Monday, January 28, 2013

ချစ်သော စနိုးအတွက် မွေးနေ့အမှတ်တရ ကဗျာ ( ၃၁.၁.၂၀၁၃ )

ဖြူလွလွ  စိတ်ရင်းတွေကြား
ချိုမြတဲ့  အပြုံးလေးတွေ 
လှလွန်းတယ်  တအား
ဘယ်အချိန်  ကြည့်ကြည့်
ရိုးသား ပွင့်လင်းမှုတွေ
သူ့ဆီမှာ  ရှိတယ်ကွာ
နတ်သမီးလေး တစ်ပါးလို 
ချစ်စရာ ကောင်းလိုက်တာများ
အဲဒါ  အားလုံးက ချစ်ကြတဲ့
စနိုးလေး  တဲ့လား 

(ဘလော့ဂါညီအစ်မ စနိုးလေးအတွက် မွေးနေ့အမှတ်တရ ရေးပေးထားတဲ့ ကဗျာလေးပါ....
 မိုးနတ်ရေးတတ်သလို ရေးထားတာမို့ စနိုးရေ.... နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်....
 စနိုးလေး ယခုမွေးနေ့မှစလို့ နောင်လာမဲ့မွေးနေ့များစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့   
 လိုရာဆန္ဒပြည့်ဝပါစေနော် :)))  ) 
 ချစ်တဲ့.....မိုးနတ်

18 comments:

  1. awesome creation, sis!! thanks a lot :))))ဘယ်လောက်တိုက်ဆိုင်လည်းဆိုရင် ကဗျာထဲမှာ နာမည်အရင်းတောင် ပါလာတယ် :D ဒီကဗျာလေးကို တစ်သက်လုံးသိမ်းထားမယ်နော် <3 <3

    ReplyDelete
    Replies
    1. ဟယ်...တကယ်ကြီးလား !
      စနိုးလေးရဲ့ နံမည်အရင်းကို မိုးနတ်လဲမသိရပါလားကွယ်...^o^
      ဘာပဲဖြစ်ဖြစ် အရမ်းပဲ ပျော်မိတယ် စနိုးရေ....
      မိုးနတ်ရေးပေးတဲ့ ကဗျာလေးကို စနိုးကနှစ်သက်တယ်ဆိုလို့ပါ :)))

      Delete
  2. မိုက်တယ်.. နုထှာ..။

    ReplyDelete
    Replies
    1. မောင်လေး နွေမိုးရေ...မတွေ့ရတာကြာပြီဟယ် :(
      ချစ်ချစ်လေးနဲ့ အဆင်ပြေတယ်ဟုတ် :P

      Delete
  3. အားလေး.ဖတ်ရှုသွားပါတယ်နော်

    ReplyDelete
  4. နှင်စက်စနိုးချစ်မြတ်နိုးသူ
    မိုးနတ်ဖြူနှင့်ထပ်ဆင့်တူညီ
    ဆုချီကာပေးပျော်ရွှင်အေးသာ
    ဝမ်းသာပီတိဂွမ်းဆီထိသို့
    ပြုံးလို့ပျော်ပါစေနော်

    ReplyDelete
  5. အစ်မစနိုး ကျန်းမာပျော်ရွှင်ပါစေ။ ထာဝရသူငယ်ချင်းလုပ်ကြတာပေါ့နော်။

    ReplyDelete
  6. မမစနိုးရော၊မိုးနတ်ရောပျော်ရွှင်ချမ်းမြေ့ပါစေ..:)

    ReplyDelete
  7. ကဗျာလေး အားပေးသွားတယ် ညီမလေးရေ
    မွေးနေ့ ရှင်နဲ့အတူ ပျော်ရွှင်နိုင်ပါစေနော်

    ReplyDelete
  8. မိုးနတ်ရေ စနိုးအတွက် ရေးပေးတဲ့ ကဗျာလေးက ချစ်စရာလေး

    မိုးနတ်က ဘလော့ဂါ ညီကိုမောင်နှမတွေကို

    တော်တော်လေးချစ် တော်တော်လေး ဂရုစိုက်တယ်နော်

    မိုးနတ်ရဲ့ စိတ်ဓါတ်လေးကို ချီးကျူးပါတယ်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  9. ကဗျာလေးကကောင်းမှကောင်း ပါလား မမမိုးနတ်ရေ
    မွေးနေ့ရှင်နဲ့အတူ မမမိုးနတ်လည်း ထပ်တူပျော်ရွှင်နိုင်ပါစေနော်
    အနော့်မွေးနေ့ကျရင်လည်း ကဗျာရေးပေးရမယ်နော်
    မရေးပေးရင်စိတ်ဆိုးမှာ :P
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  10. အရမ်းကောင်းတဲ့ မွေးနေ့ကဗျာလေးပါ မမရေ ... စနိုးရဲ့မွေးနေ့ကိုတောင် မသိလိုက်ဘူးရယ် ... သိရင် ညလေးလည်း ကဗျာတစ်ပုဒ်လောက်ရေးပေးပါတယ် ... :)

    ReplyDelete
  11. နှင်းဆီရေ...ကျေးဇူးပါနော် :)

    ရင်ခုန်ရသူရဲ့ ကဗျာလေးက မိုးနတ်ရေးထားတာထက်တောင် လှသေးတယ် :P

    အသဲလေးနဲ့ဖူးရေ...သတိရနေပါတယ်နော် ...

    မမရိုးမြေကျရေ...တကယ်ပဲ ထာဝရသူငယ်ချင်းလုပ်မှာလား ?

    အသူရေ....ဆုတောင်းလေးအတွက် ကျေးဇူးကမ္ဘာ :D

    ReplyDelete
  12. အင်း..
    ကိုယ်ပိုင်အလှတွေလဲ ဖွဲ့ဦးလေ။ သူများအလှတွေချည်း ဖွဲ့နွဲ့နေတော့တာဘဲ။း)

    ReplyDelete
  13. ဟုတ်ကဲ့ရှင့် ကိုကိုပိုပိုမောင်ကြီးးးးးးးးးးးးးးး :P

    ReplyDelete
  14. ဟက်ပီးဘီလိတ်တက်ဘတ်ဒေး စနိုးလေး။
    ကဗျာထဲမှာပါတဲ့ နာမည်ရင်းလေးသိချင်သွားပြီ။

    ReplyDelete
  15. ဟုတ်တယ် မမလရိပ်ရေ......
    ညလေးလဲ စနိုးလေးရဲ့ နံမည်အရင်းကို သိပ်သိချင်နေတယ်
    မိုးနတ်ရေးထားတဲ့အထဲမှာ တိုက်ဆိုင်စွာနဲ့ပါသွားတယ်ဆိုလို့လေ :)))

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ