အက်ဆစ်မိုးတွေ ပြိုပျက်
ငိုရခက်နေတဲ့ နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့ ဘ၀ပါ
အတ္တချိုချို ဘ၀ခါးခါး
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း ကန္တာရထဲ
ငါ့ရင်ဘတ်လဲ ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
သည်းခံစိတ်ကို လည်မှာဆွဲ( ဖြစ်နိုင်ရင်)
အရာအားလုံးကို တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ အရောင်မှိန်
ငါ့ဘ၀ နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?
မိုးနတ်ရေ သီးခံစိတ်ကို ရွှေဆွဲကြိုးလို သဘောထားပြီး လည်မှာဆွဲထားတယ်ပေါ့...။
ReplyDeleteခင်မင်တဲ့
ဘုန်း၂တောက်
.....:)
ReplyDeleteအတ္တချိုချို ဘ၀ခါးခါး လို့သုံးနှုန်းသွားတာကိုကြည့်ပြီး စကားလုံးဆန်းသစ်မှုကိုတွေ့မိတယ်း)
ReplyDeleteမိုးနတ်ရေဘူဘ၀ကတော့ဒီလိုပါပဲကွယ်..
ReplyDeleteအားပေးသွားပါတယ်..
သည်းခံလွန်းပြန်တော့လဲ အနင်းခံရတတ်တယ်... တစ်ကနေ ပြန်စ မရတော့ရင်တောင် လက်ရှိနေရာကနေ အကောင်းဆုံးကို ရှာဖွေနိုင်ဦးမှာပါ...
ReplyDeleteကဗျာလေးကို အားပေးသွားပါတယ်... လင့်ပါ တခါတည်း ယူသွားပါတယ် ညီမရေ...
ခံစားချက်ကလောလောဆယ်ထပ်တူကျနေတယ် မိုးနတ်လေးရေ။
ReplyDeleteတစ်ကပြန်စလို့မရလို့ ရောက်တဲ့နေရာကနေပဲ ရှေ့ဆက်ကောင်းအောင်ကြိုးစားဆက်လျှောက်ပါ။
အတ္တချိုချို ဘ၀ခါးခါးတွေလာရောက်ဖတ်နေမိတယ်
ReplyDeleteကဗျာကောင်းလေး တစ်ပုဒ်ကိုခံစားသွားတယ်နော်
ReplyDeleteခေါင်းစဉ်လေးကို လည်း ပေးတတ်လိုက်တာ
အတ္တချိုချို ဘ၀ခါးခါး
ReplyDeleteသူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း ကန္တာရထဲ
ငါ့ရင်ဘတ်လဲ ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
.............အရမ်းထိမိတဲ့စာသားပဲ...ရင်ကွဲအောင်ခံစားမိပါသည်။
အက်ဆစ်မိုးတွေ ပြိုပျက်
ReplyDeleteငိုရခက်နေတဲ့ နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့ ဘ၀ပါ
ကဗျာကောင်းလေးအားပေးသွားပါတယ်
အပ်ဆစ်မိုးတွေတော့မရွာပါနဲ့ဗျာ...
ReplyDeleteတန်ဖိုးရှိတဲ့ကဗျာတွေအပ်ဆစ်တွေနဲ့....
အလွမ်းတွေတန်မဟုတ်ဘူး...အဆွေးတွေပါအဆစ်ပါကုန်မှားစိုးလို့ပါနော်....
ခင်မင်တဲ့....
လွမ်းတယ်
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ReplyDeleteငါ့ဘ၀ လူဖြစ်လာရလေသလား......?
ကဗျာလေးကတော်တော်လှတယ်ဗျ
မိုးနတ်ရေ ကဗျာကောင်းတွေဆက်လက်ထုဆစ်နိုင်ပါစေနော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
တစ်က ပြန်စ ပေမယ့်
ReplyDeleteပြန်မရနိုင်တော့ဘူး ညီမလေးရေ
ရင့်ကျက်ခွင့်ရခဲ့တယ်လို့ ပဲသဘောထားပြီး
နေတတ်အောင်နေကြရတာပါပဲ
လူဆိုတာ
ReplyDeleteကိုယ့်ထမင်းထုပ် ကိုယ်ရွက်လို့
နေ၀င်ရာ အရပ်ကို ခရီးဆက်နေကြရတာပါဘဲလေ
အခက်အခဲပေါင်းများစွာက မိမိကို တောက်ပြောင်လာစေပါလိမ့်မယ်။
နေ၀င်ပြီး နောက်
ReplyDeleteအာရုဏ်ဦးမှာ ရောင်ခြည်သစ်တွေ ကြိုလင့်နေလေသည်း)
ကဗျာလေးက ခံစားချက်တွေနဲ့ တစ်မျိုးလေးကောင်းတယ် မိုးနတ်ရေ
ReplyDeleteခေါင်းစဉ်လှပ ။ သည်းခံမှာ သီးခံဖြစ်နေတယ်ဗျ ။ ၀င်ရောက်စီးမျောခဲ့ပါကြောင်း
ReplyDeleteအားပေးသွားပါတယ်ဂျာ
ReplyDeleteအရာအားလုံးကို တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ အရောင်မှိန်
ငါ့ဘ၀ နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?