Sunday, January 20, 2013

အပြောင်းအလဲ

အတွေးတွေ......
အလေ့ကျပေါက်နေတဲ့  မြက်ရိုင်းတွေလို
ပေါက်လွှတ်ပဲစား  ဆန်လွန်းတဲ့  အတွေးတွေ
အတွေးတွေ.......
ညဉ့်ငှက်မတစ်ကောင်ရဲ့ 
ခေါက်ရိုးကျိုးနေတဲ့  အပြုံးတစ်စလို
ပေါ့ပျက်ပျက်  နိုင်လွန်းတဲ့  အတွေးတွေ
အတွေးတွေ........
မိုးလင်းကနေ  မိုးချုပ်အထိ
ပုံစံခွက်ထဲက  ရုန်းမထွက်နိုင်သေးတဲ့ 
အတွေးတွေ
ခေတ်ပြောင်း  စနစ်ပြောင်း  အသွင်ပြောင်းမှာ
အတွေးတွေလဲ  ပြောင်းပစ်ကြဖို့လိုပြီလေ ။

33 comments:

  1. အတွေးအတွေးသစ်
    တွေးစစ်ကာပြောင်း
    အကောင်းကိုသယ်
    မကောင်းဖယ်ဖို့
    တွေးလို့ရေးသား
    မိုးနတ်ရေ ကဗျာလေးအားပေးခဲ့ပါတယ်နော်

    ReplyDelete
  2. အတွေးတွေကောင်းတဲ့

    အတွေးကောင်း ကဗျာလေးတစ်ပုဒ်လို့

    ရိုးရိုးသားသား ခံစားမိပါတယ် ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ညီမလေး ။

    ReplyDelete
  3. ကဗျာကောင်းလေး အားပေးသွားတယ် မိုးနတ်ရေ အိုင်ဒီယာလေးကောင်းတယ်

    ReplyDelete
  4. နှစ်သစ်နဲ့အတူ အားလုံး ပြောင်းလဲပစ်မဲ့ ပုံစံပါလား။ သူ့ကဗျာဖတ်ရတာ ဘာတွေ ပြောင်းလဲပစ်မှာလိမ့်ဆိုပြီး လန့်တောင် လန့်မိသေး။
    စောင့်ကြည့်လိုက်ဦးမယ်။ ဘာတွေ ပြောင်းမလဲဆိုတာ။း)

    ReplyDelete
  5. ခေတ်ပြောင်း စနစ်ပြောင်း အသွင်ပြောင်းမှာ
    အတွေးတွေလဲ ပြောင်းပစ်ကြဖို့လိုပြီလေ ။

    ...အင်းပေါ့...အတွေးတွေလဲပြောင်းပစ်ရမယ်လေ...

    ReplyDelete
  6. ကဗျာလေးကောင်းတယ်။။။

    ReplyDelete
  7. ဟုတ်တယ်ညလေးမိုးနတ်ရေ။ ကိုယ်တိုင်ကလဲ အတွေးတွေပြောင်းလဲပစ်ဖို့လိုအပ်တယ်။ ကဗျာလေးနဲ့ သတိပေးထားမှသတိရတော့တယ်ညလေးရေ။

    ReplyDelete
  8. ညီမလေး မိုးနတ်ရေ...ခေါက်ရိုးကျိုးနေတဲ့ တချို့သောအတွေးတွေကတော့ ဒီတစ်သက် ပြောင်းမှ ပြောင်းနိုင်ကြပါတော့မလား မသိ။ ဆိုလိုရင်းကို ထိထိမိမိ ရေးနိုင်တဲ့ မိုးနတ်ကိုတော့ လေးစားသွားပြီ။ အမြဲအားပေးနေတယ်နော်။ :)

    ခင်မင်တဲ့
    မြဝတီဇော်

    ReplyDelete
  9. မိုးလင်းကနေ မိုးချုပ်အထိ
    ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
    အတွေးတွေ
    သူငယ်ချင်းရဲ့စာလေးတွေကတိုတိုလေးနဲ့ထိတယ်သူငယ်ချင်း
    အ၇မ်းကိုလေးစားတယ်

    ReplyDelete
  10. ကောင်းလိုက်တဲ့ ကဗျာလေး
    ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်သွားမိတယ်။

    ReplyDelete
  11. အတွေးရော အရေးရောကောင်းတယ် ညလေး ။

    ReplyDelete
  12. ကဗျာလေးက တိုတိုလေးနဲ့ မိုက်တယ် :D

    ReplyDelete
  13. မမမိုးနတ်ရေ မရောက်တာကြာလို့ အလည်လာရင်း ကဗျာလေးကိုခံစားသွားပါတယ် မှန်တယ် နှစ်သစ်တာရောက်လာတာ
    အတွေးတွေ စိတ်တွေကမပြောင်းလဲနိုင်သေးဘူးဖြစ်နေတယ်
    ကြိုးစားရဦးမယ်
    မမမိုးနတ်လည်း စိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုဖြတ်သန်းနိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  14. ရင်ခုန်ရသူရေ...အားပေးတဲ့အတွက် ကျေးကျေးပါနော်...:)

    အကိုညီလင်းနိုင်ရေ...အမြဲတမ်းအတွက် ရှဲရှဲပါလို့...:P

    စနိုးလေးရေ...အထူးတလည်သတိရမိနေပါကြောင်းးးးးးးး

    ကိုကို ကိုကိုမောင်ကြီးးးးးးးးးး အဆုံးထိစောင့်ကြည့်အုံးပေါ့ဟယ်...ဟွန်းးးးးးးး
    သူများက နိုင်ငံရေးကို ရည်ညွှန်းပြီးရေးထားတာ သူကဘာတွေတလွဲတွေးနေဒယ်မသိ....:(

    နှင်းဆီလေးရော ဂယ်ပဲအဲလိုထင်လား :)

    နှင်းဆီရောင်ရေ...ကျေးဇူးကမ္ဘာပါနော် :)

    ReplyDelete
  15. ညီမ မိုးနတ်ရေ
    မင်္ဂလာပါ။
    အပြောင်းအလဲ ကဗျာလေးပါဖတ်သွားတယ်နော်။
    ကျန်းမာပျော်ရွှင်ပါစေ
    ဖတ်စရာစာတွေအများကြီးပဲ အစ်မလည်းမအားနိုင်လို့ ဘလောဂ့်တွေမလည်နိုင်တာ။
    စာလာလာဖတ်တယ်ဆိုလို့ ကျေးဇူးအကြီးကြီးတင်ပါတယ်ပေါ့။
    အစ်မ blog က ဝင်ရတာ ကြာတယ်ဆိုလို့ slider ဖြုတ်ထားလိုက်တယ်။ ညီမ အားလို့လာလည်ဖြစ်တဲ့အခါ စစ်ကြည့်ပါဦး။ ပြီးရင် ထူးမထူး အစ်မ မေးလ်နဲ့ဖြစ်ဖြစ် cbox မှာဖြစ်ဖြစ် ပြောခဲ့ပေးနော်။ ကြာတုန်းပဲ ဆိုရင် တခြား တစ်ခုစီထပ်စစ်ကြည့်ပေးမယ်။
    ချစ်ခင်စွာ
    PhyoPhyo

    ReplyDelete
  16. ကဗျာတွေလည်းဖတ်
    အကြွေးတွေဆပ်ရင်း
    စာတွေများများေ၇းနိုင်ပါစေ
    လို့ဆုတောင်းခဲ့ပါတယ်။
    ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
    ဆိုတဲ့ စာသားလေးကို ကြိုက်တယ်။

    ReplyDelete
  17. ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
    အတွေးတွေ...
    အတွေးလေးကောင်းတယ် မိုးညရေ..။ မိုက်စ်

    ReplyDelete
  18. တိုတိုတုတ်တုတ်လေးနဲ့ အရမ်းကောင်းတဲ့ ကဗျာလေးပါ..

    ReplyDelete
  19. ဟုတ်....မမရိုးမြေကျ :))))

    ဟားးးးးးးးးးး မမဇော်က ညလေးဆီလာမန့်တယ်...ပြီးတော့ အားရပါးရကို အားပေးတယ် .....
    လူတိုင်းကို မန့်ခဲတဲ့ မမရေ...အာဘွားးးးးးးးးးးးးးးးးး

    သယ်ရင်း အသဲလေးနဲ့ဖူးလေး အရမ်းသတိရတယ်ဟယ် :)

    မမချောရေ... million thanks ပါနော် :P

    ချစ်ကိုကြီး ( အကိုလွင်ပြင် ) ရေ...မတွေ့ရတာ ကြာပြီဟ :(

    ကန်ကန်လေးရေ ( with love ) Mwaa Mwaa Mwaa :)

    အိပ်မက်လေးရေ.... ကြိုးစားထား Fighting!!!!

    ReplyDelete
  20. ထိထိမိမိ ရှိလွန်းလှတဲ့ ကဗျာကောင်းလေး ဖတ်သွားပါတယ် ညီမမိုးနတ်ရေ...၊
    အပြောင်းအလဲတစ်ခုမှာ အတွေးအခေါ်က စပြီး ပြောင်းလဲဖို့လိုတယ်ဆိုတာ မျက်မှောက်ကာလရဲ့ လိုအပ်ချက်ပဲလို့ တွေးမိပါတယ်။

    ReplyDelete
  21. အတွေးကောင်းလေး လာဖတ်သွားတယ် ညီမလေးရေ

    ReplyDelete
  22. မဖြိုးရေ...ဟုတ်ဝင်ကြည့်လိုက်အုံးမယ်..မရရင်ပြောမယ်နော် မ
    ညလေးဆီလာလည်တဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင်...:)

    ကိုကိုစိန်ရေ အားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါနော်...:)

    ကိုရတုရေ...မိုးနတ်နဲ့ မိုးညကို လူမှားနေတယ်နော်...အားကြီးချိတ်ချိုးတယ် တကယ်ကြီးးးးးးးးးးးးးးး

    မမချင်းမလေးရေ...ဘာလို့ပျောက်နေတာလဲ မမရ..:(

    အကိုညီလင်းသစ်ရေ....မျက်မှောက်ကာလမှာ အပြောင်းအလဲတွေက ထင်သလောက်ကို
    အားရစရာ မရှိဘူးရှင့်.....:(

    မမသမီးတော်ရေ...စာလာဖတ်တယ်ဆိုလို့ အတိုင်းမသိဝမ်းမြောက်ရကြောင်းပါ....:)

    ReplyDelete
    Replies
    1. ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
      အတွေးတွေ
      မမှားပါဘူးဗျာ..လူမမှားပါဘူး စီဘောက်မှာ ရှင်းပြပြီးပြီလေဗျာ..ဟဲဟဲ

      Delete
  23. “ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
    အတွေးတွေ” ... ဟုတ်တယ် မမရေ ... ညလေးလည်း ပုံစံခွက်ထဲက အတွေးတွေထဲက လွတ်မြောက်ချင်နေပြီ ... :)

    ReplyDelete
  24. ပြောင်းပါဗျာ....
    ကျုပ်တို့တော့ လမ်းဟောင်းကြီးထဲမှာ
    ငပိတွေ ထောင်းနေဦးမယ်း))
    ( အလကား စတာနော် )။

    ကဗျာ ရေးသူ ကဗျာ ဖတ်သူတွေ များလာတာ အကိုတော့ သိပ်ကိုဝမ်းသာတယ်
    ကိုယ်တိုင်က ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရေးနိုင်ဘူး သူများရေးတာကိုလိုက်ဖတ်ရမှာဘဲ များများသာရေး။

    ( မင်းဧရာ)

    ReplyDelete
  25. အလုပ်ရှုပ်နေတာနဲ့ မလာဖြစ်တာ ကြာပြီ။ ဒီနေ့တော့ အလည်လာသွားပါတယ် sisလေးရေ။ ကောင်းသောပြောင်းလဲခြင်းအတွက် မကောင်းတော့တဲ့၊ မသင့်တော့တဲ့ အတွေးတွေ ဖျောက်သင့်နေပါပြီလေ...း)

    ReplyDelete
  26. လွတ်မြောက်ချင်ရင် ကြိုးစားပေါ့ မိုးညရယ်..ဒါပဲ ဘာခက်တာမှတ်လို့ :P

    အယ် ...အကိုကပဲပြောရတယ်ရှိသေး..ညလေးတို့က အသစ်တွေပါ အဲလောက်လဲ
    မတော်ပါဘူးးး မမြှောက်ပါနဲ့ အကိုရယ်...အကိုရေးထားတာတွေလဲ အရမ်းကိုကောင်းပါတယ်:)))

    ဟုတ်တယ်မရေ....အချိန်တွေဆွဲမနေစေချင်တော့ဘူး ၊ ဒါပေမဲ့ လူတွေက
    အပြောင်းအလဲလုပ်တယ် ဆိုတာကို တလွဲတွေးနေကြတယ် ၊ ခေါင်းစဉ်ရော
    အကြောင်းအရာပါ လွဲနေတယ်လို့ ညလေးတော့ ခံစားရတာပဲ :(((
    မ ရောအဲလို မထင်မိဘူးလား :)))

    ReplyDelete
  27. ကျွန်တော်တောင် ပြောင်းမှ ရမယ် လို့ ရေးထားသေးတယ်. အစ်မ. :)
    (ကြော်ငြာဝင်တာ..)

    ReplyDelete
  28. ကဗျာ လာဖတ်သွားတယ် ညီမလေး။

    ReplyDelete
  29. အခု ဖတ်ပြီးပြီးချင်းပဲ ပြောင်းတော့မယ်လို့ ဆုံးဖြတ်ချက်ချပစ်လိုက်ပြီ။

    ReplyDelete
  30. ပြောင်းလဲဖို့ လိုအပ်နေဘီ

    လိုင်းကမကောင်းတာနဲ့ blog ဖက်ကိုမရောက်လို့ 

    မိတ်ဆွေ blogger တွေရဲ့ ပိုစ့်တွေ ကဗျာတွေကိုတောင်မဖတ်ရဘူး မိုးနတ်ရေ

    အခုမှ အကြွေးကျန် ပိုစ့်တွေကိုလိုက်ဖတ်နေရတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  31. နွေမိုးရေးထားတာလေး အမ ဖတ်လိုက်ရပါတယ်ဟယ် :D

    အကိုကောင်းကင်ရေ ...ကျေးဇူးတင်ပါတယ်ရှင် :)))

    အို..ဒါဆိုသိပ်ကောင်းတာပေါ့ နှင်းနုရယ် :)

    အင်း...ရပါတယ်မိုးရယ်...တခါတခါတော့လဲ ဒီလိုပဲပေါ့...:)

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ