Friday, February 8, 2013

မမလရိပ်အတွက် မွေးနေ့အမှတ်တရ ကဗျာ

အပေါ်ယံ ဟန်ဆောင် ပကာသန
ဂုဏ်ပြိုင်တာတွေ  ခ၀ါချ
ဖြူစင်လှတဲ့  မိန်းကလေးရေ

ကြင်ကြင်နာနာ  ပျုငှာသေး
ခင်ချင်စရာ  ရူပါလေး
ဖော်ရွေလွန်းတဲ့  အပြုံးလေးတွေ

ဖေဖော်ဝါရီ  ဒီနေ့လေး ( ၁၂.၂.၂၀၁၃ )
ပျော်ရွှင်ပါစေ သူကလေး
ကြယ်စင်လေးက ဆုတောင်းပေးနေ

ချိုသာအမူအရာ  ပုံရိပ်လေး
မြင်သူတကာ  ရင်ကိုအေး
တကယ်ယဉ်ကျေးတဲ့  လရိပ်မေ

( မမလရိပ်အတွက် အမှတ်တရ မွေးနေ့ကဗျာလေးပါ......အစကတော့ နီးမှပဲ တင်ပေးမလို့ပါ....
 ဒါပေမဲ့ ဗယ်လင်တိုင်းဒေးအတွက် ကဗျာတစ်ပုဒ်တင်စရာရှိလို့ စောတင်ပေးလိုက်တာပါ...:)
 မမ နှစ်သက်နိုင်ပါစေလို့ မျှော်လင့်မိပါတယ်ရှင်....ဟက်ပီဘတ်ဒေး ချစ်မ အာဘွားးးးးးးးးးး  )

22 comments:

  1. ကဗျာလေးကိုမွေးနေ့ရှင်တော့ဘယ်လိုခံစားရမယ်မသိဘူးကျွန်တော်တော့အရမ်းသဘောကျသွားတယ်

    ReplyDelete
  2. ဟုတ်...ကျေးဇူးပါ ဇာနည် ....:)
    ဒါထက် မတွေ့ရတာကြာပြီနော် :(

    ReplyDelete
  3. မမလရိပ် မွေးနေ့မှသည် သက်ဆုံးထိတိုင်

    ထာဝရ လင်းလက်တောက်ပနိုင်ပါစေဗျာ။

    ကဗျာထုဆစ်သူ ညီမလေး မိုးနတ်လည်း

    တစ်သက်တာလုံး

    ထာဝရ လင်းလက် တောက်ပနိုင်ပါစေ။

    ReplyDelete
  4. ကဗျာလေး အရမ်းလှတယ် ညီမလေး။ အရမ်းကြိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။
    ဒါနဲ့အမကိုမြင်ဖူးလို့လား?

    လေးစားစွာဖြင့်
    လရိပ်အိမ်

    ReplyDelete
  5. ကဗျာလေးဖွဲ့ထားတာ ကာရံလေးတွေနဲ့အရမ်းလှတယ်.. မွေးနေ့ရှင်နဲ့ထပ်တူခံစားသွားပါတယ်

    ReplyDelete
  6. ကဗျာလေးလှတယ် မွေးနေ့ ရှင်လည်းပျော်ရွှင်ပါစေ

    ReplyDelete
  7. လရိပ်ရဲ့ မွေးနေ့အတွက် စကားလုံးလှလှလေးတွေနဲ့ ဖွဲ့နွဲ့ထားတဲ့
    မိုးနတ်ရဲ့ ကဗျာလေးအားပေးသွားတယ်နော်။
    မွေးနေ့ရှင်လေးရော ကဗျာရှင်လေးပါ
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. မွေးနေ့မှာ မွေးနေ့ရှင်ရော ကဗျာရေးပေးတဲ့ မိုးနတ်လေးရော ပျော်ရွှင်ကြပါစေ။

    ReplyDelete
  9. ကော်မက်ရေးနေတုံး...အလုပ်ကေ၇ာက်ေ၇ာက်လာလို့
    ပျက်ပျက်သွားတယ်ချင့်....မွေးနေ့ကဗျာလေးကောင်းတယ်ချင့်
    ကိတ်မုန်လာချောင်းတာတွေ့ဘူး..ပြန်တော့မယ်နော်

    ReplyDelete
  10. အကိုညီလင်း ပေးတဲ့ဆုနဲ့ ညလေးပြည့်ချင်ပါတယ်ရှင်....:)))

    ဟင့်အင်း တခါမှ မမြင်ဖူးဘူး မမ ( မမလရိပ်အိမ် )

    စနိုးလေး နဲ့ မမလမင်းရေ...သတိရနေပါတယ် :)))

    တီတင့်ရေ....ကျန်းဂန်သာလို့ မာပါစ :)

    မမရိုးမြေကျရေ....မလဲ ပျော်ပါစေရှင်...:D

    အသူရေ....မွေးနေ့ကိတ်က မမလရိပ်ဆီမှာ ...
    သူ့အိမ်သွားစားလိုက်နော် :P

    ReplyDelete
  11. သူကြီးမင်းFebruary 9, 2013 at 9:27 AM

    ငါ့မြေးကဗျာဆရာမ..
    အဘရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့မှာလဲ ကဗျာလေးတွေနဲ့ ပူဇော်ဦးနော်။ ကြားလားး)

    ဘဘ သူကြီးမင်း

    ReplyDelete
  12. ထပ်တူဆုတောင်းပေးသွားပါတယ်နော်
    လရိပ်ကလေး၊လှသွေးကကြွယ်
    တင့်တယ်စိတ်ထား၊တစ်ပါးသူငါ
    ပျူငှာချိုအေး၊သံစဉ်တေးလို
    ဆိုရှာလေသူ၊ခင်ပျိုဖြူငယ်
    လောကလယ်မှာ၊နှစ်ဖြာချမ်းသာ
    ပြည့်ဝကာဖြင့်၊ထပ်ဆင့်ကြိုးစား
    တိုးပွားနိုင်စေ၊ဝေးတမြေမှ
    ခင်ရရင်ခုန်၊သည်မောင်ပုံက
    ဆန္ဒပြုပါ၏:-) :-) :-) :-)

    ReplyDelete
  13. ဟုတ်ကဲ့ပါ ဘဘသူကြီးမင်းးးးးးးးးးးးးးးး
    မြေးလေးလိမ္မာတယ်ဟုတ်...ဘဘစကား
    မြေ၀ယ်မကျ နားထောင်တယ်နော် :P

    အိုးးးးးးးးးးးးး
    ရင်ခုန်ရသူရေ....
    ရှင့်ကဗျာလေးက ပိုလန်းတယ်ရှင့်...
    တကယ်ပြောတာ :)
    i like it !
    thanks a lot fot it :)))

    ReplyDelete
  14. မွေးနေ့ ရှင်ရော ကဗျာလေး ရေးဖွဲ့ ပေးတဲ့ မိုးနတ် ရော ကျန်းမာပျော်ရွှင်ပါစေ ဗျာ

    ReplyDelete
  15. မွေးနေ့ကဗျာရေးပေးသူ ညီမလေး မိုးနတ်ကြယ်စင် နဲ့ အားလုံးရဲ့ ဆုတောင်းပေးမှုတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. ကဗျာကိုခံစားဖတ်သွားပါတယ်။မွေးနေ့ရှင်လည်းကြည်နူးမိမယ်ထင်ပါတယ်။ဒါနဲ့စကားမစပ်အစ်ကို့ရဲ့ကျွန်တော်နှင့်မိန်းမခိုးခြင်းမှာအစ်ကိုဘုန်းလို့သုံးသွားတာမှားရိုက်သွားတာလား။လူမှားတာလားမသိဘူးနော်။အစ်ကို့စာတွေကိုအမြဲလာဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  17. အကိုမောင်ဘုန်းရေ....ဆုတောင်းပေးတာ ကျေးဇူးပါရှင်...

    မမလရိပ်ရေ....ဟက်ဘီးဘီလိတက်ဘတ်ဒေးးးးးးးးး ပါရှင် :D

    အကိုဆူးသစ်ရေ....ဆောရီးပါရှင်....ညလေးနံမည်မှားရေးမိတာထင်တယ်
    တကယ်က အကို့ဆူးသစ်လို့ပြောချင်တာဖြစ်မယ် .....သွေ့ပချီနော် :P

    ReplyDelete
  18. သူကြီးမင်းFebruary 14, 2013 at 10:04 AM

    ( မမလရိပ်အတွက် အမှတ်တရ မွေးနေ့ကဗျာလေးပါ......အစကတော့ နီးမှပဲ တင်ပေးမလို့ပါ....
    ဒါပေမဲ့ ဗယ်လင်တိုင်းဒေးအတွက် ကဗျာတစ်ပုဒ်တင်စရာရှိလို့ စောတင်ပေးလိုက်တာပါ...:)

    ဘယ်မှာတုန်း အဲဒီ ဗယ်လင်တိုင်းဒေးအတွက် ကဗျာက။

    ဒီကောင်မလေး.... ပြောတဲ့အတိုင်း မလုပ်ဘူး။ ...ငါ တောင်ဝှေးနဲ့ ရိုက်လိုက်ရ။

    ဘိုးဘိုးသူကြီးမင်း

    ReplyDelete
  19. ဟုတ်....ဆူပါနဲ့နော် ဘဘသူကြီးမင်းးးးး
    မိမိုးနတ်က လိမ်ပြောတာမဟုတ်ရပါဘူးးးးးးးးးးးး
    အဲဒိအကြောင်းကိုတောင် ပို့စ်လေးတင်ပြီး
    ရှင်းပြမလို့ ...ဒါပေမဲ့ ခုရက်ထဲ မအားပြီးရင်း
    မအားဖြစ်နေလို့ ....သြော် ကြာတယ်..
    ခုပဲရေးလိုက်တော့မယ်ကွာ...ခဏလေးပဲစောင့်
    ၃ မိနစ်ပဲစောင့်နော် တိလားးးးးးးးးးးးးးး :P

    ReplyDelete
  20. မွေးနေ့ ကဗျာလေး အရမ်းလှတယ်။

    သူများတွေ အာပွားဆိုလို့ မကြီးလွမ်းလည်း

    မွေးနေ့ရှင်ရော မွေးနေ့ကဗျာရေးသူကိုပါ

    အာပွား ၁၀၁ ခါပေးခဲ့တယ်။ အဟဲ

    ချစ်ခြင်းအားဖြင့်
    မကြီးလွမ်း

    ReplyDelete

  21. ကဗျာတွေကိုဖတ်ပြီး ဤခရီးနီးသလား
    ဆိုတဲ့ သူငယ်တန်း ဖတ်စာလေးကို အမှတ်ရမိတယ်
    မွေးနေ့ဆိုတော့ ကိုယ့်ရဲ့လမ်း ကိုယ်သက်တမ်းကို
    ပြန်ကြည့်မိ ပြန်ရေတွက်မိလို့ပါ။

    ကဗျာရှင်ရော မွေးနေ့ရှင်ပါ
    စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံစွာ
    လောက လူ့ဘုံ မှာ အလုံးစုံကို ကျော်လွှားနိုင်ကြပါစေဗျာ။

    ReplyDelete
  22. အို အာ့ကြောင့်ဖြစ်မယ် ....မိုးနတ်ပါးနှစ်ဖက်လုံး နီရဲနေတာကိုးးးးးးးးး
    မမအာဘွားကလဲ ကြမ်းထှာနော်....ခစ်ခစ် :P

    အကိုမင်းဧရာကြီးလဲ ကိုယ့်အသက်ကိုယ် ပြန်တွက်ကြည့်နေတယ်ပေါ့လေ....
    တွက်ကြည့်တော့ ဘယ်လောက်လဲဟင် ?

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ