Saturday, May 25, 2013

Light Of My Life


ယောကျာ်းပီသတဲ့  လူတစ်ယောက်ရဲ့
ချစ်စရာကောင်းတဲ့  အပြုအမူကို
ငါ့ ဘ၀မှာ ပထမဆုံး  စပြီးမြင်ဖူးလိုက်တာပါပဲ ......
ဟန်ဆောင်မှုကင်းတဲ့   မင်းအပြုံးဟာ
ငါ့ရင်ဘတ်ထဲကို  ငြိမ့်ငြိမ့်လေးနဲ့  စီးဆင်းသွားတယ် .....
ကြင်နာတတ်တဲ့  မင်းအကြည့်ကြောင့်
ငါဟာ အရင်ကထက်ပိုပြီး
သိမ်မွေ့နူးညံ့လာခဲ့ရသလို
ဖြူစင်ပွင့်လင်းတဲ့  မင်းပုံရိပ်တွေဟာလဲ
ငါ့ရဲ့ နှလုံးသားထဲမှာ နေရာယူခဲ့ပြီမို့
အခုဆို ...... ....... ........
ငါ မင်းကို  မေ့ဖို့လို့
အတော့်ကို  ခက်လို့နေပြီပေါ့ ......
ရှည်လျားတဲ့  ငါ့ရဲ့ စွဲလန်းမှုတွေကို
အဆုံးသတ်စေဖို့  တဦးတည်းသော
ကယ်တင်ရှင်ဟာ  ငါမြတ်နိုးရတဲ့
မင်းလေးပဲ ဖြစ်လိမ့်မယ်ထင်ပါတယ် ချစ်သူ .......
ပန်းတစ်ပွင့်ဟာ  နေရောင်ခြည်ရဲ့
နွေးထွေးမှုကို  ခံယူဖို့ ငံလင့်နေသလိုမျိုး ......
ငါကလဲ ငါချစ်တဲ့ မင်းရဲ့လက်တွေနဲ့
ငါ့ရဲ့ အနာဂတ်ကို  ဖန်တီးနိုင်ဖို့
ငါ့ အသည်းတံခါးပေါက်  မင်းအရောက်
လာခေါက်မဲ့နေ့ကို  ရင်ခုန်စွာနဲ့
စောင့်မိနေလေရဲ့ ........
ကြင်နာတတ်တဲ့  နှလုံးသားပိုင်ရှင်ရေ .......
နောင် အနာဂတ်များစွာထဲ
မင်းလက်ကိုဆွဲ  အတူတူတွဲ
ဖြတ်သန်း ကျော်လွန်ပါရစေ .......

15 comments:

  1. အချစ်အတွက် ကံကောင်းသူ
    သိပ်ပြီး ချစ်တတ်လွန်းသူ ငါ့အစ်မ
    အချစ်များစွာနှင့် ဘဝလေး အေးချမ်းပါစေ
    အချစ်တွေနဲ့ ထုံမွှမ်းထားတဲ့ ကဗျာလေးကို
    လာရောက် အားပေးခဲ့ပါတယ် မကြီးရေ

    ReplyDelete
  2. မိုးနတ်တစ်ယောက်..နောင်အနာဂတ်များစွာထဲမှာ ယောကျာင်္းပီသပြီး၊ ကြင်နာတတ်တဲ့၊ စိတ်နှလုံးကောင်းမွန်တဲ့ချစ်သူရဲ့ လက်ကိုဆွဲ.. အတူတူတွဲပြီး ဖြတ်သန်း ကျော်လွန်နိုင်ပါစေ.. ;)

    ReplyDelete
  3. မိုးနတ်ရေ..

    အကြင်တတ်တဲ့ နှလုံးသားပိုင်ရှင်လက်ကိုစွဲပြီး အဝေးဆုံးကို ထွက်သွားခဲ့မယ်ဆိုရင်တောင်
    ဘလော့လေးက သူငယ်ချင်းတွေကို မေ့မသွားနဲ့နော်။
    မိုးနတ်ဖြစ်ချင်တဲ့ဘဝလေး ပိုင်ဆိုင်နိုင်ပါစေ။


    မကြီးလွမ်း

    ReplyDelete
  4. မိုးနတ်ေ၇....နှင်းဆီလာသွားတယ်နော်

    ReplyDelete
  5. ကဗျာလေးကို လာရောက်ခံစားသွားပါတယ်ညီမလေးရေ...
    စောင့်မျှော်ရတဲ့ အလုပ်ဟာတစ်ကယ်တော့စိတ်ကိုပင်ပန်း
    နွမ်းနယ်လှပါတယ်...မိန်းကလေးမို့ကိုယ့်ရဲ့အချစ်ကိုထုတ်
    ဖော်ပြရရင်(ယုန်ကမတိုးပိုက်ကတိုးဆိုပြီး)မိန်းကလေးဈေး
    ပျက်ရအုန်းမယ်..ချစ်နေရပေမယ့်လည်း သူဖွင့်ပြောလာ
    မယ့်အချိန်ကိုစောင့်စားနေရတာလည်းရင်မောစရာပါ..အင်း
    ဖတ်ရင်းကဗျာရှင်ကိုယ်စားရင်းမောမိပါတယ်... ကိုယ်ရည်
    မှန်းထားတဲ့ချစ်သူ အမြန်ဆုံးလာရောက်ပြီးနှလုံးသားတံခါး
    ခေါက်နိုင်အောင် ဖူးစာရေးနတ်များအမြန်ဆုံးလမ်းညွန်ပေး
    နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်...ချစ်တတ်တဲ့ နှလုံး
    သားပိုင်ရှင်များ ကိုယ်ချစ်တဲ့သူနဲ့ ဘ၀ဆက်တိုင်း
    ရိုးမြေကျပေါင်းသင်းနိုင်ပါစေဗျာ...

    ခင်မင်စွာဖြင့်
    ရာဇာထွေး

    ReplyDelete
    Replies
    1. မောင်လေး * နွေလ * ကတော့ အလိုပြောတော့မယ်ဆိုတာ
      သိနေတယ် သိနေတယ်....အချစ်ကဗျာတွေ အရမ်းရေးလို့လေ...
      ချစ်တတ်သူကြီးလို့ ကင်ပွန်းတပ်နေတာ အမြဲ :PPPPPPPPPPP

      ဟုတ် မမ * witch83 *
      အဲဒါ မိုးနတ်အပြည့်ချင်ဆုံးဆုပါပဲ ဟီးးးးးးးးးးးးးး

      မမေ့ပါဘူးးးး မကြီးလွမ်းရဲ့ * အလွမ်းမြို့ *

      အင်းးးးးးးး ခြေရာလေးတွေ့တယ်...နှင်းဆီရေ :))) * နှင်းဆီအေးမောင် *

      ဟီးးးးးးးးးးးး ဟီးးးးးးးး ကိုကြီးရာဇာ * ရာဇာထွေး *
      တကယ်ထင်သွားပြီ :PPPPPPPPPPPPPPP


      Delete
    2. ပေးတဲ့ “ ဆု ”ကိုရောတစ်ကယ် မလိုချင်လို့လား ညီမလေး... :)

      ခင်မင်စွာဖြင့်
      ရာဇာထွေး

      Delete
    3. ဟီးးးးးးး ပြည့်ချင်တာပေါ့ အကိုရယ်...အဲဒါမေးနေဖို့ လိုသေးလို့လား Ahakhak :)

      Delete
  6. ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်ကြောင့်
    အမြဲတမ်းစိတ်ချမ်းသာနိုင်ပါစေလို့ ဆန္ဒပြုပါတယ် အစ်မရေ..။

    ReplyDelete
  7. စောင့်မနေပါနဲ့ အေ....ကိုယ်က အရင်ပြောပလိုက် ရှုပ်တယ် တော်ကာ သူများနောက်ပါသွားမှ ဟုတ်ပေ့ရှိနေမယ်း))။

    ReplyDelete
  8. ဘဝရဲ့ အလင်းတန်းလေးကို မြင်လိုက်ရပါတယ်..။ အနာဂတ်များစွာထဲ အတူတူ လက်တွဲ ဖြတ်သန်းနိုင်ပါစေ နော်..။

    ReplyDelete
  9. ပန်းတစ်ပွင့်ဟာ နေရောင်ခြည်ရဲ့
    နွေးထွေးမှုကို ခံယူဖို့ ငံလင့်နေသလိုမျိုး..။
    စကားလုံးဆန်းဆန်းလေးဖြစ်ရဲ့
    အတော်သဘောကျပါတယ်
    ပျော်ရွှင်ပါစေနော်

    ReplyDelete
  10. မိုးနတ်ရဲ့ အလင်းရောင်လေး မိုးနတ်အသည်းတံခါးကို အမြန်ဆုံးလာခေါက်ပါစေ ညလေးရေ

    ReplyDelete
  11. ဟုတ်....ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ် ကိုရတုရေ... * ရတုသစ် *

    အင်းးးးးးး ကိုကြီး * မင်းဧရာ * ပြောတာလဲ ဟုတ်တာပဲ :)))

    လာရောက် အားပေးဆုတောင်းပေးတာ ကျေးဇူးပါ * Thwin * ရေ ...

    ဟယ်...ရေခဲတုံးလေး နာ့ဆီကို အလည်တော့လာသေးသားပဲ ဟွန့် :(

    :PPPPPPPPP * မမရိုးမြေကျ *

    ReplyDelete
  12. ကောင်းတယ်ကဗျာတွေက

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ