Monday, June 3, 2013
သခင်မြင်လှည့် ကြင်တော်မူ
မြင်လှည့်ပါ  သခင်
ကြင်ခဲ့တာ  ရာဇ၀င်မှာ
စာတင်လောက်တဲ့  အချစ်မျိုး .....
ဒါကို.... နှင်ရက်စရာ ထင်
သူမကြင်  ဘယ်လိုပင်
တမင်ရှောင်ခွာ  စိမ်းပေမဲ့လို့ .....
မြတ်နိုးမှာ  အစဉ်
မငြိုငြင်ပါ  ဟိုစဉ်အခါ
ရင် ခုန် စ ကတည်းက 
သည်း ဦး သ ခင်မို့ ......
 (  ကဗျာရေးပြီးလို့  ခေါင်းစဉ်ဘာပေးရမလဲ  စဉ်းစားနေတုန်းးးးး  5 သုခုမက လာတဲ့ ဇာတ်ကား
    နံမည်လေး  နှစ်သက်မိလို့ ယူပြီးပေးဖြစ်ပါတယ်....... ကဗျာလေးနဲ့ လိုက်ရဲ့ မဟုတ်လားရှင် :)  )
20 comments:
  1. ကဗျာခေါင်းစဉ်နဲ့ကဗျာလိုက်တယ်။
    ကဗျာက ကိုယ်နဲ့တိုက်ဆိုင်နေသလိုဘဲ မိုးနတ်ရေ။
    ReplyDelete
  2. အလိုလေး မမိုးနတ်ကြယ်စင်မှ ဟုတ်ရဲ့ လားဗျ ။
    ဒါမျိုးလေးတွေ များများ ရေးပါလေ ခသင် ကြွေပါလိမ့်မယ် ။
    ReplyDelete
  3. ကဗျာလေးက တိုတိုလေးပေမဲ့ ကျစ်ကျစ်လစ်လစ်လေးနဲ့ ဖတ်လို့ တော်တော် ကောင်းတယ်။ ခေါင်းစဉ်လည်း ကိုက်ပါတယ် sis ရေ.. :)
    ReplyDelete
  4. မိုးနတ်ကြယ်စင် . . . ဆိုတာ ဒါပဲလေ . . .း))
    အလှအပတွေကို ချွေပြီးရေးထားတာ . . .
    နောက်ဆုံးကျမှ လုပ်ထည့်လိုက်တယ် ရုပ်ရှင်ခေါင်းစဉ်တဲ့ . . . သေရော . . .း)))))
    ခင်မင်စွာဖြင့်
    ဗညားရှိန်
    ReplyDelete
  5. တကယ်လား မမ * လရိပ် *
    အိုးးးးးးးးးးးး သခင်ကြွေဖို့ မလိုပါဘူး အကို * မင်းဧရာ * ရယ်...:)
    အချစ်ဆုံး ကြွေဖို့ပဲလိုပါတယ် ....အချစ်ဆုံးက ဘူလဲ သိလား ?
    ဘယ်ပြောပြမလဲ :PPPPPPPPPPPP
    ခေါင်းစဉ်ကိုက်တယ်ဆိုလို့ ၀မ်းသာပါတယ် မမ * witch83 *
    မိုးနတ်ကဗျာလေး လာဖတ်ပေးတဲ့အတွက်လဲ အရမ်းကျေးဇူးတင်ပါတယ်
    နော် ချစ်မ :))))
    ဟာ အကိုဗညားကလဲ တကယ်ဟုတ်တာပဲကို ....:)
    မိုးနတ်မှ မညာတတ်ပဲကို ....:) * လင်းခေတ်ဒီနို *
    ReplyDelete
  6. လေပြေ လေညုင်းလေးအလား...ညင်ညင်သာသာနဲ့ ဖွဲ့နွဲ့သွားတာ
    အရမ်းလှတယ်ညီမလေးရေ...
    မြတ်နိုးမှာ အစဉ်
    မငြိုငြင်ပါ ဟိုစဉ်အခါ
    ရင် ခုန် စ ကတည်းက
    သည်း ဦး သ ခင်မို့ ....
    ဆိုပြီးအဆုံးသတ်လိုက်တော့ ရင်ထဲမှာ “ဟာ” ပြီးကျန်နေခဲ့တယ် :)
    အားပေးလျှက်ပါညီမလေးရေ....
    ခင်မင်စွာဖြင့်
    ရာဇာထွေး
    ReplyDelete
  7. ဟုတ်ကဲ့ ....ကျေးဇူးတင်ပါတယ်နော်
    ကိုကြီး * ရာဇာထွေး *
    မတွေ့ရတာ ကြာပေမဲ့
    အမြဲ သတိရလျက်ပါ :)))
    ReplyDelete
    Replies
    1. ညီမလေးရေ... အကို ဖဘ မသုံးတော့ဘူးနော်
      ဒါကြောင့် ဖဘ မှာ ညီမလေး ပို့စ်တင်ရင်အကို မသိ
      တော့တာပါ... အကို ဘလော့ ပဲလည်တော့မယ်... တော်တော်
      များများ ဖဘ ကိုရောက်နေကြသလို ဘလော့လေးတွေမှာ ပို့စ်
      မတင်ကြတော့ဘူး.. အကိုတော့ ဘလော့မှာဘဲ အချိန်ပေးပြီး
      comment လေးတွေလိုက်ပေးတော့မယ်... ဘလော့ဂါတွေအ
      တွက် comment လေးတွေဟာ နောက်ရေးမယ့် ပို့စ်လေးလေတွေ
      အတွက် အားဆေး(တွန်းအား) တွေပါ... ဖဘ ကကွန်မန့်တွေထက်
      ဘလော့ ကကွန်မန့်လေးတွေကို ဘလော့ဂါတွေပိုပြီးနှစ်သက်ပါတယ်..
      ဒါကြောင့် အကို ဘလော့ကို ပြန်လာတာပါ.. ကိုယ့်ဆီကို ဘယ်သူ
      မှမလာလည်း ကိုယ်ကတော့ရောက်အောင်သွားပြီး အားပေးစကား
      လေးတွေသွားပြောနေမှာပါ... ကိုယ့်စကားလေးတစ်ခွန်းကြောင့်
      တစ်ဖက်လူမှာ အင်အားရှိလာမယ်ဆိုရင် အကိုဘလော့လည်ရကျိုး
      နပ်တယ်လို့ ခံယူပါတယ်... ဖဘ မှာဘာလေးရေးတင်လိုက်တင်လိုက်
      ကွန်မန့်တွေ၊ like တွေရနေပါတယ်... ဘလော့မှာကြတော့ ပို့စ်တစ်ခု
      တင်ဖို့အရေးတော်တော်ကြိုးစားအားထုတ်ရတယ်ဆိုတာ ဘလော့
      ရေးတဲ့သူတိုင်းသိပါတယ်... အကိုတော့ ညီမလေး ညလေးချို ပြော
      သလို ဖဘ ကကွန်မန့်တွေထက် ဘလော့ကကွန်မန့်လေးတစ်ခုကို ပိုပြီး
      မြတ်နိုးတန်ဖိုးထားတယ်.. ကျန်တဲ့ဘလော့ရေးတဲ့ သူတွေလည်း ကိုယ့်
      လိုဘဲ မြတ်နိုးကြမယ်လို့ အကိုခံစားမိတယ်.. ရေများရာ ရေစက်ချသလို
      အရာမထင်မယ့် အတူတူ တစ်ကယ်လိုအပ်တဲ့နေရာလေးကနေဘဲ အကို
      အားပေးမယ် လို့ဆုံးဖြတ်ပြီး ဘလော့ပြန်လည်နေတာပဲ ညီမလေးရေ...
      ဖဘ မှာကုန်မယ့် အချိန်တွေကို ဘလော့လည်ရင်းအသုံးချတော့မယ်
      ညီမလေးရေ....
      ခင်မင်စွာဖြင့်
      ရာဇာထွေး
      Delete
  8. မြန်မာနိုင်ငံပြန်ရောက်နေတော့ အလုပ်နည်းနည်းရှုပ်နေတာနဲ့ စာလည်း သိပ်မရေးဖြစ် ဘယ်မှလည်း စာလိုက်ဖတ်မရဖြစ်နေတာ မိုးနတ်ရေ.. အဲဒါကြောင့် ခုတလော ခဏပျောက်နေတာပါ.. ခုတော့ ပြန်ရောက်လို့ စာရေးတာတွေရော ကွန်မန့်တွေရော ခဏခဏပြန်မြင်ရတော့မယ်..။ ကဗျာလေး ချစ်ဖို့ကောင်းတယ် <3
    ReplyDelete
  9. ဟုတ်လားးးး ၀မ်းသာမိပါတယ် စနိုးရေ....:)
    အမှန်ဆို အရမ်းသတိရနေတာပါ....>>>>>
    အိမ်လေးကို သွားချောင်းတိုင်းလဲ မတွေ့တော့
    စနိုးတစ်ယောက် ဘာများဖြစ်နေသလဲပေါ့...
    ခုမှပဲ သက်ပြင်းချနိုင်တော့တယ်.....
    ဘလော့ပေါ်မှာ ပြန်မြင်ရမယ်ဆိုလို့
    အတိုင်းထက်အလွန်ပါရှင် :)))))))
    ReplyDelete
  10. အချစ်ကဗျာလေးတွေထက်
    အချစ်ဝတ္ထုတိုလေး ဖတ်ရရင် သိပ်ကောင်းမှာပဲ
    အာသီသ ဖြစ်မိတယ် အစ်မရေ
    ကဗျာလေးက တိုပေမဲ့
    ရွတ်ရတာ ကောင်းတယ်ဗျ
    ခေါင်းစဉ်နဲ့လည်း လိုက်စ်
    ကြိုက်စ်
    ReplyDelete
  11. အင်းးးးးးးးးးး တကယ်က အမလဲ မောင်လေးပြောသလို
    ဒါပေမဲ့ အချိန်မပေးနိုင်ဖြစ်နေလို့...မောင်လေးအမြဲသတိတရနဲ့
    တိုက်တွန်းတာလေးကို အမလဲ အမြဲအမှတ်တရရှိနေပါတယ်..
    မေ့လဲ ဘယ်တော့မှ မမေ့ပါဘူးးးးးးးးးးး ငါ့မောင်ဆန္ဒလေးလဲ
    ပြည့်စေချင်တယ်...အမကိုယ်တိုင်လဲ ကိုယ့်အရည်အချင်းကို
    သိပ်သိချင်နေတယ်....ရေးလက်စလေးတွေတော့ရှိတယ်
    မောင်လေးရေ....သိပ်မကြာခင်ပေးဖတ်နိုင်တော့မယ်လို့
    ထင်ပါတယ်နော် :)))))))))
    ReplyDelete
  12. ရင်လှိုင်းခတ်သံJune 12, 2013 at 8:27 AM
    မငြိုငြင်ပါ ဟိုစဉ်အခါ
    ရင် ခုန် စ ကတည်းက
    သည်း ဦး သ ခင်မို့ ......။ သခင် မြင်ပါစေ လို့ ဆုတောင်းပေးပါတယ်...။
    ReplyDelete
  13. :))))))
    ဆုတောင်းလေးအတွက် ကျေးကျေးပါနော် * ရင်လှိုင်းခတ်သံ *
    ReplyDelete
  14. ခင်တဲ့မိုးနတ်ရေ
    အမြဲလို ကဗျာလေး စာလေးတွေ လာဖတ်ပြီး အားပေးတတ်လို့ ကျေးဇူးအရမ်းတင်ပါတယ်
    မိုးနတ်လဲ ကဗျာကောင်းလေးတွေ ရေးနိုင်မှာ သေချာပါတယ်
    မိုးနတ်ရဲ့ ဒီစစ်ကြီးပြီးတဲ့အခါဆိုတဲ့ ကဗျာလေးလဲ ရေးပြီးရင် ပေးဖတ်ဦးနော်
    အခုတလောကတော့ စာမေးပွဲကိစ္စလေးတွေ မပြတ်သေးတာမို့ လာမလည်ဖြစ်သေးတာပါ
    မိုးနတ်ရဲ့ ကဗျာလေးတွေကို အမြဲအားပေးနေပါတယ်
    မင်းအရိပ်
    ReplyDelete
  15. အဲဒီဇာတ်ကားလေး မြတ် ကြည့်ဖူးတယ်။
    မျိုးသန္တာထွန်းရယ် စိုးပြည့်သဇင်ရယ် နောက် ကျော်ရဲအောင်ရယ်။ အဲသည်လို ရှေးဆန်ဆန် ဇာတ်ကားလေးမျိုးကို သဘောကျတယ်။
    ကဗျာလေးကလည်း ခေါင်းစဉ်နဲ့ လိုက်ပါတယ်ကွယ်။
    ReplyDelete
  16. ဟုတ်ကဲ့ပါ မင်းရေ ....* မင်းအရိပ် *
    ကဗျာလေးရေးပြီးတဲ့အခါ မင်းဖတ်ဖို့
    မိုးနတ်ပို့ပေးလိုက်ပါ့မယ်....အော်
    မင်းက စာမေးပွဲတွေ ပြီးသေးဘူးလား ?
    မိုးနတ်ရဲ့ ကဗျာလေးတွေကို အမြဲအားပေး
    နေတယ်ဆိုလို့ မင်းကို ကျေးဇူးတင်ပါတယ်နော် :)
    ဟုတ်လား မမမြတ် * မြတ်ပန်းနွယ် *
    မိုးနတ်ကတော့ သေချာမကြည့်ဖူးပါဘူးးး
    ၅ သုခုမမှာ ထွေလာအစမ်းပဲကြည့်ဖူးတာ
    ဒါမဲ့ အဲ့ဒိအစမ်းကြည့်ရတာလေးမှာကိုပဲ
    မမြတ်ပြောသလို ဇာတ်လမ်းလေးကစိတ်ဝင်
    စားဖို့ကောင်းပြီး ဇာတ်ကားနံမည်လေးက
    အရမ်းနူးညံ့နေတာ သဘောကျမိတယ် :)
    ခုလို မိုးနတ်ဆီ မှတ်မှတ်ရရနဲ့အမြဲ
    လာလည်တတ်တဲ့ မမမြတ်ကို
    မိုးနတ် အရမ်းကျေးဇူးတင်ပါတယ်နော် :)
    တခါတခါ အရမ်းလဲ သတိရနေမိတတ်ပါတယ်...
    မမြတ်ကလဲ စာအရေးအသားနူးညံ့သူပေမို့
    မိုးနတ် လေးစားအားကျရဆုံးစီနီယာ
    တစ်ယောက်ပါပဲ :)
    ReplyDelete
  17. *အမယေး....မိုးနတ်ရေ..*.
    ရင် ခုန် စ ကတည်းက
    သည်း ဦး သ ခင်မို့ ......*ဆိုပါလားနော်မိုက်တယ်*
    ReplyDelete
  18. :PPPPPPPPPPPPPPPPPPPPP * နှင်းဆီအေးမောင် *
    ReplyDelete
  19. အားဆေးတွေအများကြီးတိုက်ခဲ့တယ်မိုးနတ်လေးရေ
    အားတွေရှိပြီး ကဗျာတွေအများကြီးရေးလိုက်အုန်းနော်
    ReplyDelete
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ