Monday, November 19, 2012
ပြန်မလာနဲ့
လေးနက်တဲ့  ကဗျာတစ်ပုဒ်လို 
မင်းမျက်နှာလေးကို  ခံစားပြီးရင်းခံစားလို့
နူးညံ့တဲ့  စကားလုံးတစ်ချို့ကို 
ငါ့နားထဲမှာ  ပြန်ကြားပြီးရင်း ပြန်ကြားလို့
ငါ့မျက်ရည်တွေ  မြစ်လိုစီး...
ငါ့သောကမီးတွေ  ပင်လယ်လောက်ကြီးမှ
မင်းက  ကျေနပ်နိုင်မှာလား  ချစ်သူ....
ဒဏ်ခတ်တယ်  ဆိုရင်လဲ  တော်လောက်ရောပေါ့...
ဝဋ်ကြွေး  ဆိုတာရှိခဲ့ရင်လဲ  ကြေပါစေတော့...
နေသာသလိုသာ  နေလိုက်ပါ....
ငါက  နင့်အတွက်  အစကတည်းက
ဘာဆိုဘာမှ  မဟုတ်ခဲ့တဲ့ကောင်ပါ...
ငါသိတာပေါ့.......
နင့်မျက်ဝန်းတွေ  အရင်လိုမဟုတ်ပဲ
ငါ့အပေါ်  စိမ်းနေခဲ့တာ...
နင့်စိတ်အစဉ်ဟာ....
လေနှင်ရာလွင့်တဲ့  သစ်ရွက်တွေလို
ငါမဟုတ်ပဲ  တခြားတစ်ယောက်ဆီမှာ
ယိမ်းနေခဲ့တာ.....
တိမ်းညွှတ်လွယ်လှချည်ရဲ့  လို့လဲ
အပြစ်မတင်ချင်တော့ပါဘူး....
ဖြစ်တတ်တဲ့  သဘောတွေမို့
ငါနားလည်လက်ခံပေးလို့  ရပါတယ်
တခုပဲ.....
ငါ့ဘ၀ကို  ဆုတ်ဖြဲ...
ရက်စက်စွာနဲ့  ငါ့ကို...
ချန်ရစ်လို့  ထားခဲ့ပြီးမှတော့...
ပြန်ဆက်ဖို့  ကြိုးစားနေတဲ့ 
ငါ့နှလုံးသားကို  မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့..............
22 comments:
  1. ကိုကိုမောင်(ပန်းရနံ့)November 19, 2012 at 5:52 AM
    အသဲတွေ....မာ....လို့.... နာ...လဲ..... မနာနိုင်တော့ဘူးးးးးးးးးးးးး လေ။
    အဲဒီလို ဖြစ်သွားလေရော့သလား မသိ။ ဒီအရင်ကဗျာတုန်းက ချစ်ငွေ့ရည်တွေ
    ဒီကဗျာမှာ မာနဘက် ယိမ်းသွားလေရော့သလား ငါ့ညီမ။း)))
    ReplyDelete
  2. တစ်ကယ်ပဲ လား သူငယ်ချင်း
    ပြန်မဆက်တော့ဘူးပေါ့လေ နှလုံးသားကလည်းအရမ်းကိုမာသွားတယ်နော်
    သူငယ်ချင်းး))
    ခင်တဲ့
    ReplyDelete
  3. ငါ့နှလုံးသားကို မင်း.....
    ဒဏ်ရာတွေ ထပ်ပေးဖို့
    မကြိုးစားပါနဲ့တော့........
    မိုးနတ်လေးကိုဘယ်သူက ဒဏ်ရာတွေပေးနေတာလဲ ပြောစမ်းပါ....
    ချစ်တဲ့ jasmine
    ReplyDelete
  4. မိုးနတ်ရေ တော်တော်ရက်စက်တဲ့ လူကြီးပဲ။ နှလုံးသားချင်း ကိုယ်ချင်းမစာတတ်တဲ့ သူပဲနော်။
    ခင်မင်တဲ့
    ReplyDelete
  5. တော်တော်ခံစားလိုက်ရရဲ့
    တိုက်ဆိုင်လို့လားမသိဘူး
    အဟိ
    ခင်တဲ့
    ရေခဲတုံး
    ReplyDelete
  6. ပြန်လာရင်လဲ လက်မခံပါနဲ့တော့လေ။
    လရိပ်ကိုကျတော့လေ အဲလိုမျိုးတွေလုပ်လုပ်သွားတယ်။
    ဒါပေမဲ့ သူတို့တွေက ပြန်ကိုမလာတော့ဘူး။
    မင်္ဂလာဆောင်သွားလို့လေ။
    ပျော်ရွှင်ပါစေ။
    ReplyDelete
  7. ဟုတ်တယ်။ဒဏ်ရာအနာကျက်ဖို့ကြိုးစားနေတုန်း ဒဏ်ရာတွေထပ်ပေးလာရင်ဆော်ပလော်တီးပစ်လိုက်။ ညလေးနောက်မှာ အစ်မရှိတယ်။
    ReplyDelete
  8. ပထမဆုံးအကြိမ်ဖြစ် ကဗျာတွေ လာရောက် အားပေးသွားပါတယ်
    ReplyDelete
  9. ငါ့နှလုံးသားကို မင်း.....
    ဒဏ်ရာတွေ ထပ်ပေးဖို့
    မကြိုးစားပါနဲ့တော့....
    ReplyDelete
  10. နှလုံးသားကနေ ပျံ့လွင့်လာတဲ့ ရင်တွင်းဖွဲ့သံစဉ်လေး ခံစားချက်အပြည့်နဲ့အားပေးသွားတယ်နော်...
    မိုးနတ်လေး ကျန်းမာလို့ ပျော်ရွှင်ပါစေ...
    ခင်တဲ့
    လေပြေ
    ReplyDelete
  11. လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
    ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ
    ယိမ်းနေခဲ့တာ.....
    တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ
    အပြစ်မတင်ချင်တော့ပါဘူး....
    ဖြစ်တတ်တဲ့ သဘောတွေမို့
    ငါနားလည်လက်ခံပေးလို့ ရပါတယ်
    ကဗျာလေးလာအားပေးသွားပါတယ် ညလေးရေ..
    တကယ့်အဖြစ်အပျက်လားဟင်..
    တကယ်ဆိုရင်တော့စိတ်မကောင်းစရာပဲ..
    စိတ်မကောင်းပါဘူးညလေးရေ.. အားတင်းထားနော်..
    ReplyDelete
  12. ငါ့ဘ၀ကို ဆုတ်ဖြဲ...
    ရက်စက်စွာနဲ့ ငါ့ကို...
    ချန်ရစ်လို့ ထားခဲ့ပြီးမှတော့...
    ပြန်ဆက်ဖို့ ကြိုးစားနေတဲ့
    ငါ့နှလုံးသားကို မင်း.....
    ဒဏ်ရာတွေ ထပ်ပေးဖို့
    မကြိုးစားပါနဲ့တော့..............
    နာ့ညီမလေးကို ဘယ်သူရက်စက်တာလဲဟင်
    ReplyDelete
  13. အင်းးး... ထိရှ ခံစားမိတယ်...
    ReplyDelete
  14. ထိရှနာကျင်နေတဲ့ အသံတွေကို
    ကဗျာထဲကနေ နားထောင်ခဲ့ပါတယ် ။
    ဆက်လက်ထုဆစ်နိုင်ပါစေ မိုးနတ်ရေ ။
    ReplyDelete
  15. မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့
    နူးညံ့တဲ့ စကားလုံးတစ်ချို့ကို
    ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့
    ငါ့မျက်ရည်တွေ မြစ်လိုစီး...
    ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ
    မင်းက ကျေနပ်နိုင်မှာလား ချစ်သူ..
    ကဗျာလေးအရမ်းမိုက်တယ်အမမိုးနတ်အားပေးသွားပါတယ်နော်။
    ReplyDelete
  16. ကဗျာကိုဖတ်ပြီး စဉ်းစားမိတယ်ဗျ
    အသဲကွဲတယ်ဆိုတာ သည်လိုပါလား လို့း)။
    အလကားစတာပါ
    ( ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ ကောင် )
    အဲသည်နေရာက ကဗျာကို ဖျက်နေတယ် ရေးသူက
    မိန်းခလေး တယောက်လိုရေးလာတာ မို့လား။
    ReplyDelete
  17. နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ
    ငါ့အပေါ် စိမ်းနေခဲ့တာ
    နင့်စိတ်အစဉ်ဟာ လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
    ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ ယိမ်းနေခဲ့တာ
    ဟစ်ဟော့သီချင်းလိုပဲ ရွတ်လို့ကောင်းတယ်
    သား ပျောက်နေတာ နေမကောင်းလို့ပါ မကြီးရေ
    Fighting မိုက်တယ်
    ချစ်တတ်လွန်းတဲ့ ငါ့တို့ရဲ့မကြီးကွ
    နွေလ
    ReplyDelete
  18. ဟုတ်ဝူး....အကိုတော်ရေ.....မိန်းကလေးအနေနဲ့ ဟုတ်ပါဝူး..
    ယောက်ျားလေး အနေနဲ့ပါ...ဒီလိုပါပဲ.....ညလေးကဗျာတွေကို
    အကိုတော်သေချာ မဖတ်ဖူးလို့လား...ညလေးအတွက် မိန်းကလေး
    ယောကျာ်းလေးခွဲထားတာ ရှိဝူး....အဆင်ပြေသလို စိတ်ထဲခံစားမိတာ
    ကိုချရေးလိုက်တာ...သေချာပြန်ဖတ်ကြည့်ရင် ညလေးကဗျာတော်တော်
    များများက ယောက်ျားလေးအနေနဲ့ ခံစားချက်ထားပြီးရေးတာကပိုများတယ်
    ReplyDelete
  19. ပြတ်သားနိုင်တဲ့ စိတ်ဓါတ်လေးကို ကဗျာလေးထဲမှာ တွေ့လိုက်ရတယ် ...
    “ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့...
    ReplyDelete
  20. ငါ့နှလုံးသားကို မင်း.....
    ဒဏ်ရာတွေ ထပ်ပေးဖို့
    မကြိုးစားပါနဲ့တော့..............
    သူကထားခဲ့တယ်ဆိုရင် နေရဲတဲ့ သတ္တိတော့ရှိသင့်တယ်
    သူကမုန်းခဲ့တယ်ဆိုရင် မေ့ရဲတဲ့ သတ္တိတော့ရှိသင့်တယ်
    သူကပြောင်းလွဲသွားတယ်ဆိုရင် ကိုယ်ကကျေနပ်ပေးနိုင်တဲ့ သတ္တိတွေတော့ ရှိသင့်ပါတယ်။
    တစ်ဖတ်သက် စွဲလမ်းမှုတွေနဲ့ နေ့တွေကို ရှည်ကြာစွာမဖြတ်သန်းပါနဲ့ ........................
    ReplyDelete
  21. ကဗျားလေးတွေက အရမ်းခံစကားချက်ပါလို့လား ကိုယ်ကပဲကြိုက်လို့လားတော့ မသိပါဘူး ရင်ကိုတိုးဝှေ့လာတဲ့ အတွေးတစ်စလိုပဲ အစရှာမရလိုက်ဘူး အရမ်းကောင်းတယ်............................................................
    ReplyDelete
  22. ကောင်းပါတယ်တော်တော်ကို ခံစားချက်ခြင်းလည်းတူနေတယ်နော်
    ReplyDelete
အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ