Saturday, February 16, 2013

မမရိုးမြေကျအတွက် အမှတ်တရ မွေးနေ့ကဗျာ ( ၁၈.၂.၂၀၁၃ )


ချစ်သော ရိုးမြေလေ
ဟိုးတစ်မြေ  မုံရွာဘက်ပိုင်းဆီက
အွန်လိုင်း  ဆိုတဲ့ 
လူမှု အသိုင်းအ၀ိုင်းလေးထဲမှာ
ခင်မင်ခဲ့ရတဲ့သူ
ဖြူဖြူစင်စင်  သူ့မနောတွေလှ
လူသူခင်ချင်စရာ  တကယ်ပေါပါလို့
စိတ်သဘောလဲ  ကောင်းတဲ့သူ
အများနဲ့  မတူ
အနော်  အနော်နဲ့
ပြောတတ်တဲ့  သူ့ဟန်ပန်လေးက
ကိုယ်ရင်မှာ  အမြတ်နိုးဆုံးရယ်မို့
အို..........
တကယ်ပါ  မုံရွာသူလေးရယ်
မင်း နဲ့ ကိုယ် စာပေအကြောင်း
တစေ့တစောင်း အသိအမြင်တွေလဲ
ဖလှယ်ချင်သေးတယ်
တခါတခါ  မင်းသိပ်နှစ်သက်တဲ့
ဆရာမဂျုး  စာအုပ်တွေ အကြောင်းလဲ
အပြန်အလှန်  ဆွေးနွေးကြအုံးမယ်
အခွင့်အရေးရလို့
မင်း နဲ့ ကိုယ် အပြင်မှာ
လူချင်းများ  ဆုံခွင့်ရခဲ့ရင်လေ
တအူထုံဆင်း  ညီအစ်မအရင်းတွေလို
ခင်မင်ရင်းနှီးစွာ ထွေးပွေ့ခွင့်လေးလဲ
ကိုယ့်ကို ပေးကွယ်
  
ချစ်တဲ့ မိုးနတ်

( မမရိုးမြေကျအတွက် မွေးနေ့အမှတ်တရ ကဗျာလေးပါ....
ကဗျာထဲမှာ ဆုတောင်းလေးမပါသေးလို့ ခု ချစ်မ အတွက်     ညလေးဆုတောင်းပေးလိုက်တယ်.......ယခုမွေးနေ့မှသည်
နောင်မွေးနေ့ပေါင်း များစွာတိုင်အောင် စိတ်ချမ်းသာ 
ကိုယ်ကျန်းမာနဲ့ လိုရာဆန္ဒတွေပြည့်ဝပါစေလို့ ...............) 



16 comments:

  1. happy birthday to u...
    မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာတိုင်အောင်
    ပျော်၇ွင်ချမ်းမြေ့ပါစေ
    ကဗျာလေးကအ၇မ်းလန်း၏

    ReplyDelete
  2. မွေးနေ့ရှင် ညလေးရော ကဗျာဆုတောင်းရှင် ညလေးရော လိုအင်ဆန္ဒအားလုံးပြည့်ဝပါစေ ။

    ReplyDelete
  3. မိုးနတ်လေး
    မွေးနေ့ရှင်အတွက် ရေးထားတဲ့ ကဗျာလေး ၊ ရှင်းရှင်းလေးနဲ့ ကြိုက်တယ်။
    ရိုးမြေကျကို တရင်းတနှီးထွေးပွေ့ခွင့်ရမယ်ဆိုရင် ကံကောင်းသူလေးပေါ့။

    ReplyDelete
  4. ရေးတတ်လိုက်ကြတာ..
    Happy BD ကေသီ

    ReplyDelete
  5. ကဗျာရှင် မိုးနတ်လေးနဲ့ မွေးနေ့ရှင် ရိုးမြေကျတို့ရဲ့ တောင်းဆုလေးတွေ ပြည့်ပါစေလို့ တောင်းဆုချွေသွားတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. သည့်နေ့တစ်နေ့လုံး ဆုတွေဘဲ လည်ပေးနေရတယ်
    ကိုင် သူတို့တွေပြောသွားသလိုဘဲဗျား))။

    ပျော်ရွှင်စရာကောင်းသော မွေးနေ့လေး ဖြစ်ပါစေဗျာ။

    ReplyDelete
  7. အသဲလေး နဲ့ ဖူးရေ...နင်တို့တွေပျောက်နေတယ်နော်...နေတော့ကောင်းတယ်မဟုတ်လားးးးးးး
    သတိရလိုက်တာဟယ် :)))

    အကိုလွင်ပြင်ကြီးလဲ မတွေ့တာ တော်တော်မှ တော်တော်ကိုကြာပြီ :D

    ဟုတ်...မမလရိပ်ရေ....မိုးနတ်လဲ ကံကောင်းချင်ပါတယ် တကယ် :)

    အသူ့မွေးနေ့ကျရင်လဲ မိုးနတ်ရေးပေးမှာပေါ့ဟယ် :P

    တီတင့်ရေ...ဆုတောင်းပြည့်ချင်ပါတယ်နော် :)

    အကိုမင်းဧရာကြီး.....တော်တော်ပင်ပန်းနေအုံးမယ်ဟယ် :P

    ReplyDelete
  8. ကဗျာလေးက ကာရံလေးတွေနဲ့ ဖတ်ရတာ ချစ်စရာကောင်းတယ်..။ မွေးနေ့ရှင်ရော ကဗျာပိုင်ရှင်ပါ စာတွေအများကြီးရေးပြီး ထာဝရပျော်ရွှင်ပါစေနော် <3 <3

    ReplyDelete
  9. ကဗျာလေးကောင်းတော့မွေးနေ့ ရှင်ကျေနပ်ပြုံးနေမှာသေချာပါတယ် ညီမ မိုးနတ်ရေ..

    ReplyDelete
  10. ညလေး မိုးနတ်ရေ စိတ်ထဲမှာ ကြည်ကြည်နူးနူး ခံစားရတယ်။ ညလေးကို သတိရနေတယ်။ မမတို့ ဖေ့ဘုတ်မှာလဲ မဆုံဖြစ်ကြသေးဘူးနော် ညလေး။

    ReplyDelete
  11. ရိုးမြေရော မိုးနတ်ပါ ရွှင်လန်းကြည်နူးကြပါစေ...

    ReplyDelete
  12. အနော် အနော်နဲ့ ပြောတတ်တဲ့သူ။

    ဘဘတို့ဘက် အထက်ဒေသတစ်ချို့မှာတော့ အတို့ အတို့နဲ့ ပြောတာ ကြားဖူးတယ်။

    ကျနော် -- အနော်
    ငါတို့-----အတို့

    နှစ်ယောက်လုံး အဆင်ပြေပျော်ရွှင်ကြပါစေ။
    ဒါဘဲ။

    ဘဘသူကြီးမင်း

    ReplyDelete
  13. ညလေးရေ ကဗျာလာဖတ်သွားတယ်နော်.. အမရဲ့ အသိအကိုတယောက် က သီချင်းတင်ပေးပါဆိုလို့ 
    တင်လိုက်ရတာပါ.. အမ ဘလော့ဂင်း ဆက်မလုပ်နိုင်သေးဖူး.. သတိတရ လာလည်ပေးလို့ 
    ကျေးဇူးပဲနော်.. နောက်မှစာပြန်ရေးဖစ်မှာပါ.. အဆင်ပြေပါစေနော်.. :))

    ReplyDelete
  14. မွေးနေ့ရှင်လေးပျော်ရွှင်ပါစေ ကဗျာဆုတောင်းရေးသူလဲ ထပ်တူ
    ပျော်ရွှင်ပါစေလို့

    ReplyDelete
  15. စနိုးပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ် စနိုးရေ....:)

    မမလမင်းရေ....မတွေ့တာတော်တော်ကြာပြီနော် :(

    မမရိုးမြေကျ.....ညလေးလဲ မ ကိုသိပ်သတိရနေတယ်...
    ဟုတ်တယ် မ ရယ်...ညလေးတို့ ဖေ့ဘုတ်မှာ မဆုံဖြစ်ကြဘူးရယ် :(

    ဘုန်းတောက်ရေ....မိုးနတ်ဆီ သတိတရနဲ့ လာလို့ကျေးဇူးတင်ပါတယ်

    ကိုကိုမောင်ကြီးးးးးးးးးးးးး
    ရန်မဖြစ်ရတာကြာလို့ ပျင်းနေတယ် ဒီက :P

    အမ်...သိပါဘူးးးးး
    ညလေးကတော့ မ စာပြန်ရေးပြီမှတ်လို့ အရမ်းဝမ်းသာနေတာ....
    ဟွန်းးးးးးးးး မ ကတော့လုပ်ပြီဗျာ ဂယ်ပဲ :(

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ