Wednesday, May 23, 2012

တွယ်တာရာမဲ့

သတိရတယ်ဟာ
လွမ်းတယ်ဆိုတာထက် 
ပိုပြီး နာနေတာ တစ်ခုရှိတယ် ။
အဲဒါ နင်ပြန်မလာတာ ခုထိပဲ ။
“သုတိ” သာယာတဲ့ နင့်အသံလေးကို
ကြားနိုင်ဖို့ အခွင့်အရေးက နဲပါးခဲ့ပေမဲ့
အသဲတစ်ခြမ်းမက ပုံပေးခဲ့တဲ့ ငါ့အချစ်တွေ
ဒီလိုနဲ့ပဲ မေ့ပစ်လိုက်ရတော့မလား ချစ်သူရေ ....
အပြစ်မယူပဲနဲ့ ချစ်ခဲ့တာတွေများသွားလို့လား..
ချစ်သူပေးတဲ့ အလွမ်းနက်နက် ဝေဒနာတစ်ခုသာ
ရင်မှာ နာကျင်ပြီး ကျန်နေခဲ့တာ
ဒါဟာ ကြာလာတော့လဲ ရင်ထဲမှာ
ဒဏ်ရာတစ်ခုတောင် ဖြစ်များဖြစ်နေပြီလားလို့
ငါဟာ မကြာခဏတွေးခဲ့မိတယ် ။
သိပ်ရက်စက်တဲ့   နင်....
နှိပ်စက်ခဲ့တဲ့ ငါ့နှလုံးသားဟာ
အခုဆို ငရဲပြည်မှာ အရှင်လတ်လတ်
နင်သာ မြင်တတ်ခဲ့မယ်ဆိုရင် 
မှီတွယ်ရာမဲ့နေတဲ့  ငါ့နှလုံးသားဟာ
နားခိုစရာတစ်ခုတော့ ရနိုင်ကောင်းပါရဲ့ ။
ဒါပေမဲ့ ခုထိနင်ပြန်မလာသေးဘူးကွယ် ။

No comments:

Post a Comment

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ