Tuesday, September 4, 2012

ချစ်သူတားထားတဲ့ စည်း

မကြင်နာသူဆီကမှ....
အကြင်နာကို လိုချင်ခဲ့မိတာ
ငါ့အမှားလား....?
တကယ်ဆို များများစားစားလဲ
မမျှော်လင့်ခဲ့ပါဘူး....ငါလေ....
ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာ 
အရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါ
ဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..?
မကြင်နာသလို  အရာရာကို
ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
မျက်ဝန်းထဲမှာ  ငါဟာ...
ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ
တခါတခါတော့လဲ လောကကြီးက
ရယ်စရာတော့ အကောင်းသား....
ချစ်ခြင်း  နဲ့  မုန်းခြင်း..ကြား.....
ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..
စက္ခုအာရုံကို  ကျော်ရစ်..
ခြားနားခြင်း  အားလုံးကို 
အရည်ဖျော်ပစ်လိုက်တော့....
မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
တစ်ချပ်သာ ကျန်ရစ်တယ်...
ဒီညတော့ မင်းဆီ
ငါ့ကို လာခွင့်ပြုပါကွယ်...

16 comments:

  1. ချစ်ခြင်း နဲ့ မုန်းခြင်း..ကြား.....
    ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..
    တစ်ကယ်က ဘယ်လောက်မှမခြားနားဘူးရယ်.. :D အထင်နဲ့ပြောကြည့်တာပါ .. ခင်မင်လျက်

    ReplyDelete
  2. မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
    တစ်ချပ်သာ ကျန်ရစ်တယ်...
    ဒီညတော့ မင်းဆီ
    ငါ့ကို လာခွင့်ပြုပါကွယ်... အားပေးသွားပါတယ်။။

    ReplyDelete
  3. ကဗျာလာဖတ်သွားတယ် ....

    ReplyDelete
  4. မကြင်နာသူဆီကမှ....
    အကြင်နာကို လိုချင်ခဲ့မိတာ
    ငါ့အမှားလား....?
    ပြန်ဆန်းစစ်ရမယ့်အထဲတို့လည်းပါတယ်။ မကြင်နာသူဆီက အကြင်နာလိုချင်တာငါ့အမှားလားဟင်

    ReplyDelete
  5. မကြင်နာသလို အရာရာကို
    ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
    မျက်ဝန်းထဲမှာ ငါဟာ...
    ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ

    ReplyDelete
  6. မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
    တစ်ချပ်သာ ကျန်ရစ်တယ် ...
    ဒီညတော့ မင်းဆီ
    ငါ့ကို လာခွင့်ပြုပါကွယ် ...

    ညကြီး မလာနဲ့လေ
    နေ့လည်နေ့ခင်း လာခဲ့ပေါ
    ဟုတ်ဘူးလား ... ဟဲဟဲ နောက်တာ
    အားပေးသွားပါတယ် မကြီးမိုးနတ်ရေ

    ReplyDelete
    Replies
    1. ကဗျာလေးက နူးညံ့လှပါလား
      စာဖတ်သူတွေရဲ့ စိတ်ကိုညို့ယူလိုက်သလိုပါလား
      ဆွဲဆောင်မှုရှိအပြည့်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲကွယ်
      ကဗျာလေးကိုခံစားသွားတယ်နော်
      ခင်တဲ့(အိမ်မက်ကောင်းကင်)

      Delete
  7. မကြင်နာသူဆီက အကြင်နာတွေမရလဲ
    မဂျီးဂျက်က မိုးနတ်ကို အကြင်နာတွေပေးပါ့မယ်

    ReplyDelete
  8. ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
    မျက်ဝန်းထဲမှာ ငါဟာ...
    ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ
    စားသားလေးကောင်းတယ်.....

    ReplyDelete
  9. တယ်လီပသီနည်းနဲ့သွားမှာလား။

    ReplyDelete
  10. မကြင်နာသူဆီကမှ....
    အကြင်နာကို လိုချင်ခဲ့မိတာ
    ငါ့အမှားလား....?
    မမှားဘူးလို့တော့ထင်တာပဲနော်
    အားပေးသွားပါတယ်အမ

    ReplyDelete
  11. မှားတယ်ဆိုရင်တောင် ချစ်တဲ့စိတ်ကြောင့်မှားသွားတာပါ

    ReplyDelete
  12. ကဗျာလေးတွေကောင်းတယ်...လာရောက်ခံစားအားပေးခဲ့ပါတယ်
    လင့်ချိတ်ထားမယ်ဆိုတော့ဝမ်းသာပါတယ်..ခနခနလာလယ်မယ်နော်..

    ReplyDelete
  13. ဟုတ်ကဲ့..ကျေးဇူးပါနော်....

    ReplyDelete
  14. စောင်းများ ရေးထားသလား ထင်မိတယ်..
    တူလိုက်တဲ့ အဖြစ်ရယ်ပေါ့..
    မိုးနတ်ရေ... ရင်ဘတ်နဲ့ ဖတ်သွားတယ်ဟေ့..

    ReplyDelete
  15. အရမ်းကြိုက်တယ်ဗျာ ရော့ အားဆေးတိုက်ခဲ့တယ်ဗျာ..ဟဲဟဲ မှန်မှန်သောက်နော် စတာနော် အားပေးနေလျှက်....

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ