Saturday, March 9, 2013

နတ်သမီးနဲ့ ချစ်တဲ့ည

ဒီည 

ကြယ်စင်တွေ  ကြွေဆင်းတဲ့  သကာလ

ခြေသံဖွဖွ ကြားလို့  လှည့်ကြည့်မိတယ်

ဟော.........ကျုပ်အနားကို

သူမ  ရောက်နေပါရောလားကွယ်

 

ဒီည

ဇဗ္မူတစ်ခွင်မှာ  ရှုမငြီးတဲ့

ကျုပ်ရဲ့ နတ်သမီး

သူလာကျွေးတဲ့  ချိုမြတဲ့ အချစ်သီး

အား...........ကျုပ်နှုတ်ခမ်းဖျားမှာ

အဆိပ်တက်သွားလောက်အောင်

ချိုမြိန်လွန်းလှချည်လားကွယ်

34 comments:

  1. ခေါင်စဉ်ကိုမကြိုက်ပါ။

    ReplyDelete
  2. အားတော့နာပါတယ်။

    ReplyDelete
  3. နတ်သမီးနဲ့ ချစ်တဲ့ညတဲ့လား
    ဖတ်ရတာ ......နတ်သမီးမှ ဟုတ်ရဲ့လားဟယ်

    ReplyDelete
  4. မိုးနတ်ရေ ရင်ခုန်စရာကြီးနော်
    လွယ်ဘူး လွယ်ဘူး ဟိဟိ

    ReplyDelete
  5. “ကျုပ်ရဲ့ နတ်သမီး
    သူလာကျွေးတဲ့ ချိုမြတဲ့ အချစ်သီး
    အား...........ကျုပ်နှုတ်ခမ်းဖျားမှာ
    အဆိပ်တက်သွားလောက်အောင်
    ချိုမြိန်လွန်းလှချည်လားကွယ်“ ... အဆိပ်တက်သွားလောက်အောင်ဆိုတော့ ဖြေဆေးလေးတော့ ဆောင်ထားနော် ... ချစ်မ ... :P

    ReplyDelete
  6. ဖြေဆေး မရှိလောက်ဘူးထင်ပါတယ် မိုးညချမ်းရေ..
    မိုးနတ်စွာကျယ် စားခဲ့တဲ့ အဆိပ်သီးအတွက် ဖြေဆေးက လုံးဝ မပေါ်သေးဘူးတဲ့။
    အခု နှုတ်ခမ်းဖျားမှာ ချိုမြိန်နေပြီ။
    တော်နေကြာ လျာဖျားကို ရောက်လာလိမ့်မယ်။
    အဲဒီကနေ လျာအရင်းကို ရောက်သွားရင်တော့ သွားပြီ။ ဆေး မမီတော့ဘူး။း)

    ReplyDelete
  7. သူလာကျွေးတဲ့အဆိပ်သီးကိုစားပြီး ခုချိန်ထိအဆိပ်မပြေသေးဘူးကွယ် :P

    ReplyDelete
  8. ဒီည
    ဇဗ္မူတစ်ခွင်မှာ ရှုမငြီးတဲ့
    ကျုပ်ရဲ့ နတ်သမီး
    မိုးနတ်ရေ ...မိုးသူခရီးထွက်နေလို့ ပါဗျ

    ခင်တဲ့

    မိုးသူ(တောင်ကြီး)

    ReplyDelete
  9. ဟုတ်ကဲ့ပါ Anonymous ရေ...
    ခေါင်းစဉ်ကို ဘာလို့ မကြိုက်တယ် ဆိုတာကို
    သိချင်ပါတယ်...ရပါတယ် အားနာစရာမလိုပါဘူးရှင်
    အဲလိုဝေဖန်တော့ ကိုယ်ဘာလိုအပ်ချက်တွေရှိနေတယ်
    ဆိုတာ သိရတာပေါ့...စိတ်မဆိုးပါဘူးရှင် welcom ပါ :)

    အမ် ! မဂျီးဂျက်ကလဲနော် * မမစံပယ်ချို *
    နတ်သမီး မဟုတ်လို့ နတ်သားဖြစ်ရမလားဗျ
    ဂယ်ပဲ ဂယ်ပဲ ဟွန့် :(((

    မင်း ရေ....... * မင်းအရိပ် *
    တကယ်ပဲ ရင်ခုန်တယ်ပေါ့လေ :P

    အင်းးးးးး သူ့ကိုဆောင်ခိုင်းထားလိုက်ပါ့မယ်:) * မိုးညချမ်း *

    အနေသာကြီးပါ သူကြီးရယ် * သူကြီးမင်း *
    ဆေးမှီမှီ မမှီမှီ ရှင့်အပူမပါပါဘူးတော် :)))
    ဟီးးးးးးး ပတ်ရမ်းနေတာ အသားလွတ်ကြီးးးးးးးးး :P


    မိုးညရေ....
    တကယ်ဖြေဆေးဆောင်ထားရမှာက
    အသူ ထင်တယ် ဟိ * အသူ *

    အော် အဲဂလိုကိုးးးးးးးးးးးးး * မိုးသူ(တောင်ကြီး) *
    သိပါဘူးးးးးးးးးးးး
    မိုးနတ်က အစ်ကိုမိုးသူဘာများဖြစ်နေသလဲလို့
    စိုးရိမ်နေတာ ဟီးးးးးး ထင်လားးးးးးးးးးး
    တကယ်က အစ်ကိုမိုးကဗျာတွေ ငတ်နေတာ :)))

    ReplyDelete
  10. အင်း.. အချစ်ဆိုတာ ညင်ညင်သာသာနဲ့ တိတ်တိတ်လေးရောက်တတ်တဲ့ ချိုသောအဆိပ်ပါပဲလား...
    arr.. အဆိပ်သင့်သွားပြီ။ သွေးကြောကိုပိတ်၊ ဖြေဆေး မြန်မြန်တိုက်.. ပြီးတော့ အနှစ်တစ်ထောင်အတွင်းအားနဲ့ ကုပေးပါဗျို့  .. :P

    ReplyDelete
  11. အချစ် အချစ် အချစ် အဲ့ဒီအချစ်ဆိုတာကြီးက နားလည်ရခက်တယ် မိုးနတ်ရယ် @_@

    ReplyDelete
  12. အယ်မလေး
    ကြက်သီးကို တဖြင်းဖြင်း ထသွားတာပဲ
    အချစ်သီးက အဲ့လောက်တောင် အဆိပ်တက်သလားကွယ်
    ဒါတောင် မစားကြည့်ရသေးဘူး ဟိဟိ

    နွေလ

    ReplyDelete
  13. မိုးနတ်ရေ ချိုမြိန်တဲ့ အချစ်သီးက အဆိပ်ပြင်းလွန်းတယ် မူးမေ့သွားလောက်အောင်ပါပဲကွယ်...

    ReplyDelete
  14. ♫♫ကြင်နာစွာ ဖြေဆေးလေးများပေးပါ...
    ဘယ်မှာ ဖြေဆေးရှိပါ့မလဲ♫♫

    ReplyDelete
  15. ချိုမြတဲ့အချစ်သီးကို လာမြည်းကြည့်တာ

    ReplyDelete
  16. အစ်မ witch83 ရေ...
    အစ်မပြောတဲ့ အနှစ်တစ်ထောင် အတွင်းအားပိုင်ရှင်
    ဘယ်မှာရှိလဲဗျ လမ်းညွှန်ပေးပါအုံးးးးးးးးးး :P

    ဟုတ်ပါ့ ကန်ရေ :) * ကန်ဒီ *

    ဟိုကလေး * နွေလ *
    ကလေးက ကလေးလိုနေ ဟိုဟိုဒီဒီမတွေးနဲ့ :P

    အမ် ဘုန်းတောက်က အဲဒါ
    ဘယ်လိုလုပ်သိလဲ !!!
    ဒါ မသင်္ကာစရာပဲ :PPPPPPP

    သီချင်းလာဆိုပြတယ်ပေါ့ အသူ * အသူ *

    ဟုတ်လား အမမိုးငွေ့
    မြည်းကြည့်ပြီးတော့ ဘယ်နှယ့်နေလဲ :)))

    ReplyDelete
  17. ဟယ် မိုးနတ်ရေ..သူများကြွေးတိုင်း မစားရဘူးလေ ဒုက္ခပါပဲ..အဲ့ဒါဘာသီးထင်လို့လဲ စားမိရင် ရူးတက်တယ်..းD

    ReplyDelete
  18. နတ်သမီးကဗျာလာဖတ်သွားပါတယ်ဗျို့း)

    မောင်ဘကြိုင်

    ReplyDelete
  19. ဟုတ် မမအိပ်မက်...ဒါပေမဲ့
    ဘာသီးမှန်းမသိလို့ မိုးနတ်တော့
    စားလိုက်မိပြီ...အဲဒါဘိုလုပ်ရမလဲ :PPPPPPPP

    ကျေးဇူးပါ အကိုဘကြိုင် :)))

    ReplyDelete
  20. အာဒမ်နဲ့ ဧဝလည်း အဲ့သစ်သီးပဲကိုက်မိခဲ့တာလေ:D

    ReplyDelete
  21. ဒီည
    ဇဗ္မူတစ်ခွင်မှာ ရှုမငြီးတဲ့
    ကျုပ်ရဲ့ နတ်သမီး
    သူလာကျွေးတဲ့ ချိုမြတဲ့ အချစ်သီး
    အား...........ကျုပ်နှုတ်ခမ်းဖျားမှာ
    အဆိပ်တက်သွားလောက်အောင်
    ချိုမြိန်လွန်းလှချည်လားကွယ်...

    အားကျလိုက်တာဗျာ...။

    ReplyDelete
  22. နံရိုးတစ်ချောက်းပါသွားပြီလားမသိ :P သေချာပြန်စမ်းကြည့်လိုက်အုံးနော်

    ReplyDelete
  23. အင် ဟင် * နှင်းဆီအေးမောင် *

    ဟုတ်လား မမရည်ဝေ (ရေနံသာသူ)

    အားကျတယ်လား လောင်စာရေ...
    ဘာကို အားကျတာလဲဟင် :PPPPPPPPP

ွှအွမ် ဖြိုး * ဖြိုးဇာနည် *
    ဘာကိုဆိုလိုတာလဲ ????

    ReplyDelete
  24. အချစ်သီးက ချိုတယ်တဲ့လား ... အချစ်သီးတော့မသိ ကဗျာလေးကတော့ လွှတ်ချိုတာပဲကိုး.... :)
    စကားလုံးတွေကို ကာရံလည်း မပျောက်စေပဲ ဒိထက်သိပ်သည်းအောင် ပိုကျစ်လျစ်လိုက်ရင် ပိုလှမယ် ... :)

    ReplyDelete
  25. အဆိပ်ကချိုတယ်လား
    အမစိတ်ထင်တော့
    ကဗျာလေးက ပိုချိုသလိုပါဘဲကွယ်..

    ReplyDelete
  26. ရော့ဒီမှာအသီးတစ်လုံး
    ချဉ်ဖြုန်းဖြန်းပဲ
    အမုန်းတွေတွဲလို့
    တို့ငိုရတော့မယ်
    ငှဲ့ငှဲငှဲ

    ReplyDelete
  27. နတ်သမီးတော့ မဟုတ်လောက်ဘူး....

    နတ်သားလေးတစ်ပါးပဲ ဖြစ်မယ် ထင်ပါရဲ့....။

    ထင်တာ ပြောမိတာပါ...

    မှားရင် ဘွာတေး .....။

    :) :) :)

    ReplyDelete

  28. သူလာကျွေးတဲ့ ချိုမြတဲ့ အချစ်သီး
    အား...........ကျုပ်နှုတ်ခမ်းဖျားမှာ
    အဆိပ်တက်သွားလောက်အောင်
    ချိုမြိန်လွန်းလှချည်လားကွယ်

    ကဗျာက လန်းတယ်.....ကြိုက်တယ်ဂျာ.......

    ReplyDelete
  29. မိုးနတ်ရေ....ရောက်သဟ....နတ်သမီးနဲ့ချစ်တဲ့ညမှာ အဆိတ်တွေတက်နေရောလားကွယ့်...... :)))

    ReplyDelete
  30. မိုးနတ်လေး.

    မကြီးလွမ်းလည်း အသီးစားချင်လို့ ကျွေးစမ်းပါ ၁ လုံးလောက်။
    အဆိပ်သီးဘဲဖြစ်ဖြစ် တစ်လုံးလောက်တော့ ကျွေးပါ....(လက်သီး) အဟီးး


    ချစ်တဲ့
    မကြီးလွမ်း

    ReplyDelete
  31. အဲဒီအသီးတကယ်ချိုမချို အမြည်းကျွေးမှ ယုံနိုင်မယ်။

    ReplyDelete
  32. မမ မိုးနတ်က ကျွန်တော်မရှိတုန်း လက်စွမ်းတွေရှယ်ပြနေတာကိုး :P
    ကဗျာလေးတွေကို တိုတိုလေးနဲ့ ရင်ကိုထိတယ်
    ကဗျာကောင်းလေးတစ်ပုဒ်ကို ခံစားသွားတယ်နော်
    မရောက်တာကြာပေမဲ့ သတိတော့ရနေပါတယ်
    ပျော်ရွှင်ပါစေနော် မမမိုးနတ်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  33. ဟုတ်ကဲ့ပါ အလင်းရေ * အလင်းသစ် *
    အကြံညဏ်ပေးတာ ကျေးဇူးပါနော်...
    နောက်အပုဒ်တွေကျရင် ဒိထက်ကောင်းအောင်
    မိုးနတ်ကြိုးစားပါ့မယ် :)))

    အဲလိုထင်လား မမပစ်ပစ် * blackroze *
    Ahakhakkkkkkkk !!!

    ဟယ် မိုးနတ် အချဉ်ကြိုက်တာ
    ရင်ခုန် * ရင်ခုန်ရသူ *
    သိတယ်တော့ :PPPPPPPPPP

    အွမ် ...ကိုကြီးညီလင်း * ညီလင်းနိုင် *
    ကလဲ ဘယ်ကနတ်သားလေးဖြစ်ရမှာလဲ
    နတ်သမီးလေးပါဆိုနေ ဟီးးးးးးးးးးး

    နှင်းဆီရောင်ရေ...ကျေးဇူးပါနော် :))))

    ဟုတ် လေးညိမ်းးးးးးးးးး * ညိမ်းနိုင် *

    အိုးးးးးးးးးး မကြီးလွမ်းကလဲ * အလွမ်းမြို့ *
    မဟုတ်တာနော်...မကြီးကို လက်သီးကျွေးစရာလား
    အဆိပ်သီးလဲ မကျွေးပါဘူးနော်...ဟီးးးးးးးးးး
    အာဘွားပဲပေးမှာ လာထားးးးးးးးးးးး

    အော်အော် သူက အရင်အမြည်းစားကြည့်ချင်တာကိုးးးးးးးးးးး
    အင်းလေ ဒီလိုဆိုတော့လဲ ကိုယ်ညီအမချင်း
    လမ်းညွှန်ပေးရတာပေါ့လေ...ဒါပေါ့ ဒါပေါ့
    မိုးနတ်က ဆရာစားမချန်တတ်ပါဘူး ခစ်ခစ် :)))
    စတာနော် မမရိုးမြေကျ * ရိုးမြေကျ *

    အိပ်မက်လေးရေ * အိပ်မက်ကောင်းကင် *
    မင်းကို အမ အရမ်းသတိရနေတာ.....:)
    ဒို့မောင်နှမတွေ မတွေ့တာတောင် အတော်
    ကြာပါပကော....စာမေးပွဲရော ဖြေနိုင်ရဲ့လား ???
    မောင်လေးရေ....အမလဲ သတိတရနေပါတယ်နော်..
    အတူတူပါပဲဟယ် .....:)))))))




    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ