Sunday, January 13, 2013
မေ့ဆုတောင်း
မ ချစ် ဖူး ပေမို့.....
အ ချစ် ဦး ရယ်လို့.....
ထူးကဲစွာ  ကြုံလာပြန်
ဖန်လေတယ်  ဒီအကြောင်း....
သြော်......ဒီ မေ မှာ 
မောင် နဲ့ ပေါင်း စေဖို့
ရွှေစေတီ  ခြေတော်ရင်းမှာလ
ပန်းအထွေထွေ .......
လန်းစေတယ်  သပြေခက်ရယ်နှင့်
ဦးညွှတ်ဆုတောင်း......။
27 comments:
  1. ဘယ်လိုလေးဆုတောင်းတယ်?
    ReplyDelete
  2. ချစ်ဖူးခဲ့လို့
    အချစ်ဦးမဟုတ်ပေမဲ့
    အသစ်ထူး ကြုံလာဟန်
    လေကန်မယ် ဒီအကြောင်း။
    အော်..
    ဒီနွေမှာ
    ဒီမေ ခေါင်းရိတ်လို့
    ချွေးသိပ်ဖြေ စေတီတွင်းမှာတဲ့
    သီလရှင် ပျိုမေတစ်သင်းရယ်နဲ့
    ခေါင်းတစ်ဝင်းဝင်း အေးရိပ်ခိုမို့
    ကြိတ်မှိတ်ဆုတောင်း။
    .
    လွမ်းလို့ချည်း မနေနဲ့ဦး မိုးနတ်ကျယ်စွာလေး။
    စာတွေလဲ ရေးဦး။း)
    ReplyDelete
  3. ပြန်ဖတ်ကြည့်လေ..ဘုန်းဘုန်းတောက်ရဲ့......:)
    ReplyDelete
  4. ဟင်းနော် ...ဟင်းနော်...ဟင်းနော် တဂျီးမင်း......:(
    ဟုတ်.....စာတွေလဲ ရေးပါမယ်...ကဗျာတွေလဲ ထုဆစ်ပါမယ်..
    လာဖတ်ရင်ဖတ်......မဖတ်ရင်တော့ သေပြီသာမှတ်....ဟွန်းးးးးးးးးး
    ReplyDelete
  5. မေ့ဆုတောင်းလေးအတိုင်း ပြည့်ပါစေနော်။
    တဂျီးက မိုးနတ်လို့မကြုံဖူးလေတော့ လေစိမ်းတွေနဲ့
    တိုက်စစ်ဆင်နေပြီပေါ့ကွယ် ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
  6. ဆုတောင်းလေး က လှ
    ကဗျာလေးက လည်းလှ
    ပသာဒဂုဏ်မြောက်တာမို့
    ချစ်သူနှစ်ဦးရဲ့စေတီခြေရင်းမှာကြည်နူးနေပုံလေး
    မျက်စိထဲမြင်မိတယ်..ဟိဟိဟိ
    ReplyDelete
  7. တောင်းတဲ့ဆုနဲ့ ပြည့်ပါစေလို့ ဆုတောင်းပေးသွားပါတယ်နော်
    ReplyDelete
  8. အယ်... ဘုရားမှာ အဲ့လို မဆုတောင်းကောင်းဘူးနော်။.. ဘုရားဟောထားတာ ချုပ်ငြိမ်းရာ.. ပွားစီးရာ မဟုတ်ဘူး။ ;)
    ReplyDelete
  9. မ ချစ် ဖူး ပေမို့.....
    အ ချစ် ဦး ရယ်လို့.....
    ထူးကဲစွာ ကြုံလာပြန်
    .......တိုက်ဆိုင်နေတယ်လေ...အတူတူဆုတောင်းလိုက်မယ်နော်......
    ReplyDelete
  10. ရွှေစေတီ ခြေတော်ရင်းမှာလ
    ပန်းအထွေထွေ .......
    လန်းစေတယ် သပြေခက်ရယ်နှင့်
    ဦးညွှတ်ဆုတောင်း.
    ငါ့သယ်ရင်းရဲ့ဆုတောင်းလေးကတိုတိုလေးနဲ့ထိတယ်
    တောင်းဆုနဲ့ပြည့်ဝပါစေသယ်ရင်း
    ReplyDelete
  11. ထပ်တူ ဆုတောင်ပေးလိုက်ပါတယ် ... တောင်းတဲ့ဆုနဲ့ပြည့်ပါစေ မမရေ ... :)
    ReplyDelete
  12. ဆုတောင်းလေးပြည့်ပါစေ မိုးနတ်ရေ...း)
    ReplyDelete
  13. ဆုတောင်းလေးက သိမ်မွေ့လိုက်တာ
    ReplyDelete
  14. ဟုတ်တယ် တီရဲ့..အဲ့လူကြီးက အရမ်းစိတ်ပုပ်တာ..:( (ကြုံတုန်း တဂျီးမင်းအကြောင်း အပုပ်ချလိုက်အုံးမယ် :)) တီတင့်...မိုးနတ်ဆီ အမြဲစာလာဖတ်တဲ့အတွက် ပြောမပြတတ်အောင်
    ကျေးဇူးပါ)
    မိုးနတ်ဆီအမြဲလိုလို အိမ်လည်လာပြီး တခါမမန့်ဖူးတဲ့ ကိုရတု...ဒီတစ်ခါတော့ စိတ်လိုလက်ရ မန့်လို့..
    ဘာဖြစ်တာလဲ မသိ..^^ ဘာပဲ ဖြစ်ဖြစ် ကျေးကျေးပါ.....:P
    မရီလင်းရေ...မိုးနတ်ဆီလာလည်တဲ့ အတွက် ၀မ်းသာပါတယ်..ကျေးဇူးလဲ တင်ပါတယ်...:)
    နောက်လဲ လာလည်ပါရှင်....:P
    မမ witch ရေ...တတ်နိုင်ဘူးနော်....မိုးနတ်တော့ ပေါင်းချင်လို့ ဆုတောင်းမိပြီ..
    အဲဒါ ဘိုလုပ်ရမလဲ.....အဟက်ဟက်...ဒီတစ်ခုတော့ ဘုရားကခွင့်လွှတ်မှာပါ..ဘုရားတောင်မှ..:P
    မိုးနတ်နဲ့ နှင်းဆီလေးနဲ့က အဲလောက်တောင်တိုက်ဆိုင်နေတယ် အဟုတ်....:)
    သယ်ရင်း အသဲလေးရေ..နာလဲနင်ပေးတဲ့ ဆုနဲ့ပြည့်ချင်ပါတယ်သယ်ရင်း...
    နာတောင်းတဲ့ဆုနဲ့ နင်ပေးတဲ့ဆုက အတူတူပဲကို....ဟာဟ :)
    မိုးညလေးရေ....မိုးနတ်ကို ဆုတောင်းပေးလို့ ကျေးဇူးကမ္ဘာ..
    မမချင်းမလေး ဘယ်ပျောက်နေတာလဲ မမရ...ညလေးက သတိရနေတာကို ပစ်ထားတယ်..
    ဂယ်ပဲ ..ဂယ်ပဲ သွား..မမလူဆိုး...ဒါမျိုးတော့တတ်တယ်....ဟွန့်.....
    မမ၀သုန်ရေ...ခံစားပေးသွားလို့ အာဘွား.....:)
    ReplyDelete
  15. ပန်းအထွေထွေနဲ့အတူ သပြေခက်ပါ ပါတဲ့ မေ့ဆုတောင်းလေးကို မောင်သာကြားရင် အားကြိုးမာန်တက် ကြိုးစားချင်စိတ်တွေ ပေါက်လာမယ် ထင်ပါရဲ့...၊း) ကဗျာလေးကို သဘောတကျ ဖတ်သွားပါတယ် ညီမရေ...။
    ReplyDelete
  16. နူးညံ့တဲ့ မေ့ဆုတောင်းကဗျာလေး
    ဘယ်နှစ်ခေါက်မှန်းမသိအောင် အထပ်ထပ် အသံထွက်လို့ ဖတ်သွားတယ်
    မိုးနတ်ရေ ဆုတောင်းပြည့်လို့ ပျော်ရွှင်ပါစေ
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  17. ကဗျာလေးကချစ်စရာလေး....း)
    ReplyDelete
  18. ကဗျာလေးက လှလိုက်တာ .....
    ညီမလေး မိုးနတ်က အရမ်းတော်တယ်ဗျာ ....
    တစ်ခါဖတ်ရုံနဲ့ ရင်ထဲရောက်သွားနိုင်တယ်လေ ။
    ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
    ReplyDelete
  19. အလိုလေး လှလိုက်တဲ့ကဗျာလေး နှလုံးသားကိုလှမ်းမြင်နေရပါလား
    ReplyDelete
  20. ချစ်စရာ ကောင်းတဲ့ ကဗျာလေးကို ဖတ်သွားပါတယ် အစ်မရေ...
    ReplyDelete
  21. သက်ဆိုင်ရာကောင်လေးသာ ဒီကဗျာလေးဖတ်မိရင် မိုးနတ်ရဲ့ဆုတောင်းတွေ အမြန်ဆုံးအကောင်အထည်ပေါ်
    အောင် ကြိုးစားမှာမလွဲဧကန်ပဲ.....:))) ကဗျာလေးက တိုပေမယ့် ရင်ထဲကိုလှမ်းမြင်နိုင်လောက်အောင် ကောင်း
    တာကိုးးးးးး။
    ReplyDelete
  22. ကိုကြီးညီလင်းရေ.....ဂယ်လားဟင်.....:P
    မိုးကိုလဲ ကျေးကျေးနော်....:)
    မမမိုးငွေ့... အလွမ်းသမားချင်းမို့ ဘ၀တူတွေပါနော်...ညလေးနဲ့ မက...အဟက်ဟက်
    (အဖော်က ညှိလိုက်သေးတယ်) ဟီးးးးးးးးးးးးးးး
    ReplyDelete
  23. မေ့ဆုတောင်းလေး မြန်မြန်ပြည့်စေဗျား။ပြည့်စေဗျား။
    ညလေးမိုးနတ်ကို ဘာနဲ့အလျော်ပေးရမှာလဲ။ ဘာလိုချင်လဲပြောညလေး
    ReplyDelete
  24. အကိုညီလင်းနိုင်ရေ..... ညလေးကို အမြဲအားပေးတဲ့အတွက် ကျေးကျေးပါနော်....:)
    အို..မမဒမ်ဒမ်..တကယ်ပဲ ညလေးနှလုံးသားကို လှမ်းမြင်နေရတယ်ပေါ့...:P
    ထော်ထော်ရေ....ဟုတ်...ကျေးဇူးကမ္ဘာပါဟယ်...
    လေးငြိမ်း...မိုးနတ်ဆီ အလည်လာပြီး မန့်တဲ့အတွက် အရမ်းကို ၀မ်းသာမိပါတယ်...
    မမရိုးမြေရေ...ညလေးကို ဘာနဲ့အလျော်ပေးရမယ်ဆိုတာကို မကိုယ်တိုင်ပဲ စဉ်းစားထားဒေါ့...ဟီးးးးးးးးးးးးးး
    ReplyDelete
  25. သည်လို ကဗျာမျိုးလေးတွေကို ခံစားရတာ
    သိပ်ကိုကောင်းတယ်ဗျာ
    ဒီဘက်ခေတ်ထဲမှာ တွေ့ဖို့မလွယ်တော့ဘူးလေ
    ယခုရေးဖွဲ့မှု့လေးအတွက်တော့ သိပ်ကိုလေးစားမိပါတယ်
    သည့်ထက်ရေးဖွဲ့နိုင်ပါစေ...ကျုပ်များများ ဖတ်ရအောင်လို့ပါ ။
    ( မင်းဧရာ )
    ReplyDelete
  26. ဟုတ် အကိုရေ...
    မိုးနတ်လဲ တစ်ခါမှ ဒီကဗျာပုံစံမျိုးလေး မရေးဖူးသေးပါဘူး
    ခုမှ စရေးကြည့်တာ...ခံစားလို့ကောင်းတယ်ဆိုလို့ အတိုင်းမသိ
    အကိုရော တခြားမောင်နှမတွေ စာဖတ်သူတွေပါ ဖတ်ရအောင်လို့လေ:)))
    ညလေး လိမ္မာတယ်ဟုတ် :P
    ReplyDelete
  27. ချစ်စရာ ကဗျာလေးပေပဲ :)
    ReplyDelete
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ