လေပြေတွေက ဥသြငှက်ရဲ့ အော်သံနဲ့အတူ
ပစ္စုပ္ပန်ကို ငါ့ဆီကိုခေါ်ဆောင်လာခဲ့တယ် ။
နွေဦးကို မြင်ရတဲ့ အချိန်လောက်
ဘ၀မှာ သာယာတာမျိုးမရိုးနိုင်ဘူး ။
ဒါနဲ့တောင် အတိတ်မှာပျော်ဝင်နေချင်သေးတဲ့ ငါက
အိပ်မက်ကနိုးထဖို့တောင် ယောင်နန....
ချောင်ကျကျ ကော်ဖီဆိုင်ထောင့်မှာ
ဘယ်လောက်ကြာအောင် ထိုင်နေခဲ့မိပြီလဲမသိ.....
နင်ရှိနေသေးတယ် ဆိုတဲ့ အသိက
ငါ့ရင်ကို တလှပ်လှပ်ခုန်စေခဲ့တယ် ။
ဒီလိုနဲ့ပဲ......မျှော်လင့်ချက်တွေ ထပ်ထပ်ပြီး
တောင်လိုရာလို ပုံနေခဲ့တယ် ။
ရင်ခုန်စွာနဲ့ အိပ်မက်နေဆဲပါ...ငါ့ချစ်သူ
ငါဟာ အိပ်မက်နေဆဲ......
ကျေးဇူးပြုပြီး အိပ်မက်ကငါမနိုးပါရစေနဲ့ ။
မျှော်လင့်ချက်တွေကို နင်ရိုက်ချိုးမပစ်လိုက်ပါနဲ့ ။
ကျေးဇူးပြုပြီး ငါ့ကိုဆက်လက်ရှင်သန်ခွင့်ပေးပါ ။
ဒီကမ္ဘာလောကကြီးရဲ့ တနေရာရာမှာ
နင်ရှိနေသေးတယ်ဆိုတာ.......
ငါ့နှလုံးသားက အသေအချာကိုသိနေလို့ပါ ။
No comments:
Post a Comment
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ