Friday, May 17, 2013
သမီးလေး တစ်နှစ်ပြည့် အမှတ်တရ
သမီးလေး .....
အမြဲလိုလို  အရိပ်တကြည့်ကြည့်နဲ့
တယုတယရှိခဲ့ရတဲ့  သမီးလေး .....
ကိုးလ လွယ်ပြီး  ဆယ်လ မဖွားခဲ့ရပေမဲ့
ကျွန်မလက်နဲ့  ကိုယ်တိုင် ထုဆစ်
ပြုစု ပျိုးထောင်လာခဲ့ရတဲ့  သမီးလေး ......
အလုပ်ခွင်မှာ  ပင်ပန်းနွမ်းနယ်နေသမျှ 
သမီးလေးမျက်နှာ  မြင်ရတဲ့ခဏ
အမောအပန်းတွေပြေ  စိတ်ဓါတ်တွေ 
ကြည်လင်လန်းဆန်းလို့  အဓိပ္ပါယ်ရှိလိုက်တဲ့ဘဝ
ဖေးဖေးမမ  နေ့နေ့ညညလဲ
သမီးလေးနဲ့  မခွဲနိုင်တော့ဘူးရယ်  တကယ် 
သမီးလေးရယ် .......
တခါတလေဆို  ဖျားနာနေမလား ?
စကားလုံးတွေနဲ့  မလိုတမာ ထိုးနှက်သူတွေကြား
သမီးလေး  အားငယ်နေမလား ?
အလုပ်တွေ  မအားတဲ့ကြားက
မကြာခဏ ဆိုသလို  သမီးလေးဆီပဲ
စိတ်က ရောက်နေမိတော့တယ်.........
တော်ပါသေးရဲ့ ......
သမီးလေးမှာ  ကျွန်မ မရှိတဲ့အချိန်
ကူညီဖေးမ စောင့်ရှောက်ပေးမဲ့ 
စီနီယာ မောင်နှမတွေ ရှိနေလို့သာပဲ........
အင်းးး
ဘာလိုလိုနဲ့ 
“ နှလုံးသား ဒိုင်ယာရီ ”    ဆိုတဲ့
ကျွန်မရဲ့  ရင်နှစ်သည်းချာ 
သမီး  အချောအလှလေးတောင် 
ဒီနေ့ ( ၁၇.၅.၂၀၁၃ ) မှာ
တစ်နှစ်ပြည့်ခဲ့ပြီပဲ........
ချစ်လိုက်ရတာ  သမီးလေးရယ်....
ကျွန်မ  ရင်နဲ့အမျှပါပဲ .........
( မိုးနတ်ရဲ့အိမ်လေးတစ်နှစ်ပြည့် အမှတ်တရပို့စ်လေးပါ.........
  မှတ်မှတ်ရရလေး  ဖြစ်သွားအောင် ပို့စ်လေးတစ်ပုဒ် 
  သေချာရေးချင်နေခဲ့တာကြာပြီ...ဟိုတလောကမှ စိတ်ကူးရလို့          ထရေးဖြစ်တာ...ဘလော့လေးကလဲ တစ်နှစ်ပြည့်ခါနီးဆိုတော့
  အတော်ပဲပေါ့......ခု တစ်နှစ်ပြည့်လေးမှာ မိုးနတ်ပြောချင်တာက
  ဘလော့ဂါ မောင်နှမတွေအားလုံးကို  ပိုချစ်သွားတယ်.....
  ပိုလေးစားမိသွားတယ်.... နောက်ပြီး ပိုပြီးလဲ အားကိုးမိလာတယ်.....
  ခင်တွယ်လာတယ်ဆိုရင်လဲ  မမှားဘူးပေါ့ ..............
  အမြဲမှတ်မှတ်ရရရှိနေခဲ့တာက  မိုးနတ်ဘလော့လေး
  စပြီးဖွင့်ကာစက  မိုးနတ်ကို ဘယ်သူမှ မသိကြသေးတဲ့ အချိန် 
  တကူးတကနဲ့လာပြီး  ဖတ်ပေးခဲ့တဲ့  မိုးနတ်ရဲ့  စီပုံးမှာ 
  အရင်ဆုံးလာရေးပေးခဲ့တဲ့  မိုးညွှတ်ခ အရှင် , နောက်ပြီး မိုးနတ်
  အပေါ်မှာသိပ်ကောင်းတဲ့ ချစ်ကိုကြီး  အကိုလွင်ပြင်  
  ( အကိုလွင်ပြင်ရဲ့ ပထမဆုံးကွန်မန့်လေးက  မိုးနတ်ကို  
  အားတွေအများကြီး  ဖြစ်စေခဲ့သလို ဆက်ရေးဖို့လဲ 
  တိုက်တွန်းပေးခဲ့သလိုပါပဲ ....... အဲ့ဒိအတွက်  
  မိုးညွှတ်ခအရှင် နဲ့  အကိုလွင်ပြင်  (လွင်ပြင်လှိုင်းငယ်) တို့ကိုလဲ  
  ဒီပို့စ်လေးကနေ လှိုက်လှိုက်လှဲလှဲ  ကျေးဇူးတင်ကြောင်း
  ပြောပါရစေ..... ရှေ့ဆက်ပြီးတော့လဲ မိုးနတ်  ကဗျာတွေစာတွေ
  ဆက်ရေးသွားမှာပါ....... ဘယ်လိုအကြောင်းမျိုးနဲ့မှလဲ
  အိမ်လေးကို ပစ်မထားတော့ပါဘူးလို့   ကတိပေးပါတယ်.....
  ( ကြားလိုက်တယ်နော်...... စီနီယာတွေ  ဂျုနီယာတွေ .......
  ကတိပျက်ရင်တော့  မိမိုးနတ်ကို  အပြစ်ပေးဖို့သာ 
  စဉ်းစားထားကြပေတော့    ဟီးးးးးးးးးးးးးး
  ကိုယ့်စကားနဲ့ကိုယ် ဒုက္ခလှလှကြီးတွေ့တော့မှာ
  မြင်ယောင်သေးးးးးးးးးးး )
  ကောင်းသောညချမ်းလေးပါရှင် :)
  အားလုံးပဲ   GoOd  NiGhT  !!!
40 comments:
  1. ၁ နှစ်မှပြည့် မှသည် နှစ်ပေါင်း ရှည်ကြာ တည်တံ့ပါစေသား ။။။။။။။။။
    ReplyDelete
  2. သမီးလေးရေ Congratulations! ပါကွယ်...။ :)
    ခင်တဲ့
    ဂျွန်မိုး
    ReplyDelete
  3. တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းရှည်ကြာတည်တံ့ပါစေဗျား)
    ReplyDelete
  4. ညီမလေးမိုးနတ်ရဲ့ သမီးလေးတောင်တစ်နှစ်ပြည့်ပြီင်္နော်...
    အကိုပထမဦးဆုံးအလည်ရောက်ခဲ့တဲ့အမှတ်တရနေ့လေးပေါ့ :)...
    ဒီထက်မကပိုမိုအောင်မြင်ပါစေလို့အကို ဆုတောင်းပေးသွားပါတယ် ညီမလေးရေ..
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  5. ဂုဏ်ယူပါတယ်ဗျာ....သမီးလေးကို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ.... :))))
    ReplyDelete
    Replies
    1. Anonymous , ဂျွန်မိုး , မရည်ဝေ , အကိုရာဇာထွေး , နေမင်း တို့ကို
      ကျေးဇူးအများကြီးတင်ပါကြောင်းးးးးးးးးးးးးးး :)
      ဆုတောင်းလေးတွေလဲ ပြည့်ပါစေကြောင်းးးးးးးးးးးးးးးးးးးးး :P
      Delete
  6. သက်တော်ရာကျော်ရှည်ပါစေ ကလေးတစ်ယောက်အမေ-....... ပုံ........ကလေးတစ်ယောက်အဖေ
    ReplyDelete
  7. သက်တမ်းအားဖြင့် နုနယ်သေးတယ်ထင်ရပေမယ့်
    စိတ်ဓာတ်အားဖြင့်တော့ သမီးလေးက ရင့်ကျက်သူပါကွယ်း)
    အဆောတလျင်လာရတော့ မွေးနေ့လက်ဆောင်ပါမလာဘူးရယ်
    အားပေးစကားတွေကို ဘေဘီဗိုက်တာလို့ဘဲ သဘောထားပါနော် :D
    ချစ်ခြင်းအားဖြင့်
    အံတီမိစံ :D
    ReplyDelete
  8. တစ်နှစ်ပြည့်လေးမှသည် နောက်နောင် နှစ်ပေါင်းများစွာတိုင်အောင်
    ဆက်လက်ပြီး ရေးသားနိုင်ပါစေဗျာ ။
    ဘလောဒ့်ကို ပစ်မထားဘူး ဆက်ရေးနေမယ်ဆိုလို့ ၀မ်သာလှတယ်ဗျ
    ကျွန်တော်တို့ ဖတ်ခွင့်ရတာပေါ့ နောက်ပိုင်းသိပ်မရေးကြတော့ဘူးလေ
    ဟိုအပေါ်က အန်တီစံ ကိုကြည့်ပါလား ဘလောဒ့်ဖုံတတ်နေတာ ကြာပြီး))။
    ReplyDelete
  9. အော် ... သမီးလေးက တစ်နှစ်တောင် ပြည့်ခဲ့ပြီပဲ
    ဂုဏ်ယူပါတယ် အစ်မရေ
    အင်း ... သူများတော့ သူတို့ရင်နှစ်သည်းချာတွေအတွက်
    အမှတ်တရမွေးနေ့ပွဲတွေ လုပ်ပေးကုန်ပြီ
    ကျွန်တော့်ရင်နှစ်သည်းချာလေးအတွက်လည်း လုပ်ပေးချင်တာဗျာ
    ဒါပေမဲ့ ခက်တာက သူ မွေးတဲ့နေ့ကို
    မမှတ်ထားမိလို့ ဘယ်နေ့လုပ်ပေးလိုက်ရမှန်း မသိ
    အော် ... ဘဝ ဘဝ
    ReplyDelete
  10. နောက်ပါပေ့ကွယ်...
    တကယ့်သမီးလေးအောက်မေ့ပြီး မျက်စိတွေကိုလည်လို့...ဟုတ်တော့လည်း ဟုတ်ပါရဲ့...ကိုယ့်ရင်နဲ့လွယ် နှလုံးသားနဲ့ငုံပြီး မွေးထားရတဲ့ ကဗျာတွေ စာတွေဆိုတာ ကိုယ့်သွေးသားရင်းချာတွေကလား...နောင်နှစ်ပေါင်းများစွာအထိ ဦးဟန်ကြည်တို့နဲ့အတူတူ ပျော်ပျော်ကြီး ဘလော့ဂင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...
    နှစ်ပေါင်းများစွာ ဓွန့်ရှည်ကြာအောင်
    ဘလော့ရွာတွင်း လတစ်စင်းလို
    ထွန်းလင်းတောက်ပ နိုင်စေသော်ဝ်...
    ReplyDelete
  11. တစ်နှစ်ဆိုတဲ့ အချိန်ကာလအထိ ရောက်အောင် ပြုစုပျိုးထောင်ခဲ့တဲ့ ဘလော့ဂ်လေးအတွက် ဂုဏ်ယူပါတယ် ညီမရေ...၊
    နောင်လာမယ့် နှစ်များစွာမှာလည်း ဆက်ပြီး ပို့စ်တွေအများကြီး တင်နိုင်ပါစေဗျာ....။
    ReplyDelete
  12. အဟီးးးးးးးးးး ဘာများတုန်းလို့  စိတ်ဝင်တစားပြေးလာတာ မိုးနတ်ရဲ့ 
    သမီးလေးဆိုလို့ တော်တော်လေးစိတ်ဝင်စားသွားတာ
    ခင်တဲ့
    မိုးသူ(တောင်ကြီး)
    ReplyDelete
  13. သိပ်ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတယ်ပေါ့။
    စာတွေ အမြဲမပြတ်ရေးသားနိုင်ပါစေ။
    ReplyDelete
  14. ဂုဏ်ယူပါတယ် ညီမငယ်....ဆက်လက်အားပေးနေမယ်နော်... စာကောင်းကဗျာကောင်းများများရေးနိုင်ပါစေ...
    ReplyDelete
  15. အန်တီလေးမေခင်May 17, 2013 at 8:47 PM
    မိုနတ်လေး
    သမီးလေးတစ်နှစ်ပြည်.မှနောင်နှစ်ပေါင်းများစွာထိ
    အဓွန်.ရှည်လို.စာပေကောင်းလေးများ
    များများရေးသားနိုင်ပါစေဆန္ဒပြုပါတယ်။
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  16. ပြုစုပျိုးထောင်စောင့်ရှောက်တတ်သူဟာ လောကကို ငြိမ်းချမ်းစေနိုင်သူဖြစ်ကြောင်း တစ်နှစ်ကနေ စလိုက်သလို ...
    ReplyDelete
  17. နောင် မွေးနေ့ပေါင်း များစွာအထိ ကျန်းမာပျော်ရွှင်စွာ ခရီးဆက်နိုင်တဲ့ သမီးငယ်လေး ဖြစ်ပါစေနော်
    ချစ်ခင်စွာဖြင့်
    ReplyDelete
  18. နောက်ကျသွားတဲ့မွေးနေ့ပွဲလေးအတွက် ခွင့်လွှတ်ပါလို့တောင်းပန်ရင်း နောက်တစ်ကြိမ်ထပ်လာခဲ့ပါဦးမယ်ကွယ်
    ReplyDelete
  19. ကျေးဇူးပါ ကလေးတစ်ယောက်အဖေရေ...အိမ်မှာ သမီးလေးမျှော်နေတယ်ရှင့်....( စတာနော် * မောင် * )
    * မောင် (စွယ်စုံကျမ်း) *
    ဟင် ရဘူး ရဘူးးးးးးးး အန်တီမိစံ * မိစံ *
    မီးအတွက် မွေးနေ့လက်ဆောင်ဝယ်ပေး ခု :P
    ဟုတ်လား အကို * မင်းဧရာ * နွေတေးရှင် .....
    အကို့ကဗျာတွေလဲ ညီမလေးက မျှော်နေတယ်ရှင့် :)
    အော်ဟုတ်သားပဲ လလရေ * မောင်လေးနွေလ *
    မောင်လေးအိမ်လေးက တစ်ခါပျောက်သွားဖူးတာကို
    အမ မေ့နေတယ်....:(
    နာ့မောင်ရေး တနားပါဒယ်ဟယ်
    အမ ဘာလုပ်ပေးရမလဲ :P
    ဟေးးးးးးးးးးး ဦးဦး * ဟန်ကြည် *
    ပေးတဲ့ဆုနဲ့ တကယ်ပဲ ပြည့်ချင်တယ်ကွာ :)))
    ReplyDelete
  20. အကိုညီလင်း * ညီလင်းသစ် *
    ပေးတဲ့ ဆုနဲ့ ပြည့်ပါရစေနော်....
    လေးစားရတဲ့ အကို့ကို ညီမလေးကလဲ
    အမြဲသတိတရရှိနေပါတယ်ရှင်...အကို့ဆီလဲ
    မရောက်ဖြစ်တာကြာပြီ...စာကြွေးတွေ
    လာဆပ်ရအုံးမယ် :)))
    အော် တော်တော်မှကို စိတ်ဝင်စားရှာတာပါလား ကမိုးဒူ
    * မိုးသူ (တောင်ကြီး) *
    ဟုတ် မမ * လရိပ် * :PPPPPPPPPPPP
    မကြီး * မိုးငွေ့ * ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ :)))
    တီလေး * အန်တီလေးမေခင် *
    ဆုတောင်းပေးတာ ကျေးဇူးးကမ္ဘာပါရှင် :)))
    ReplyDelete
  21. မိုးနတ်သမီးလေးတစ်နှစ်ပြည့်မှသည်..နောင်နှစ်ပေါင်းများစွားတိုင်အသက်ရာကျော်ရှည်ပါစေ..အသူကလေးလေးကတော့ ၁၀လကျော်ပဲရှိသေးတာ :P
    ReplyDelete
  22. သမီးလေး ဆိုတော့ ခေါင်းစဉ်ဖတ်ပြီး မမြတ် လန့်သွားတယ် တကယ် တကယ်။
    အစအဆုံးဖတ်ပြီးမှပဲ တော်ပါသေးရဲ့လို့ ..
    ဘလော့လေးကို တစ်နှစ်ပြည့်ကနေ နောက်နောင် နှစ်ပေါင်းများစွာအထိ ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး စာကောင်းပေမွန်ပေါင်းများစွာကိုလည်း မွေးဖွားထုဆစ်နိုင်ပါစေလို့ မမမြတ် လေးလေးနက်နက် ဆုမွန်ကောင်းတောင်းပါတယ် ညီမလေးရေ။
    ချစ်တဲ့
    မြတ်
    ReplyDelete
  23. သမီးလေးဆိုလို့ နည်းနည်းတောင် အူကြောင်ကြောင် ဖြစ်သွားတယ်။ တကယ်ပြောတာ။ ကဗျာဆုံးမှ ဘလော့အိမ်လေး တစ်နှစ်ပြည့်မှန်း သိတော့တယ်။ တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတိုင် ကဗျာလှလှ၊ စာလှလှ၊ ကဗျာကောင်း၊ စာကောင်းလေးတွေ ထုဆစ်နိုင်ပါစေ မိုးနတ်ရေ..း)
    ReplyDelete
  24. သမီးလေးလို့ တင်စားထားတာလေးက အနှစ်ရှိလိုက်တာ၊ ဒီ အသုံးအနှုန်းကြောင့် မိုးနတ်လေး ဘလော့ဂ်အပေါ် ဘယ်လောက် တန်ဘိုးထားတယ်ဆိုတာ ပေါ်လွင်နေတာပဲကွယ် ....
    ဘလော့ဂ်တစ်နှစ်ပြည့်မှသည် နောင်နှစ်များစွာ တည်တံ့ပါစေလို့ ....
    (ခရီးသွားနေတာနဲ့ အခုမှပဲ ဆုတောင်းဖြစ်မိတယ် ညီမလေး မိုးနတ်ရေ.. ) :)
    ReplyDelete
  25. Happy Birthday !!!
    တကယ်သမီးလေးမှတ်လို့။
    တစ်နှစ်မှနှစ်များစွာ ကဗျာတွေ၊ စာတွေအများကြီးရေးဖွဲ့သီကုံးနိုင်ပါစေ ညီမရေ
    ပျော်ရွှင်ချမ်းမြေ့ပါစေ။
    ချစ်ခင်လျှက်
    ReplyDelete
  26. အခါလည်သမီးလေးက တီတီတာတာပြောတတ်နေပြီ...
    ကျန်းမာရွှင်လန်းစွာဖြင့် သမီးလေးကို ဒီထက်ပိုပြီး အလှသွေးခြယ်နိုင်ပါစေ..။
    ReplyDelete
  27. နောက်ကျသွားတယ်...
    ပျော်ပါစေနော်...
    အမြဲအားပေးလျက်.....
    ReplyDelete
  28. ဟီးဟီး
    သမီးလေးဆိုလို့ ငါ့အစ်မက ကလေးတောင်မွေးပြီးပါရောလားလို့ တွေးနေမိတာ။
    ခွိခွိ
    ReplyDelete
  29. သမီးလေးဆိုတော့...သမီးဖေဖေကိုစိတ်ဝင်စားမိတယ်.....
    .........အဟီး.......
    ReplyDelete
  30. ကျေးဇူးပါ * အသူ * ရေ....
    အသူ့ကလေး တစ်နှစ်ပြည့်ကျရင် မိုးနတ်ကလဲ
    လက်ဆောင်ပေးအုံးမှာပေါ့ဟယ် :PPPPPPPP
    ဟီးးးး မမြတ် * မြတ်ပန်းနွယ် * လန့်သွားတယ်ဟုတ် !!!
    စိတ်ပူအောင်လုပ်လိုက်မိလို့ ဆောရီးပါ မ ရေ...
    ဆုတောင်းပေးတာ ကျေးဇူးကမ္ဘာပါရှင်..... :)))
    မမ * witch83 * ပေးတဲ့ဆုနဲ့ ပြည့်ပါစေ :)
    အိုးးးးးးးးးးးး မမ * ထရီဆာ *
    ညီမလေးရဲ့ ရင်ဘတ်ကို မမက တိုက်ရိုက်မြင်နေတာပဲနော် :)
    အတိုင်းမသိ ၀မ်းသာမိသလို မမကိုလဲ ပြောမပြတတ်အောင်ကို
    ကျေးဇူးတင်မိပါအိ ......ဒါထက် မမ ဘယ်ကို ခရီးသွား
    နေတာလဲဟင် ?????
    မမဖြိုးဖြိုး * Phyo Phyo Hlaing (my world) *
    ညီမလေးဆီ လာဆုတောင်းပေးတာ ၀မ်းသာလိုက်တာ မ ရယ် ...
    ကျေးဇူးလဲ အရမ်းတင်ပါတယ်ရှင် :))))))
    ReplyDelete
  31. မိုးနတ်ရေ
    သမီးလေး ၁ နှစ်ပြည့် ကိတ်မုန့်လည်းကျွေးဘူး။ အဟီး..
    မကြီးလွမ်းရောက်ခဲ့တယ်နော်။ မကြီးလည်း ဘလော့ပစ်ပြီး ဘယ်တွေရောက်မှန်း ကိုယ့်ကိုယ်ကိုယ် မသိတဲ့ ဘဝ။ တောလည်ရင်း လမ်းပျောက်သလိုဖြစ်နေတာ။ ခုတော့ ကိုယ့်ဌာနေလေးကို ပြန်ရောက်ပါပြီ။နောက်ဆိုအမြဲလာဖြစ်တော့မယ်။ မိုးနတ်မေးတဲ့ ဆပ်ပြာတံဆိပ်လေး ဒီမှာရေးပေးခဲ့မယ်နော်။ စလုံးမှာလည်း
    အဲဒီဆပ်ပြာလေးရှိတယ်။ စမ်းသုံးကြည့်ပါ။အဆင်ပြေမဲ့သူဆို တကယ်သိသာပါတယ်။မကြီးဆို အခု ဆပ်ပြာနဲ့ သစ်ပြီးဘာမှကို မလိမ်းပစ်ထားတယ်။ဒါပေမဲ့အရင်ကလို မဲတာတွေပါးကုန်ပြီးအသားလေး ပိုဖြူလာတယ်။ (IMPERIAL - LEATHER) ၆တုံး ၁ ထုပ်ပါ ညီမလေး။ ၆ တုံးအိတ်ကတော့
    အနီနဲ့အဖြူ ၂ရောင်စပ်ပါ။ အဆင်ပြေပါစေ
    ReplyDelete
  32. ဘလော့ကို ခုမှ ရောက်ဖြစ်တယ်.. အစ်မမိုးနတ်ရေ..။ ၁ နှစ်ပြည့်သွားတဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်စာရေးနိုင်တဲ့သူမို့ လေးစားမိပါတယ်.။ ရှေ့ဆက်ပြီးတော့လည်း များကြီးရေးနိုင်ပါစေလို့..:)
    ReplyDelete
  33. ဟယ် ဆရာမ * မမမြသွေးနီ *
    မိုးနတ်ဆီ အလည်လာပြီး ဆုတောင်းပေးတယ်နော် :)
    မိုးနတ် တကယ်ကို ရှော့ခ် ရသွားတယ်....:P
    မမျှော်လင့်ခဲ့ပါဘူး မ ...ဒါပေမဲ့
    မိုးနတ် အရမ်းပျော်ပါတယ်ရှင် :)))
    ကျေးဇူးလဲ အများကြီးတင်ပါတယ်နော် ....
    မဟုတ်တာ နှင်းဆီရယ် * နှင်းဆီရောင် *
    မိုးနတ်ကတောင် ကျေးဇူးတင်ရမှာပါ :)))
    ဆရာမိုး * ဝေမိုးနိုင်(မုံရွာ) *
    ချာမိုးကလဲ အတွေးတွေ ဝေးနေပြန်ပါပြီ....
    ဝေးဝေးကို သိပ်မတွေးနဲ့ ဆရာလေးရ.....
    ဖြစ်နိုင်ခြေရှိတဲ့ နီးနီးနားနားကိုပဲ
    စဉ်းစားပါ နောက်ဆို ဟီးးးးးးဟီးးးးးးးးးးးး
    တကယ်လား ရို့စ် ??? * roseayemaung *
    ဒါဆို အနားနားတိုးးးးးးးးးးးးးး
    ပြောပြမယ် ရှုးးးးးးးးးးးးးးးးတိုးးးးးးးးးးးတိုးးးးးးးးးးးး
    ဟုတ်ပါ့ မကြီးလွမ်းရယ်... * အလွမ်းမြို့ * ဘာစားချင်လဲပြော ....
    ညလေးကျွေးမှာပေါ့ဟယ် ( လေနဲ့ကျွေးနေတာ ..လိုင်းပေါ်မှာ ဟီးးးးးး )
    စတာပါ မ .....အပြင်မှာတွေ့မှ တကယ်မုန့်ဝယ်ကျွေးမယ်နော်...
    ဒါထက် အမ အိမ်လေးဆီပြန်လာတယ်ဆိုလို့ ညလေးသိပ်ကို
    အဲဒါ ညလေးစိတ်မကောင်းဖြစ်မိပေမဲ့....ကိုယ်လဲ သူများတွေ
    နည်းတူဆိုတော့ ပါးစပ်ပိတ်ပြီး ငြိမ်နေရတယ်...:PPPPPPP
    အမပြောတဲ့ ဆပ်ပြာ ညလေးသိတယ်...အဲဒါက ရိုးရိုးဆပ်ပြာမဟုတ်လား?
    ဒါပေမဲ့ အဲလို သိပ်အထူးတလည်မဟုတ်တာတွေနဲ့ပဲ ပျောက်သွားတဲ့
    သူတွေရှိတယ်....အဲဒါကြောင့် ဘာပဲဖြစ်ဖြစ်စမ်းကြည့်ရမယ်...
    အခုထက်တော့ ပိုမဆိုးသွားလောက်ပါဘူး မ ရယ်...:)
    ညလေး အမေ့ကိုပျော်စေချင်မိတယ်....နည်းလေးပြောပြပေးတဲ့
    မ ကိုလဲ အရမ်းကျေးဇူးတင်ပါတယ်ရှင် ....အာဘွားးးးးးးးးးးးး ချစ်မ
    သိပါတယ် မောင်မိုးသက်ရယ်....:) * မိုးသက်ဦးလွင် *
    မင်း ဖဘ မှာ ခြေရာချင်းထပ်အောင် လမ်းသလားနေမှန်းးးးးးးး ( စတာနော် မောင်လေး )
    အမကို တလေးတစားနဲ့ ရှိတဲ့အတွက်ရယ်....ဆုတောင်းလေးရယ်အတွက်
    အမကလဲ မင်းကို ကျေးဇူးကမ္ဘာပါဟယ် .....
    ReplyDelete
  34. မမိုးနတ်ရေ ဖတ်တာနောက်ကျသွားတယ်ဗျာတောင်းပန်ပါတယ်နော် မမိုးနတ်ရဲ့ပသမီးလေး
    အလှတရားတွေဝန်းရံခလို့ 
    အပြုံးပန်းတွေဝေပါစေ
    အကိုင်းခက်တို့ လန်းပါစေ
    နားခိုသူအပေါင်း နှစ်ထောင်းအားရ
    ငြိမ်းချမ်ကြပါစေ
    တံခွန်အလင်း ပြန့် သင်ပါစေနော်
    လေစားချစ်ခင်လျှက်
    မောင်လေး
    ရင်ခုန်
    ReplyDelete
  35. သမီးလေး .....
    အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့
    တယုတယရှိခဲ့ရတဲ့ သမီးလေး .....
    ကိုးလ လွယ်ပြီး ဆယ်လ မဖွားခဲ့ရပေမဲ့
    ကျွန်မလက်နဲ့ ကိုယ်တိုင် ထုဆစ်
    ပြုစု ပျိုးထောင်လာခဲ့ရတဲ့ သမီးလေး ......
    ကဗျာအရေးအသား ခံစားချက်တွေ အရမ်းကောင်းတယ်နော်..
    ReplyDelete
  36. ကျေးဇူးပါကွယ် ရင်ခုန်လေးရယ် * ရင်ခုန်ရသူ *
    ဟုတ် ရှဲရှဲနိ * ကိုလှမင်း အုန်းသာ *
    :)))))))))))
    ReplyDelete
  37. အမေရယ် ...
    သမီးကိုသိပ်ချစ်တာဘဲနော်။
    ReplyDelete
  38. ရင်လှိုင်းခတ်သံJune 12, 2013 at 9:43 AM
    မိုးနတ် က သမီးလေး ကို အရမ်းချစ်တာပဲနော်...။ လေးစားမိတယ်..။
    ReplyDelete
  39. ဟုတ် မမ * လရိပ်အိမ် *
    အင်းး * ရင်လှိုင်းခတ်သံ * လဲ နောက်ဆို
    ကိုယ့်အိမ်လေးကိုယ် မျက်စိအောက်က
    အပျောက်မခံနိုင်အောင် ဖြစ်တော့မှာ :))))
    ReplyDelete
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ