူကြီးစကားကို
မြေ၀ယ်မကျနားထောင်ပါ့မယ်...:)))
ဘာလို့ဆို မိုးနတ် ဘလော့ဂါ
မောင်နှမတွေကို အားကြီးလွမ်းတယ်
တနေ့မှလဲ မေ့လို့မရခဲ့ဘူးးးးးးးးးးး
နောက်ပြီးးးးးးးးးးး ဟိုလေ
သူကြီး သိတယ်မဟုတ်လားးးးးးးးးးးး
ကိုကိုမောင် ဆိုတဲ့ လူကြီးပေါ့
အဲ့လူကြီးနဲ့လဲ မိမိုးနတ်
ရန်မဖြစ်ရတာ အတော်ကိုကြာပြီ
သူ့ကိုလဲ တခါတခါတော့
အတော်သတိရမိသားဗျ...:PPPPPPP
ဟုတ်လား ချစ်မ * မမရိုးမြေကျ *
အဲ့ဆေးကောင်းလားဟင် ???
ညလေးလဲ ၀ယ်သောက်အုံးမှပါပဲ
ဆေးညွှန်းပေးတာ ရှဲရှဲနိ :)))
ဒါထက် မ ကိုညလေး သိပ်သတိရတယ်...
ဘာလို့မှန်းတော့ မသိဘူး မ ရယ်
သတိရမိတာပါပဲ :)))
မိုးနတ်ရေ...နေကောင်းတယ်လား...သတိ၇နေတယ်....လေ...ကဗျာတွေလဲမေ၇းတော့ပါလားနော်...မျှော်နေတယ်လေ...မိုးနတ်ရေ...ဘာတွေဖစ်နေတာလဲ...စိတ်ပူနေတယ်နော်....
ReplyDeleteစာလေးတစောင်ပို့ပေးပါအုံး.ချစ်တဲံ..့..နှင်းဆီ ရဲ့ ...မိုးနတ်
ပြန်လာပါနော်..
ခုတလော ပျောက်နေပါတယ် အောက်မေ့တာ ညီမမိုးနတ်က နေမကောင်း ဖြစ်နေတာကိုး..၊ ဟုတ်တယ်နော်..၊ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ.. စတာတွေက လူတိုင်းဖြစ်ဖူးကြလို့ ဘာမှမဟုတ်သလို ထင်ရပေမယ့် တကယ်ခံရတဲ့အခါ အတော့်ကို ဆိုးတာ၊ သက်သာ ပျောက်ကင်းသွားအောင် ဆရာဝန် ပြောတဲ့အတိုင်း နားနားနေနေ နေပါ ညီမရေ..၊ စာတွေက နေကောင်းမှ လိုက်ဖတ်လည်း ရပါတယ်လေ...၊
ReplyDeleteတိုတိုလေးပေမယ့် ရဲရဲတောက်နေတဲ့ ကဗျာလေးကိုလည်း သဘောကျစွာနဲ့ ဖတ်သွားခဲ့တယ်နော်..။
အော် နှင်းဆီလေးရယ်.... * နှင်းဆီအေးမောင် *
ReplyDeleteမိုးနတ်လဲ ရို့စ်ကိုသိပ်သတိရတာပါပဲကွယ်...ဒါမဲ့
မိုးနတ် အခြေအနေကလဲ အဲလို အဲလိုဖြစ်နေတယ်ဆိုတော့ကာ
စာတော့ ရို့စ်ဆီ မပို့ပေးနိုင်တော့ဘူးးးးးးးးးးး တစ်ပတ်တစ်ခါ
ပို့စ်အသစ်တစ်ပုဒ်တင်နိုင်ဖို့တောင် အနိုင်နိုင်ရယ်....:(
အာ့ကြောင့် အရမ်းသတိရနေတယ်ဆိုတာပဲ ပြောရင်း
ကဗျာတွေဆက်တင်ပေးပါ့မယ်လို့ပဲ ကတိပေးပါရစေ...:)
ရေးပြီးသားတွေက အများကြီးရှိတယ် ရို့စ်ရဲ့....
Butttttttttttttttttt :(((((((((
အို အကိုညီလင်း * ညီလင်းသစ် *
မိုးနတ်ကို သတိတရရှိလို့ အရမ်းဝမ်းသာမိတယ် တကယ် :)))
ညီမလေးလဲ မောင်နှမတွေ အားလုံးကို အရမ်းသတိရတယ်...
အကိုတို့မိသားစုဝင်တွေ အားလုံးရော နေကောင်းကြတယ်
မဟုတ်လားးးးးးးးးးးးးး ??? ဟိုမှာတော့ ရာသီဥတုက
သိပ်ပြီးနေလို့ကောင်းမှာပဲနော်.....ဒီမှာတော့ အရမ်း
ပူတယ် အကိုရ.....နောက်ပြီး ခရမ်းလွန်ရောင်ခြည်တွေ
များလွန်းတယ်လေ....ညီမလေးဆို အပြင်သွားရင်
လက်ရှည်ပါးပါးကလေးဝတ်ပြီး ထီးကို မဖြစ်မနေဆောင်း
သွားရတယ်....သားလေးကိုလဲ သတိရနေပါတယ်...
ချစ်စရာကောင်းတဲ့ သားလေးပုံတွေကို ညလေးပြန်လာ
ကြည့်ချင်လှပြီ.....ခုတော့..............
အင်းလေ....အကိုပြောသလိုပဲ စာကြွေးတွေက
နောက်မှ လိုက်ဆပ်ရင်း အိမ်လည်လာလို့ရပါတယ်...
ကျန်းမာရေးကသာ ပိုပြီးအရေးကြီးတာမို့ ညီမလေးလဲ
နဲနဲစိတ်လျှော့ထားတယ်...ဘယ်လိုလဲ
အကို့ညီမ လိမ္မာတယ်ဟုတ်...:PPPPP