Saturday, February 2, 2013

ကြိုးကြာသို့ အလွမ်း

ကြိုးကြာသို့ အလွမ်း

အလွမ်း (၁) 

မင်းကို  သတိရမိတယ်  ကြိုးကြာ.......
ကိုယ်  မင်းကို  သတိရမိတယ်.....
ငှက်ငွေပြာတွေ   ရေဇလာပေါ်မှာ
တောင်ပံခတ်သံကြားတိုင်း......
လှုပ်ခတ်လာတဲ့   ရင်တွင်းဝေဒနာဟာ
ရင့်မှည့်သထက်  ရင့်မှည့်လို့.....
ဟိုအဝေး   မိုးကောင်းကင်ထက်မှာ
ကြိုးကြာငှက်တွေ   ပျံသန်းသွားတိုင်းလဲ
ကြိုးကြာများ   ကိုယ့်ဆီပြန်လာမလားလို့
ကိုယ်တိတ်တိတ်လေး   မျှော်လင့်နေမိသေးတယ်.....
ဘာကြောင့်လဲ.......
ကိုယ်စီ   ကိုယ်စီ
နှလုံးသားက   ဆန္ဒတွေ   ပွင့်အာ
တားမြစ်လို့   မရစကောင်းတဲ့
အချစ်   ဆိုတဲ့   အရာ
ကိုယ်တို့ကြားမှာ   လှပစွာ
ပေါက်ဖွားခဲ့ပြီးမှ......
ကြိုးကြာ  တစ်ကောင်လို
ကိုယ်နဲ့   အဝေးကြီးကို 
မင်းမို့   ထွက်သွားရက်တယ်......
တောင်းပန်ပါတယ်   ကြိုးကြာရယ်......
အလွမ်း   ဆိုတဲ့   ဘာသာဗေဒကို
စာနာ   နားလည်တတ်အောင် 
ကိုယ်နဲ့အတူ   မျှဝေခံစားကြည့်လှည့်ပါ......
နောက်ဆို   ကိုယ့်ကို  အဲလို
ဘာမပြော   ညာမပြော
မထားခဲ့ပါနဲ့   ကြိုးကြာ.......
တိုးလာတဲ့   ဝေဒနာဟာ
အလွမ်းများနဲ့   ညစဉ်ခါးသက်
ပြဿဒါး   ရက်မှာမှ
ညတွေ  တအားနက်
ဖြေသာစရာ   ဆေးကမရှိဘူး.......
ဟူးးးးးး  ရင်မောရပါဘိ  ကြိုးကြာရယ်......

အလွမ်း (၂)

ငါတို့အိမ်ရှေ့က    စံပယ်ပန်းရုံလေးထက်မှာ
နင်သိပ်ချစ်တဲ့   စံပယ်ပန်းဖြူဖြူလေးတွေ 
မဝေတော့ဘူး    ကြိုးကြာ.......
နင်မြတ်နိုးတတ်တဲ့   တောင်ဇလပ်နီနီလေးတွေလဲ
နင့်ကို   လွမ်းလို့   ငိုနေကြတယ်.......
တခါက   လှပတဲ့
တောင်ပေါ်လမ်းလေးလဲ
ရွက်ကြွေတောထဲမှာ
လွမ်းဆွေးခြင်းတွေနဲ့    ခြောက်သွေ့လို့.....
နွေရဲ့   နောက်ဆုံးနေ့ရက်တွေအထိ
အထီးကျန်လွန်းစွာ   အသက်မဲ့နေခဲ့တယ်.....
ငါ  ....... ငါလဲ
မိုးနဲ့  အတူ
နင်ပြန်လာမဲ့   ရက်တို့ကို
လက်ချိုးလို့   ရေတွက်ရင်း
စောင့်လို့နေမိတယ်......
သိပ်ချစ်ရတဲ့   ငှက်ငွေပြာငယ်
မျှော်နေတဲ့   ငါ့ဆီကို 
ပြန်လာခဲ့ပါတော့လား   ကြိုးကြာရယ်.......


36 comments:

  1. ကြိုးကြာအလွမ်းကဗျာကို ခံစားသွားပါတယ်... လမ်းမှာတွေ့ရင်ပြောပေးမယ်နော်... ကြိုးကြာလေးရေ နေ့ရက်တွေလက်ချိုးရေလို့ စောင့်မျှော်နေတဲ့ မိုးနတ်ဆီအမြန်ပြန်ပါလို့ ဟီးဟီး
    ချစ်လို့စတာနော်
    ခင်တဲ့
    လေပြေ

    ReplyDelete
  2. မိုးနတ်စွာကျယ်လေး..
    ရောဂါတွေ ပြန်ထလာပြီထင်တယ်။ ကဗျာလေးတွေက အသက်ဝင်နေတယ်။
    ဒါ စိတ်ကူးယဉ်သက်သက်တော့ မဟုတ်တန်ရာ။ ကိုယ်တိုင်ခံစားဖူးမှ ရေးနိုင်တာကလား။
    အတိတ်က ကြိုးကြာ၊ ပစ္စုပ္ပုန်အထိလိုက်လာပြီး အနာဂါတ်တိုင်အောင် ခေါ်ဆောင်သွားမယ်ထင်ပါရဲ့။

    များများခံစား များများရေး ကဗျာလေးတွေ လန်းလာမယ်။း)

    ReplyDelete
  3. ဟုတ်တယ် ကဗျာလေးတွေက အသက်ဝင်တယ်.. အလွမ်းကဗျာလေးတွေ.. ကြိုးကြာလေးမှာလည်း သူ့ခံစားချက်နဲ့သူ ခံစားနေရမှာပါ.. တခါတလေ. ချန်ထားခဲ့တဲ့သူက ကျန်နေခဲ့တဲ့သူထက် ပိုခံစားရ့တယ်.. ။ မိုးနတ်ကဗျာရေးတာ တော်တော်လှတယ်.. နောက်လဲ များများရေးနော်။

    ReplyDelete
  4. ကြိုးကြာ ကြိုးကြာ ဘယ်သူများပါလိမ့်။

    ReplyDelete
  5. ငါ ....... ငါလဲ
    မိုးနဲ့ အတူ
    နင်ပြန်လာမဲ့ ရက်တို့ကို
    လက်ချိုးလို့ ရေတွက်ရင်း
    စောင့်လို့နေမိတယ်......
    တစ်ပုဒ်လုံးဆွှေးဆွေးမြည့်မြည့်လေး ရေးသွားတာ
    တကယ် ထိရှုခံစားမိရပါတယ်..မိုးနတ်ရေ...

    ReplyDelete
  6. ကြိုးကြာဆိုတော့ ဟို အဆိုတော်ညီအစ်မ နှစ်ယောက်ပဲ သွားသွားမြင်နေတယ် :)

    ReplyDelete
  7. ကဗျာချိုချိုလေးကို မျှဝေခံစားခဲ့ပါတယ် ညီမလေး။

    ကြိုးကြာ.... တဲ့။

    ReplyDelete
  8. ကဗျာလေးကအလွမ်းကဗျာလေးနော်
    ကြိုးကြာလေး၇ယ်မြန်မြန်ပြန်လာပေးလိုက်ပါနော့
    ဘာမပြော ညာမပြော
    မထားခဲ့ပါနဲ့ ကြိုးကြာ.......
    မမိုးနတ်ကိုသနားပါအုံး

    ReplyDelete
  9. နွေရဲ့ နောက်ဆုံးနေ့ရက်တွေအထိ
    အထီးကျန်လွန်းစွာ အသက်မဲ့နေခဲ့တယ်.....
    ငါ ....... ငါလဲ
    မိုးနဲ့ အတူ
    နင်ပြန်လာမဲ့ ရက်တို့ကို
    လက်ချိုးလို့ ရေတွက်ရင်း
    စောင့်လို့နေမိတယ်...

    ReplyDelete
  10. ကဗျာလာဖတ်တဲ့ အမလေပြေရေ...ကျေးဇူးပါရှင်...:)

    စနိုးရေ....မိုးနတ်ကဗျာလေးတွေကို မှတ်မှတ်ရရ ဝေဖန်ပေးတာ အာဘွားးးးးးးးးးးးးးးး :P

    မမလရိပ်ရေ....ကြိုးကြာဆိုတာ ကြိုးကြာငှက်လေးနဲ့ တူတဲ့ ကောင်မလေးကိုပြောတာပါ :)

    ကိုရွှေရတုရေ....ရှင့်ကိုတော့ မမှီပါဘူးရှင်ရယ် :D

    မမမ ကတော့ လုပ်ချလိုက်ပြန်ပြီ Honnnnnnnnnnnnnn :(((

    အကိုညီလင်းရေ.....သတိတရ ရှိနေတယ်ဗျ :)

    ဟုတ်...နှင်းဆီလေးရေ....မိုးနတ်ကို သူက နဲနဲလေးမှ မသနားဘူးရှင့် (အလကားပြောတာ)
    သူမှ မရှိတာကို Ahakhakkkkkkkkkkkk

    ReplyDelete
  11. အိုးးးးးးးး
    ခက်ပဲ ခက်ရချည့်....ဒီကိစ္စကို မိမိုးနတ် ဘယ်လိုဖြေရှင်းရပါ့ :(
    အထင်လွဲစရာတွေတော့ ဖြစ်ကုန်ပြီထင်ရဲ့...
    မိုးနတ်ကဗျာထဲမှာ ထဲ့ရေးထားတဲ့ ကြိုးကြာ ဆိုတဲ့ အသုံးအနှုန်းဟာ
    ကောင်မလေးတစ်ယောက်ကို ရည်ညွှန်းဖွဲ့ဆိုထားတာပါ....
    ချစ်သူကောင်လေးကို မပြောမဆိုထားခဲ့တဲ့ အဝေးကြီးကို ထွက်သွားတဲ့
    ကောင်မလေးကို ကြိုးကြာမလေးနဲ့ တင်စားပြီးရေးဖွဲ့ထားတာပါ.....
    ပြီးတော့ ဒီကဗျာမှာ မိုးနတ်က ကောင်လေးတစ်ယောက်အနေနဲ့
    ခံစားပြီး ရေးဖွဲ့ထားတာပါ....ကြိုးကြာမလေး လို့ပဲ တင်စားလို့ရတယ်လေ
    ကြိုးကြာကောင်လေး ဆိုပြီး ရေးလို့မှ မရတာ...နို့...ဒီကဗျာက
    ယောကျာ်းလေးခံစားချက်မျိုးလေ....အရင်ကလဲ မိုးနတ် ယောက်ျားလေး
    အနေနဲ့ ခံစားရေးဖွဲ့တဲ့ ကဗျာတွေ အများကြီးရှိတယ်လေ....:)))

    ReplyDelete
  12. အသဲလေး နဲ့ ဖူးလေး ရေ ....
    i miss nay tal naw :)))

    ReplyDelete
  13. တဂျီးမင်းရေ ....မိမိုးနတ် ရောဂါပြန်ထတာ မဟုတ်ရပါဘူးရှင်....
    စိတ်ကူးထဲမှာပဲ ခံစားရေးဖွဲ့ထားတာပါ....ဘာလဲ တကယ့်ခံစားချက်
    မဟုတ်ရင် ကဗျာဖြစ်အောင် ရေးဖွဲ့လို့မရတော့ဘူးလားးးးးးးးးးး
    အဲလောက်တောင် မိုးနတ်ကို အထင်သေးလား ?
    တဂျီးမင်းတူမပါ .....အဲလောက်ကတော့ ဖြစ်ပါတယ် Ahakhak !
    ထားပါ...တူများတွေကြားရင် ဒီကောင်မလေး အခြောက်တိုက်ဘ၀င်မြင့်
    နေတယ်....ကြွားလွန်းတယ် ထင်နေအုံးမယ် :(((
    တကယ်က ဒီကဗျာလေးက စိတ်ကူးထဲက ကဗျာသက်သက်..
    ပြီးတော့ မိုးနတ် ကဗျာရေးသက်မှာ တထိုင်တည်းနဲ့ အပြီးရေးခဲ့တဲ့
    ကဗျာရှည်တစ်ပုဒ် ( ဟုတ်တယ် ဒီကဗျာလေးက တနေ့ခင်းထဲနဲ့
    အပြီးရေးထားတာ.... နောက်ပြီး ညရောက်တော့ စိတ်ပါတာနဲ့
    အိမ်လေးပေါ်မှာ တခါတည်းဆွဲတင်ပစ်လိုက်တာ...အဲလို...အဲလို )
    သိပြီလားရှင် :P အဲလေ ပြောချင်တာတောင် ဘယ်ရောက်သွားပါလိမ့်
    နော် ငါ့နှယ် .....အဓိက ပြောချင်တာ တစ်ခုကျန်သေးတယ်...
    နောက်ဆို မီးရှေ့မှာ သူ့အကြောင်းတွေကို ယောင်လို့မှတောင်
    ထဲ့မပြောပါနဲ့....မီး သူ့ကို မေ့ထားလိုက်တာ ကြာပြီ .....
    အဲလိုဆိုတော့ သူကသိပ်ဆိုးလို့ မထင်နဲ့နော် ....သူက မီးအပေါ်
    သိပ်ကောင်းတာ...အာ့ကြောင့် သူ့အကြောင်းတွေကို လူကြီးက
    ပြန်ပြီး အစဖော်ပေးရင် သူ့ကို အရမ်းသတိရနေတတ်လို့...
    မမေ့နိုင်မှာစိုးလို့.....ကြားပြီနော် လူကြီးမင်းးးးးးးးး :P

    ReplyDelete
  14. သူကြီးမင်းFebruary 3, 2013 at 7:52 AM

    သူ့ကို မေ့ထားလိုက်ပြီလဲပြောသေး သူ့အကြောင်းတွေလဲ စဉ်းစားနေသေး။ ခက်ခက်ချေပြီကော မိမိုးနတ်ရယ်။ သူကြီးမင်းကဖြင့် အဲဒီတစ်ယောက်အကြောင်း ယောင်လို့တောင် ဟ မိခဲ့တာမှ မဟုတ်တဲ့ဟာကို။ သွသူ သတိရပြီး မမေ့နိုင်ဖြစ်နေတာကိုများ။ အော် မိုးနတ် မိုးနတ် ကြိုးပြတ်ချင်ယောင် ဆောင်နေလေရော့သလား မသိ။း))

    ReplyDelete
  15. ကြိုးကြာဘယ်တူလဲ။ သိချင်တယ်နော်။ ကြိုးကြာတော့မသိဘူး။ မမတော့ ကဗျာလေးဖတ်ပီး ကြွေသွားတယ်။
    မျှော်နေသူရင်ခွင်ထဲ ကြိုးကြာလေး ပြန်ရောက်ပါစေလို့ ဆုတောင်းပေးရင်း

    ReplyDelete
  16. ကြိုးကြာလေးက ပြန်လာမယ်တဲ့ မိုးနတ်လေးရေ .. :P

    ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ .. အဲ့ ကြိုးကြာလေးကော ချစ်ဖို့ကောင်းလား ??? :P

    ReplyDelete
  17. Honnnnnnnnnnnnn ( Luu Gyi Min )

    မမရိုးမြေကျရေ.....ကောင်လေးကို ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါနော် :)

    မမထရီဆာရေ.....သိဘူးရှင့်....ကောင်မလေးက ချစ်ဖို့တော့ တော်တော်ကောင်းမဲ့ပုံပဲ :)))

    ReplyDelete
  18. ကြိုးကြာက.. တကယ်တော့ အမလေးကို...း)
    အလွမ်းများ ငြိမ်းပါစေ...

    ReplyDelete
  19. မဆုံတဲ့ဖူး မေ့ပစ်လိုက်ပါတော့...အဲဟုတ်ဖူး ကြိုးကြာဆိုလို့ ကြိုးကြာဆိုတဲ့သီချင်းကို သွားသတိရလို့ပါ မိုးနတ်ရယ်။ ခိုဖြူခိုပြာများ အုပ်လိုက်ပျံသန်းကာ အိမ်ခေါင်ထိပ်ဖျားမှာ နားကြပြီ...မိုးတွင်းလေးတစ်ခု ပြက္ခဒိန်ပေါ် ဖြတ်သွား...ရေးနေရင်းနဲ့ ဘယ်ရောက်သွားပြန်ပါလိမ့်...ကြိုးကြာအမြန်ပြန်လာပါစေနော်....ဘိုင်....

    ReplyDelete
  20. ကိုယ် မင်းကို သတိရမိတယ်.....
    ငှက်ငွေပြာတွေ ရေဇလာပေါ်မှာ
    တောင်ပံခတ်သံကြားတိုင်း......
    လှုပ်ခတ်လာတဲ့ ရင်တွင်းဝေဒနာဟာ
    ရင့်မှည့်သထက် ရင့်မှည့်လို့.....
    ဟိုအဝေး မိုးကောင်းကင်ထက်မှာ
    ကြိုးကြာငှက်တွေ ပျံသန်းသွားတိုင်းလဲ
    ကြိုးကြာများ ကိုယ့်ဆီပြန်လာမလားလို့
    ကိုယ်တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်.....


    ကဗျာလေးကအသက်ဝင်လှပါတယ်မမမိုးနတ်ရေ

    ReplyDelete
  21. အနော်တောင် အဲလောက်ခံစားတတ်ဝူးးး

    ဂယ်မိုက်လယ်ဂျာ

    ReplyDelete
  22. ကိုယ့်အနားမှာ လာပြီးတော့ သီကျူးနေသလို
    ကဗျာ. ဖတ်ရင်းနဲ့ လွမ်းသွားရတယ်

    ReplyDelete
  23. အလွမ်းတွေနဲ့ သိပ်သိပ်သည်းသည်း ရှိလှတဲ့ ကဗျာလေးကို သဘောတကျနဲ့ ဖတ်သွားပါတယ် ညီမမိုးနတ်ရေ...။း)

    ReplyDelete
  24. ကဗျာလေးကို ခံစားအားပေးသွားပါတယ်မိုးနတ်ရေ
    ကြိုးကြာတောင်ပံခတ်သံပေါ့နော် :)

    ReplyDelete
  25. မိုးနတ်ရဲ့ ကြိုးကြာသို့ အလွမ်းကို ဖတ်ပြီး အစ်မတောင် လွမ်းသွားမိတယ်။ အရေးအသား ပြေပြစ်သလို ဖွဲ့ဆိုပုံ လည်း ကောင်းတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ အားပေးလျက်ပါ ညီမလေးရေ...။ :)

    ခင်မင်လျက်
    မြဝတီဇော်

    ReplyDelete
  26. ကဗျာတွေလာဖတ်သွားတယ်....
    ပန်းနုေ၇ာင်အလွမ်းတွေက
    ကာ၇ံသစ်တွေဖြစ်လို့
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  27. ဟုတ် ...မမ witch83 :)

    ဘုန်းတောက်ရေ..ဒီညအတွက်တော့ ဘိုင်ပေါ့...
    နက်ဖြန်မနက် အတွက်တော့ ဂွတ်မောနင်းရှင့် :)))

    ပြောပြန်ပြီဟယ် ....နင်ပဲပြော နင်ပဲပြော နာတော့မပြောတော့ဘူးးးး
    ပါးစပ်ညောင်းလို့ Ahakhak :P ( ရင်ခုန်ရသူ )

    အမနှင်းနုရေ....အရမ်းတော့ မလွမ်းပါနဲ့ရှင်...:D
    စာတွေလာဖတ်တာ တကယ်ပဲကျေးဇူးတင်ပါတယ် :)

    အကိုညီလင်းသစ်ရေ....နေကောင်းသွားပြီလားရှင် ?

    မင်းရေ.....မတွေ့တာ သိပ်ကိုကြာပြီ ....i miss u :)

    မမဇော်ရေ...ရှဲရှဲနီ ပါ :P

    ကိုကိုစိန်ကြီးရေ....အမယ်မယ် ပန်းနုရောင် အလွမ်းတွေဆိုပါလား :D



    ReplyDelete
  28. အစ်ကို့ပို့စ်တော်တော်များများကိုမှတ်ချက်လာပေးခဲ့တဲ့ညီမငယ်ကိုကျေးဇူးတင်မိတယ်လို့ပထမဆုံးပြောပါရစေ။ကဗျာကိုခံစားပြီးဖတ်သွားပါတယ်။ဒီခံစားချက်ကတစ်မျိုးပဲနော်။ရေးသူကဘယ်ဘက်ကခံစားရေးတာလဲ။ကောင်မလေးတစ်ယောက်ကိုလွမ်းတဲ့ကောင်လေးတစ်ယောက်ရဲ့လွမ်းချင်းလို့ပဲပြောရမယ်ထင်တယ်။ဒါပေမဲ့အလွမ်းကနက်ရှိုင်းတယ်။အေးချမ်းတယ်။ဆွေးမြည့်တယ်။ခံစားသွားပါတယ်ညီမငယ်။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ အကိုရေ....ညလေးက အကို့စာတွေကို သဘောကျနှစ်သက်မိလို့
      လာလာဖတ်ဖြစ်တာပါ....နောက်ကိုလဲ ဆက်ပြီးဖတ်ဖြစ်နေအုံးမှာပါ.....:)))
      ညလေးကဗျာနဲ့ ပတ်သက်ပြီးလို့ ပြောချင်တာကတော့ ကောင်လေးတစ်ယောက်အနေနဲ့
      ခံစားပြီးရေးဖွဲ့ထားတာလို့ပဲ ပြောပါရစေရှင်.....ကဗျာလေးကို ညလေးနဲ့ထပ်တူ
      ခံစားပေးသွားလို့ အတိုင်းမသိ ၀မ်းမြောက်မိရကြောင်းပါ....:)

      Delete
  29. ကဗျာကို ဖတ်ပြီး သဘောကျ နှစ်ချိုက်မိသလို သူကြီးမင်းကို ရန်ထောင်ထားတာလေးကိုလည်း သဘောကျမိရဲ့ လူပျိုးကြီးတွေများ တယ်ခက်တယ်း)))။

    ဟုတ်တယ်ဗျ အစ်ကိုဆူးသစ် ပြောသွားသလိုဘဲ ကဗျာက ကောင်းလေးတစ်ယောက်က ကောင်မလေးကို လွမ်းသည့်ဟန် ပေါက်နေတယ် ( အရင်တခါလည်း အကိုပြောဘူးတယ် မှတ်တယ် ) အဲအခါကျတော့ ဖတ်ရတာ တစ်ခုခု လိုသွားသလိုဘဲ ကဗျာကောင်းပါရက်နဲ့ တစ်ခုခုလိုနေတဲ့ အလိုမျိုးပေါ့။

    ReplyDelete
    Replies
    1. ရော.....ခက်ရချည့် အကိုတော် (မင်းဧရာ)
      အစကတည်းက အဲလိုပါဆိုနေ.....
      မိုးနတ်မဖြေရှင်းတတ်တော့ဘူးရှင် :(((

      Delete
  30. အလွမ်းတွေအန်ကျလာတော့ ကဗျာကအသက်ဝင်လှပါပေတယ် ။

    ReplyDelete
  31. ကဗျာလှလှလေးးးးး..........
    မိုက်တယ်.....
    မိုးနတ်က တော်လိုက်တာ ကန်ဒီဆို ကဗျာကို ဖတ်ပဲဖတ်တတ်တယ် ဟိ :D

    ReplyDelete
  32. အကိုလွင်ပြင်လဲ ပျောက်ချက်သားက ကောင်းလှချည့်...
    နေကောင်းပါရဲ့လား အကိုတော်ရေ....:)))
    ကဗျာလာဖတ်တာ ကျေးဇူးပါရှင်.....

    ကန်လေးလဲ ကဗျာရေးလေ....မိုးနတ်လဲ တလှည့်ပြန်ပြီး
    ကန်ရေးတဲ့ ကဗျာလေးဖတ်ချင်တယ်ကွယ် :P

    ReplyDelete
  33.း) တိုက်ဆိုင်သည် တိုက်ဆိုင်၏ မိုက်စ်

    ReplyDelete
  34. အတိုင်းမသိ ခံစားရလွန်းလို့စာဖတ်ရင်းဝေလာတဲ့မျက်ရေ ကြောင့်စာမဖတ်နိုင်တော့ဘူး
    မိုးနတ် အားပေးတယ် ဒီလိုခံစားမှုတွေရှိလာအုံးမယ်ဆိုရင် ထပ်ဖတ်ချင်လှတယ်

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ