Saturday, June 9, 2012

မျှော်လင့်ခြင်းလေး.....

ငါလေ မင်းရဲ့အပြုံးကို
စတွေ့ကတည်းက.......
ကဗျာတွေ ရေးတတ်ခဲ့တာ...
နွေးထွေးတဲ့ မင်းရဲ့အကြည့်တွေကလဲ
ငါ့အတွက် အင်အားတွေဖြစ်စေခဲ့လို့....
ဘာကိုမှ ဂရုမစိုက်
အရွဲ့တိုက်တတ်တဲ့ ငါတောင်
မင်းကြောင့် လောကကြီးနဲ့....
အဆင်ပြေအောင် နေတတ်လာပြီပဲ....
ကျေနပ်ပါတယ် ချစ်သူ.......
ကံကြမ္မာကြောင့် ငါတို့တွေ
တခဏတာပဲ  ဆုံတွေ့ခွင့်
ရခဲ့ကြပေမဲ့လို့................
ငါ့ရဲ့ တဘ၀တာလုံးကို
အဓိပ္ပါယ်ရှိစွာ ရပ်တည်သွားနိုင်ဖို့
မင်းက ခွန်အားတွေပေးခဲ့တာ......
လမ်းပျောက်နေတဲ့ ငါ့ရဲ့ဘ၀မှာ
မင်းဟာ ကန္တာရအလယ်က
လမ်းပြကြယ် တစ်ပွင့်လိုပါပဲ.....
အဲဒိညက ပြတင်းပေါက်မှန်မှာ
ပေါ်နေတဲ့ မင်းရဲ့မျက်နှာကို
တစ်ညလုံး ထိုင်ကြည့်ရင်း
ငုတ်တုတ်မေ့ခဲ့တာ........
အဲဒိနေ့ကစလို့ မင်းပြန်အလာကို
မျှော်ကြည့်တတ်တဲ့ အကျင့်ဖြစ်ခဲ့တာ.....
အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့
မင်းရဲ့မျက်နှာကို ငါဒီတသက်.....
ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး ချစ်သူ.....
အဲဒိလိုပဲ ငါတို့တွေ ပြန်ဆုံနိုင်ဖို့ကိုလဲ
မျှော်လင့်ဆုတောင်းရင်းနဲ့
သတိရခြင်းတွေနဲ့ အတူ
ငါမင်းကိုစောင့်လို့နေပါ့မယ် ချစ်သူ..................

1 comment:

  1. “အရွဲ့တိုက်တတ်တဲ့ ငါတောင်
    မင်းကြောင့် လောကကြီးနဲ့....
    အဆင်ပြေအောင် နေတတ်လာပြီပဲ....” ... အချစ်ဆိုတဲ့အရာက ဆန်းကြယ်သားနော် ... :)

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ