Friday, August 31, 2012

မျက်ဝန်းကဗျာ

ဒီ..သမင်ပျိုလို မျက်ဝန်းလေးတစ်စုံကပဲ
မျှော်လင့်ခြင်း ဆိုတဲ့အရာကို
ငါ့ထံ ဆောင်ကြဉ်းပေးခဲ့တယ်.....။
ဒီ...ပြာလွင်တဲ့ အလင်းတန်းလဲ့လဲ့ကပဲ
ကြင်နာခြင်း ဆိုတဲ့အရာကို
ငါ့ရင်မှာ ဖန်ဆင်းပေးခဲ့တယ်.......။
ဒီ...ဟန်ဆောင်မှုကင်းတဲ့
ဖြူစင်ခြင်း အငွေ့အသက်မှာ
နေ့ရက်များစွာဟာ စိုပြေစိမ်းလန်းလို့လှခဲ့တယ်.....။
ဒီ..မျှော်လင့်မထားတဲ့ တင်္ဒဂအကြည့်တစ်ချက်မှာ
နှလုံးသားတစ်ခုလုံး အရည်ပျော်ကျဆုံး
တစ်ဘ၀လုံးအတွက် ငါ...
အရှုံးပေးထားလိုက်တော့မယ်.....။
ချစ်ရတဲ့သူရဲ့ မျက်ဝန်းလေးထဲမှာပေါ့ကွယ်.......။

7 comments:

  1. ဒီ အချစ် ဆိုတဲ့ အထဲမှ ကျုပ်တို့တွေ အရှုံးပေးနေရတာ ဘာဖြစ်လို့လဲ

း)

    ခင်မင်စွာဖြင့်
    ဗညားရှိန်

    ReplyDelete
  2. မျက်ဝန်းတော်တော်လှတယ်ထင်တယ်။

    ReplyDelete
  3. မျက်ဝန်းတော်တော်လှတယ်ထင်တယ်။

    ReplyDelete
  4. အဓိပ္ပာယ်နက်နက် ကဗျာတိမ်တိမ်လေး အားပေးသွားတယ် မိုးနတ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အရှုံးပေးလိုက်တော့မယ်ပေါ့လေ . . . . ^_^
    ကဗျာလေးကိုအားပေးသွားတယ်နော်
    ခင်တဲ့(အိမ်မက်ကောင်းကင်)

    ReplyDelete
  6. ပြာလွင်တဲ့ အလင်းတန်းလဲ့လဲ့ကပဲ
    ကြင်နာခြင်း ဆိုတဲ့အရာကို
    ငါ့ရင်မှာ ဖန်ဆင်းပေးခဲ့တယ်.......။
    အားပေးသွားပါတယ်

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ