Thursday, February 21, 2013
မျှော်လင့်ဆဲ မျှော်နေလျက် မျှော်လင့်ရင်းရူး
နွေ မိုး ဆောင်းတွေ 
ဘယ်လောက် ပြောင်းပြောင်း
ကိုယ့်မှာတော့  သံယောဇဉ်တွေ 
မဟောင်းသေးဘူး  ခင်
ယိုယွင်းလုဆဲဆဲ
တဲတဲလေး  ကျန်နေသေးတဲ့
နှလုံးသားသည်သာ
ရက် လ နှစ်တို့ တိုက်စားရာ
သက်သေတွေ ပမာ
အခါတရာမက  ကိုယ်
မျှော်လင့်မိခဲ့ဖူးတယ်......
အခါခါ  တသသ
စိတ်ကူးနဲ့လဲ  ကိုယ့်မှာ
ရူးခဲ့ဖူးတယ်......
ဒိထက်ပိုပြီး  မထူးခဲ့ဖူးတဲ့
ဇာတ်လမ်းတစ်ပုဒ်မှာ
အရိုးစွဲနေတဲ့  မင်းရဲ့အမြင်
အရိုင်းအစိုင်းလို့ပဲ  ထင်ချင်ထင်
ကိုယ်ကတော့  အမုန်းခံ
လူကြမ်းတစ်ယောက်  အဖြစ်မျှသာ.....
ဘ၀ဟာ  ရေပွက်ပမာ
ခဏတာလို့  လူတွေပြောလေ့ရှိကြတယ်....
ကိုယ့်အတွက်တော့  ဒီစကားဟာ
ပြောင်းပြန်များ  ဖြစ်နေသလားဟင်......
ခင် မကြင်နာလေတဲ့ 
အစိမ်းသက်သက်  ကာလတစ်လျှောက်မှာ
ကိုယ့်ဘ၀ဟာ  နွေနေပမာ  ပူပြင်းလို့
လူသူကင်းမဲ့တဲ့  သုသာန်တစပြင်လို
သွေ့ခြောက်လို့သာ နေခဲ့ရတယ်......
ခင်ရယ် ......
ခက်ပဲ ခက်ရချည်ရဲ့ကွယ်......
ကိုယ့်မှာတော့ .......
သမုဒယ သစ္စာ 
သံယောဇဉ်  မေတ္တာများနှင့်
ယုယချစ်ကာ ပိုက်ထွေးလို့ထားချင်
သြော် ....တဖက်သတ် အဖြစ်ဟာ
သေရာပါမဲ့  အချစ်ပါလား  ခင် .......
29 comments:
  1. သူကြီးမင်းFebruary 21, 2013 at 7:30 AM
    နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ခင်။
    မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ၀တ္ထုလေး သွားအမှတ်ရမိတယ်။
    တစ်ဘက်သတ်အဖြစ်ဟာ သေရာပါမဲ့ အချစ်ပါလား ခင် တဲ့။
    တစ်ဘက်သတ်မဟုတ်တဲ့ အချစ်(ဇနီးမောင်နှံအချစ်)ကျတော့ သေရာမပါမှာ ကျနေတာဘဲ။
    အားလုံး သေရာပါတွေချည်းဘဲကို။ ဟာ ဟ။
    မျှော်လင့်ရင်း ရူး။ ဆိုတော့ အခုထက်ထိ ရူးနေဦးမဲ့ပုံဘဲ။ မြန်မြန်လစ်မှ။း)
    ReplyDelete
  2. wowww...အသစ်ကလေးပါ ဘား ... :)))
    "မျှော်လင့်ရခြင်း"ဆိုတာကို သိသူမို့ ရင်ဘတ်ကြီးနဲ့ ခံစားသွားပါတယ် sis ရေ..
    ပျော်ရွှင်ပါစေ.. :)
    ReplyDelete
  3. အဟမ်း---တစ်ဖတ်သတ်ဆိုတဲ့အချစ်ရယ်
    တကယ်ပဲတစ်ဖက်ကိုသတ်လိုက်လေရော့ထင်
    ခင်မကြင်တဲ့ဒီရင်ခွင် ကန္တာပြင်ထက်က
    အိုအေစစ်လေးတောင်မျှော်ခွင့်မရှိတော့ပါလားကွယ်
    တယ်နှယ်တူနှယ်ဗြောင်--ဒီငမောင်စာပြောင်နဲ့
    အားပေးခဲ့ပါတယ်နော်
    ဒါဗြဲ
    ကျန်ဘီ
ေိခိ
    ReplyDelete
  4. ဒါဘယ်သူ့အတွက်ရေးပေးတာလဲညလေး။
    ခင် မကြင်နာလေတဲ့
    အစိမ်းသက်သက် ကာလတစ်လျှောက်မှာ
    ကိုယ့်ဘ၀ဟာ နွေနေပမာ ပူပြင်းလို့
    ဖတ်နေရင်းနဲ့ အစ်မတောင်ခံစားမိပြီး ရင်တွေပူလာတယ်။
    ညလေးနဲ့လဲ ဖေ့ဘုတ်မှာ တစ်ခါမှကိုဆုံရသေးဘူးဟယ်
    ReplyDelete
  5. ကဗျာတပုဒ်လံးအ၇မ်းကြိုက်တာပဲ.
    တိုက်ဆိုင်နေတယ် ငိုချင်လာပြီ..
    မိုးနတ်....ေ၇း...
    ReplyDelete
  6. တစ်ဘက်သက် အချစ်ကသိပ်မကောင်းဘူးလို့ပြောကြတာပါဘဲ
    နှစ်ဘက်သက်အချစ်ကတော့ ဘယ်လိုနေတယ် မသိရသေးဘူးဗျ
    ဟိုအပေါ်ဆုံးက သူကြီးမင်းကို သွားမေးရဦးမယ်း))။
    တစ်ဘက်သက်အချစ်ဆိုတာ မကောင်းပေမယ့်လို့
    ရင်ထဲကိုနှစ်မိပြီဆိုရင်လည်း နင့်နေအောင်ခံစားရတယ်နော်။
    ReplyDelete
  7. ဟွန်းးးးးးးးး အဲ့သူကြီးမင်းဆိုတဲ့ လူပျိုကြီးကလဲ တစ်မှောက် ....
    ပြောမပြောချင်ဘူးအေ....သူကတော့ ဇနီးမောင်နှံကိစ္စတွေ
    အတော်စိတ်ဝင်စားတယ်ထင်ပါ့....စကားပြောရင်း ဇာတိက
    ပြပြလာတယ်....မကြာခဏ ဟီးးးးးးးးးးးးး :)))
    ဟုတ် ...အမ witch83
    အမ ပြောနေလို့ ခုရေးပြီးခုတင်လိုက်တာ...
    အဲ့ ပုံစံမျိုးတော့ တစ်ခါမှ မရေးဖူးပါဘူး မ ရယ်....:)
    သိနေဒယ်လေ သိနေဒယ်.....ရှင့်စာပြောင်ကို ဖတ်ချင်လို့ကို
    ဒီကလုပ်ဇာတ်ထွင်ပြီး ကဗျာတင်လိုက်ရတာ....အဲလေ
    ဟုတ်ပါဝူးးးးးးးးးး ဒီအတိုင်းပဲ စိတ်ထဲရှိတာရေးလိုက်တယ်
    ပြောပါဒယ် :P
    ဟုတ်တယ် မ ရေ....ဘာဖြစ်နေတာလဲကို တိဝူးးးးးးးးးးးးးး :(((
    ငိုတော့ မငိုလိုက်ပါနဲ့ ရို့စ်ရယ်.....:)))
    ဟုတ်တယ် အကိုမင်းဧရာရေ....အဲ့လူကြီးကိုသာ သွားမေးးးးးးးးးးးးးး
    သူက အဲဒိကိစ္စတွေ သိပ်ကျွမ်းပုံရတယ် ဟိ :)
    ReplyDelete
  8. အလည်ရောက်ခဲ့ပါတယ်။ ကံကောင်းပါတယ်။ လွမ်းရတာလည်းကောင်းတယ်၊ လွမ်းစရာမရှိသူထက်စာရင်။ မလွမ်းရတာလဲကောင်းတယ်။ မျှော်ရတာလဲ ကောင်းတယ်။ မျှော်စရာမရှိသူထက်စာရင်။ မမျှော်ရလည်းကောင်းတယ်။
    ခင်ရယ် ခက်ပဲခက်ရချည့်ကွယ်...။
    ခင်မင်လျက်
    လောင်စာ
    ReplyDelete
  9. တဖက်သတ်ကြီး ကောင်းဘူး...
    ကဗျာလေးကောင်းတယ် (as always :D)
    ReplyDelete
  10. ဟုတ်ပါ့ တစ်ဖက်သတ်ကြီး မောတယ် ဟူး...(မှတ်ချက် နှစ်ဖက်သတ်ဆို သိပ်မမောဘူး)
    ReplyDelete
  11. ချစ်မရေ ညလေးရင်ထဲကိုများ လှမ်းမြင်လို့ ဒီကဗျာလေးကိုရေးသလားကွယ် ... တစ်ဖက်သတ်ကကောင်းဘူးနော် ;)
    ReplyDelete
  12. မောင်စိန်ဝင်း (ပုတီးကုန်း) ရေးသလို ကဗျာပုံစံမျိုးလေးဆိုတော့ ပိုကြိုက်တယ်..။ မိုးနတ် ရေးတာတွေ အရမ်းကောင်းလာတယ်နော်. ။ အထူးသဖြင့် ကဗျာရေးတာလေးတွေ တကယ်သဘောကျတယ်.. ကာရံလေးတွေလည်းပါတယ်.. အဖွဲ့အနွဲ့လည်းပါတယ် မိုက်စ် (y) (Y)
    ReplyDelete
  13. ကဗျာလေးနဲ့ ဒီရာသီလေးနဲ့လိုက်ဖက်နေတယ်...း)
    ReplyDelete
  14. သိပ်မှန်တာပေါ့ လောင်စာရယ် :P
    ကျေးကျေးပါ ကန်ရေ :D
    အမ်...ဘုန်းတောက်လဲ အဲလိုယူဆတယ်ပေါ့...
    အာ့ဆိုရင်တော့ ဒဂျီးမင်းနဲ့ တဂိုဏ်းထဲပဲထင်တယ်..ဟယ်
    ဘုန်းတောက်ကို ဘာတွေလျှောက်ပြောနေမိပြီလဲ မသိ
    ကန်တော့ ကန်တော့ပါ ဘုရားးးးးးးးးးးးးးးးးးးးး
    မိုးညရေ....သိပ်မခံစားနဲ့ဟ :)))
    စနိုးရေ....တကယ်ပဲ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရေးဟန်နဲ့ဆင်သွားသလားးးးးးးးးးး
    မိုးနတ်ရေးတာလေးတွေ ကောင်းလာတယ်...စနိုးလဲနှစ်သက်တယ်ဆိုလို့ အတိုင်းမသိ
    ဟုတ်လား မကြီးမိုးငွေ့ :)))
    ReplyDelete
  15. တဘက်သတ်အချစ်ဟာ သေရာပါမယ့်အဖြစ်လားခင်...
    အမလည်း အဲ့ဒါ သိချင်နေတာ...:)
    ReplyDelete
  16. အင်းးး ကဗျာလေးကောင်းတယ်မိုးနတ်ရေ
    အားပေးသွားတယ်
    တစ်ဖက်သတ်ဆိုတာ အချစ်စတင်မွေးဖွားကတည်းက တစ်ဖက်သတ်ဖြစ်လာလိုက်တာ ဘယ်တော့မှ နှစ်ဖက်သတ်မဖြစ်တော့ဘူးဗျ
    နှစ်ဖက်သတ်ဖြစ်အောင်တော့ ကြိုးစားရမယ်ထင်တယ် :P
    ReplyDelete
  17. ခင် .... ရေ .... တစ်ချက်လောက်တော့ ကြည့်သင့် ပါတယ်ကွယ် ...... :D
    မိုးနတ်ရေ .... ကဗျာ ကာရံလေးတော့ အရမ်းကြိုက် ဗျာ .... ။
    ReplyDelete
  18. ကဗျာလေး ကောင်းတယ် ခင်ရယ်..း)
    ဖတ်လို့ ကောင်းလိုက်တာ ကာရံလေးတွေလဲ လှတယ်.
    ခင့် အတွက်ပြီးရင် ခိုင့် အတွက်ရော ရေးပေးမလား..ပြော
    ReplyDelete
  19. မိုးနတ်လိပ်စာအတိအကျပေး။ ဂျူးရဲ့ ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်ကို မိုးနတ်ဖို့ မမပို့ပေးမယ်။
    yoemyaykya18@gmail.com ကို ပို့လိုက် လိပ်စာ။သိလား။ အားနာစရာမလိုဘူးညလေး။ အားနာရင်မခေါ်ဘူး။
    ReplyDelete
  20. ကဗျာလေးရဲ့ ခေါင်းစဉ်ကိုတွေ့မိထဲက စိတ်ဝင်စားခဲ့တာပါ..
    ခံစားချက်နဲ့တိုက်ဆိုင်လို့လေ အရမ်းကြိုက်ပါတယ်...
    အားပေးနေပါတယ်နော်...
    ReplyDelete
  21. နွေ မိုး ဆောင်းတွေ
    ဘယ်လောက် ပြောင်းပြောင်း
    ကိုယ့်မှာတော့ သံယောဇဉ်တွေ
    မဟောင်းသေးဘူး ခင်
    ယိုယွင်းလုဆဲဆဲ
    တဲတဲလေး ကျန်နေသေးတဲ့
    နှလုံးသားသည်သာ
    ရက် လ နှစ်တို့ တိုက်စားရာ-------
    ဆရာမောင်စိန်ဝင်း ကဗျာအတိုင်းပဲ ရင်ထဲထိတော့တာပဲနော်
    ReplyDelete
  22. အမ(နှင်းနုလွင်) လဲ သိချင်တယ်လားးးးးး
    မိုးနတ် ပြောပြနိုင်ရင် သိပ်ကောင်းမှာပဲနော် :)))
    ဒါပေသိ ........................
    အင်းးးးးးးးး
    မခံစားရချင်ရင်တော့ မင်း ပြောသလို
    နှစ်ဖက်သတ်ဖြစ်အောင် ကြိုးစားပေါ့ မင်း ရ :P
    ဟုတ်...သဘောကျမိတယ်ဆိုလို့
    ကျေးဇူးပါ အကိုဘုန်းရေ...ထပ်ပြောရအုံးမယ်
    အကို့ ကောင်းကင်ဖြူက ချောတယ်နော်...
    ချစ်ချာရေးးးးးး ဟီးးးးးးးးးးးးး
    နာ့ အကိုဘုန်းရဲ ခန့်ပါတယ် ခန့်ချောကြီးးးးးးးးးးးးး :P
    အို ခိုင်ကရေးစေချင်တယ်ဆို ရေးပေးမှာပေါ့ ခိုင်ရဲ့ :) (အိမ်မက်စေရာ)
    ဟမ်...အားနာရင် ခေါ်ဘူးဆိုတော့ အခက်သားးးးးးးးးး
    ဒီမှာ ညလေးက အားနာလို့ ငြင်းမလို့လုပ်နေတာ...
    နေပါစေ မ ရယ်...အလကား ဒုက္ခရှာလို့ကွယ် :P (မမရိုးမြေကျ)
    သက်ဆုရေ...ဘူမှန်းမသိပေမဲ့ ကဗျာလေး လာအားပေးလို့
    ကျေးကျေးပါနော်...နောက်လဲလာအားပေးပါရှင်..ဖိတ်ခေါ်ပါတယ် :)
    မဂျီးဂျက်ရေ....မိမိုးနတ်က ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရေးတဲ့
    ကဗျာတွေ သိပ်ကြိုက်ပေမဲ့ သိပ်မဖတ်ရဘူးးးးးးးးးးးးးးးး အာ့ကြောင့်
    သူ့ရေးဟန်ကို စုံစုံစေ့စေ့မသိပါဘူးရှင်...ဒါပေသိ ဒီကဗျာဖတ်ပြီးသူ
    တိုင်းက ဆရာ့ကဗျာအတိုင်းပဲလို့ ပြောကြတော့ မိုးနတ်မှာ ၀မ်းပဲသာ
    ရမလား ၀မ်းပဲနဲရမလားဖြစ်နေတယ်.....ဆရာ့ ကဗျာနဲ့ တူတယ်
    ဆိုလို့ အရမ်းဝမ်းသာမိတယ်...ရေးဟန်ဆင်တယ်ဆိုလို့ အတုခိုးပြီး
    ရေးတယ်လို့ထင်မှာလဲ စိုးတယ်...အမှန်က ဆရာ့ကဗျာတွေဟာ
    တချို့တစ်ပုဒ်တလေက လွဲရင် မိုးနတ်အတွက် တော်တော်များများက
    အစိမ်းသက်သက်ပါ.................
    ReplyDelete
  23. ညီမလေး မိုးနတ်ရေ...မျှော်လင့်ချက်ဆိုတာ တစ်ခါတလေ ရှိကောင်းပေမဲ့ တစ်ခါတလေကျရင်လည်း အဲဒီ မျှော်လင့်ချက်ကြောင့်ပဲ ရူးသွပ်နေအောင် ခံစားရတတ်တယ်နော်။ မိုးနတ်ရဲ့ ကဗျာလေးထဲက
    " ...အခါတရာမက ကိုယ်
    မျှော်လင့်မိခဲ့ဖူးတယ်......
    အခါခါ တသသ
    စိတ်ကူးနဲ့လဲ ကိုယ့်မှာ
    ရူးခဲ့ဖူးတယ်......"
    ဒီနေရာလေး ကြိုက်တယ်။ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးနော်။ :)
    ReplyDelete
  24. ကြယ်စင်ရေ..............ကဗျာလေးတွေက
    ကောင်းတယ်
    ReplyDelete
  25. သယ်ရင်းရေ....ဒီကဗျာလေးကိုအ၇မ်းကိုခိုက်သွားပြီး
    ရင်ထဲကိုစူးစူးနစ်နစ်လာထိတယ်
    နာ့သယ်၇င်းဒီ့ထက်မကအောင်မြင်မူတွေဆွတ်ခူးနိုင်ပါစေနော်
    ကဗျာကောင်းလေးတစ်ပုဒ်ကိုထုဆစ်ပေးလို့
    အ၇မ်းကိုကျေးဇူးတင်နေမိတယ်
    ReplyDelete
  26. အခုတော့ မျှော်လင့်မှုတွေ သိပ်မထားချင်တော့ဘူး။
    တဖက်သတ်မှာ ရက်ရက်စက်စက်နဲ့ပစ်ခံခဲ့ရလို့။
    ReplyDelete
  27. ဟုတ်..အမဇော်ရေ (မြ၀တီဇော်)
    တခါတခါ အဲလို ကိုယ်ထင်လာပြပေးတာ
    ကျေးဇူးပါနော် မ :))) တကယ်ပြောနေတာပါ
    မီးရေ....မီးဆီမှာ မန့်လိုကိုရ၀ူးးးး
    ဘာဖြစ်တာလဲ မသိ ( ညအက္ခရာ )
    ပြောပြန်ပြီ နင်ပဲ....
    ဘာပဲဖြစ်ဖြစ် ကျေးဇူးပါဟယ် သယ်ရင်းးးးးးးးးးးး (အသဲလေး)
    ReplyDelete
  28. ဟင် အမလရိပ် (လရိပ်အိမ်)
    အသဲကွဲနေတယ် မဟုတ်လားးးးးးးးး
    ညလေးသိပါတယ် ....
    မငိုနဲ့တော့နော် တိတ် တိတ် :)))
    ReplyDelete
  29. မိုးနတ်ရေ..
    ကဗျာလေးဖတ်ပြီး အန်တီမာမာအေးရဲ့ သီချင်းလေးတွေ သွားသတိရမိတယ်။အဟဲ
    လရိပ်အိမ်က အသဲကွဲတာမဟုတ်ဘူး။။ အကွဲသဲတာပါ...
    အောင်ရင်သီချင်းတစ်ပုဒ်ကို သွားသတိရမိတယ်။ငယ်ငယ်တုန်းက မကြီးတို့ဆိုခဲ့တာလေ။
    အချစ်နဲ့စစ်မှာ မတရားဘူးရှိသော်လည်းလေ စိတ်မဆိုးလိုက်ပါနဲ့ သူငယ်ချင်းရယ်ဆိုတဲ့
    ချိုပေါ့ကျ သီချင်းလေးက လရိပ်အိမ် အတွက်ပါဘဲ။
    ချစ်တဲ့
    မဂျီးလွမ်း
    ReplyDelete
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ