Thursday, July 12, 2012

ကောင်လေးရေ...


ကောင်လေးရေ....
နင်လဲချစ်သလို..ငါလဲချစ်တဲ့...
ငါတို့ရဲ့မြို့လေးကို ခဏခဏ
ပြန်မလာပါနဲ့နော်....
နင်ပြန်သွားပြီးရင် လွမ်းလွမ်းပြီး
ကျန်ရစ်ခဲ့ရတဲ့ ဝေဒနာကို ခံစားဖို့
ငါလေ  အဆင်သင့်မဖြစ်သေးလို့
ကျင့်သားမရသေးလို့ပါ ။
ကောင်လေးရေ...
နင်လဲချစ်သလို ငါလဲချစ်တဲ့...
ငါ့တို့ရဲ့မြို့လေးထဲမှာလေ...
နင်မရှိတော့ ...အရမ်းကို
တိတ်ဆိတ်ပြီး ခြောက်ကပ်နေလိုက်တာ
ငါတစ်ယောက်ထဲ တကယ့်ကို
အထီးကျန်ဆန်လိုက်တာဟာ...
ငါတို့ရဲ့မြို့လေးတောင် နှင်းငွေ့တွေကြားမှာ
အသက်မဲ့သွားသလိုပဲ...။
ကောင်လေးရေ.....
နင်လဲချစ်သလို...ငါလဲချစ်တဲ့
ငါတို့ရဲ့မြို့လေးထဲမှာ......
ငါနင့်ကို စောင့်နေတယ်လေ.....
ငါလွမ်းသလို နင်လဲလွမ်းတတ်မယ်ဆိုရင်
ခုချိန်ဆို နင်ငါ့ဆီပြန်လာဖို့ကောင်းပြီပေါ့ ။

4 comments:

  1. ကဗျာလေး ဖတ်သွားတယ် ညီမလေးရေ..

    ကောင်လေး၊ကောင်မလေးဆိုတဲ့ အသုံးအနှုန်းလေးတွေနဲ့ ရင်းနှီးခဲ့ဖူးတဲ့ အချိန်တစ်ချို့ကို ပြန်လည်သတိရသွားတယ်။

    ချစ်ခင်စွာနဲ့
    မြတ်

    ReplyDelete
    Replies
    1. မမမြတ်..ကျေးဇူးပါနော်...မိုးနတ်ကို အားပေးပါ...အသစ်ဆိုတော့ ဘာမှကိုမသိဘူးဖြစ်နေတယ်၊ မမမြတ်က တော်တယ်နော်.မိုးနတ်အရမ်းအားကျမိတယ်၊ အကိုလွင်ပြင်လဲ တော်တယ်သိလား၊ ကျန်တဲ့သူတွေလဲ တော်ကြပါတယ်..အဲဒါကြောင့် မိုးနတ်လဲကြိုးစားနေပါတယ်၊

      Delete
  2. ကောင်လေးရေ မြို့လေးမှာစောင့်နေတယ်တဲ့ မြန်မြန်ပြန်တော့နော် ။

    ReplyDelete
  3. အကိုလွင်ပြင်ရေ..ကောင်လေးကိုပြောပေးတဲ့အတွက်ကျေးဇူး.......မိုးနတ်ကသူ့ကိုစောင့်နေတာ..

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ