အတွေးတွေ......
အလေ့ကျပေါက်နေတဲ့ မြက်ရိုင်းတွေလို
ပေါက်လွှတ်ပဲစား ဆန်လွန်းတဲ့ အတွေးတွေ
အတွေးတွေ.......
ညဉ့်ငှက်မတစ်ကောင်ရဲ့
ခေါက်ရိုးကျိုးနေတဲ့ အပြုံးတစ်စလို
ပေါ့ပျက်ပျက် နိုင်လွန်းတဲ့ အတွေးတွေ
အတွေးတွေ........
မိုးလင်းကနေ မိုးချုပ်အထိ
ပုံစံခွက်ထဲက ရုန်းမထွက်နိုင်သေးတဲ့
အတွေးတွေ
ခေတ်ပြောင်း စနစ်ပြောင်း အသွင်ပြောင်းမှာ
အတွေးတွေလဲ ပြောင်းပစ်ကြဖို့လိုပြီလေ ။
Sunday, January 20, 2013
Sunday, January 13, 2013
မေ့ဆုတောင်း
မ ချစ် ဖူး ပေမို့.....
အ ချစ် ဦး ရယ်လို့.....
ထူးကဲစွာ ကြုံလာပြန်
ဖန်လေတယ် ဒီအကြောင်း....
သြော်......ဒီ မေ မှာ
မောင် နဲ့ ပေါင်း စေဖို့
ရွှေစေတီ ခြေတော်ရင်းမှာလ
ပန်းအထွေထွေ .......
လန်းစေတယ် သပြေခက်ရယ်နှင့်
ဦးညွှတ်ဆုတောင်း......။
Monday, January 7, 2013
၂၀၁၂ ကိုပြန်လှည့်ကြည့်ခြင်း ( Tag Post )
မောင်ဘုန်း တဂ်လာတဲ့အတွက် မိမိုးနတ် အပြေးအလွှားပဲ
ရေးလိုက်ရပါသည် ၊သို့ပေသိ... အခါလွန်မိုးကြီးဖြစ်နေပြီထင်ရဲ့...:(
အကြောင်းမူ ၀ိုင်းထဲက တခြားလူတွေအားလုံး ရေးပြီးနေကြပြီမို့
မိမိုးနတ်တစ်ယောက်သာ ရေးဖို့ကျန်တော့တာမို့ပါ......
အချိန်ကလဲ ၂၀၁၃ ကို နေ့ရက်အချို့တောင်ဖြတ်သန်း
ဝင်ရောက်နေပြီ ဖြစ်လို့ မိမိုးနတ်ရဲ့ အခါလွန်ပို့စ်ကို
သီးခံပြီးပဲ ဖတ်ပေးကြပါအုံးလားရှင်.......
ဆိုတော့ကာ ၂၀၁၂ ဟာ မိုးနတ်အတွက်
ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ........
နှစ်စစချင်း (၁) လပိုင်းမှာပဲ မိုးနတ်ရဲ့ ရင်ခုန်ဘက်နဲ့ ချစ်သူတွေဖြစ်ခဲ့ကြတယ်.....၊ မိုးနတ်အပေါ် သိပ်ကိုကောင်းတဲ့ လူတစ်ယောက်ပါ....၊ ထူးဆန်းတယ်နော်.....
ဘ၀မှာ အချစ်ဟာ လေးပုံတစ်ပုံလောက်ပဲ အရေးပါတယ်လို့ ထင်မြင်ယူဆထားတဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ အချစ်က
ဘ၀ရဲ့ ၁၀၀ ရာခိုင်နှုန်း အားလုံးကို အရေးပါတယ်တဲ့....
ပြောင်းလဲသွားလိုက်တာနော်.....ပြောင်းလဲမယ်ဆိုလဲ
ပြောင်းလဲချင်စရာပါ......လူတစ်ယောက်ရဲ့
အချစ်က မိုးနတ်ကို တကယ်ပဲပြောင်းလဲစေခဲ့တယ်.....
ပြီးတော့ အဲဒိလို တန်ဖိုးထားရတဲ့ ချစ်ခြင်းလေး မိုးနတ်ရဲ့ဘ၀မှာ
ထာဝရတည်မြဲနေလိမ့်မယ်လို့လဲ ထင်ခဲ့မိတယ် ၊ ဒါပေမဲ့........................................:(
(ဆက်ပြောရင် စိတ်မကောင်းဖြစ်စရာတွေပဲ ပြောမိတော့မှာမို့
ဒီမှာပဲ တစ်ခန်းရပ်လိုက်ပါစေတော့) မိုးနတ်ရဲ့ နှလုံးသားရေးရာ ကိစ္စတစ်ချို့ကို ဘလော့ဂါမောင်နှမတွေအားလုံးလဲ အတော်အတန်သိပြီးဖြစ်နေလို့ပါ........
သင်္ကြန်ဟာ ဒီလိုပဲ မိုးနတ်ကို သူလိုငါလို ဖြတ်သန်းစေခဲ့တယ်..... ထူးခြားတာက အကြတ်၂ရက်ဆိုတော့ မိမိုးနတ်တို့ အားရပါးရနဲ့
အသားကုန်ကဲပေါ့.....( အဲလိုထင်လား ) ဟွန့်..... တစ်ရက်မှကို မကဲလိုက်ရဘူး ပြန်ပြောရင် စိတ်နာတယ် တကယ်ကြီး....:(
မေလကတော့ ထူးခြားတယ်ရှင့်........
မိုးနတ်ရဲ့ ဘလော့လေး စတင်မွေးဖွားဖြစ်ခဲ့တဲ့
လလေးဖြစ်သလို အိမ်လေးကိုလဲ စီနီယာဘလော့ဂါ
မောင်နှမများနဲ့ မိတ်ဆက်ပေးခွင့်ရခဲ့တဲ့လလေးပါ......
နွေးထွေးတဲ့ လူမှု အသိုင်းအ၀ိုင်းလေးထဲကို ရောက်မှန်းမသိ
ရောက်သွားတယ် ..၊ အားလုံးရဲ့ ချစ်ချစ်ခင်ခင် လက်တွဲခေါ်ယူ
မှုကြောင့် မိုးနတ်ရဲ့အိမ်လေး ခုလိုအချိန်ထိ ရပ်တည်နေနိုင်တာပါ....
ဘလော့ဂါမောင်နှမများအားလုံးကို မိုးနတ်အရမ်းချစ်ပါတယ်....
ကျေးဇူးလဲ အရမ်းတင်ပါတယ်..တစ်နှစ်ပြည့်ကျမှ အမှတ်တရ
ပို့စ်လေး ရေးပြီးတင်ပေးမယ်နော်.......:)
အင်း.....နောက်တော့လဲ ထွေထွေထူးထူးရယ်လို့ သိပ်မရှိပါဘူးရှင်.....
သီတင်းကျွတ် တန်ဆောင်တိုင်ရက်များမှာ မိုးနတ်ဟာအများနည်းတူ
ပေါ့ပါးစွာပဲ ပျော်ဝင်စီးမြောခဲ့ပါတယ် ၊ တခုတော့ရှိတယ် ....
တောင်ကြီးတန်ဆောင်တိုင်ကို သွားလည်ဖြစ်အောင်
သွားလည်မယ်လို့ မှန်းထားတာ...မှန်းချက်က နှမ်းထွက်ခဲ့ရပေါ့....:(
ဒါပေမဲ့ လက်လျှော့မယ် မထင်လိုက်နဲ့နော်..........
၂၀၁၃ ခုနှစ်ရဲ့ important trip ထဲမှာ ထိပ်ဆုံးက ပါနေတယ်ရှင့်......
ကျန်းမာရေးကတော့ သိပ်ပြီး ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ပါဘူး....
နှာစေးချာင်းဆိုးလောက်ကလွဲရင် အားလုံး Good !
( Nothing Special )
လူမှုရေး..၊ စီးပွားရေးလား......? အို...အဲဒါကတော့ ပြန်လှည့်ကြည့်စရာမလိုလောက်အောင်ကို
ကောင်းပြီးသား...ကြားကြရဲ့လား အရပ်ကတို့ .....ကြွားချက်ကတော့ လက်ဖျားခါလောက်တယ် ....ဘူမှမေးပဲနဲ့ စွတ်ကြွားနေဒယ်...
အသားလွတ်ကြီး ၊ ဒီလိုအကြွားသန်တဲ့ ငတိမလေးမျိုးမြင်ဖူးကြရဲ့လား?
မမြင်ဖူးရင် နောက်နေ့ကျ .....FB မှာလာကြည့် .....ဟီးးး
အလကားစတာပါနော်...၂၀၁၂ မှာ မိုးနတ်တို့ အိမ်စီးပွားရေးတကယ်ပဲ
ကောင်းခဲ့ပါတယ်.....အဲဒါကြောင့် တောပြောင်းမယ်လို့တောင်
စဉ်းစားထားဒယ်....ဘယ်လိုလဲ ......အဲဒိအကြံကောင်းလား?
များများရေးရင် ငြီးငွေ့သွားမှာစိုးလို့ အဓိက အချက်လေးတွေလဲ ပါအောင် ရေးရင်း ဒီပို့စ်လေးကို မြန်မြန်အဆုံးသတ်ပေးပါ့မယ်......
(အင်း.....၀မ်းသာလိုက်တာ>>>....စာဖတ်သူများလေသံ :) )
အဲဒိ အဓိကအချက်လေးတွေကတော့ တခြားမဟုတ်ဘူး.......
၂၀၁၂ မှာ မိုးနတ်အင်မတန် ဓါတ်ကျခဲ့ပြီး အခုချိန်ထိလဲ အလွန်ဓါတ်ကျနေဆဲ ရလဲမရသေးတဲ့ ဖြစ်လဲ မဖြစ်သေးတဲ့
မကြာခင်မှာလဲ ရလာဖြစ်လာတော့မဲ့ အရာလေးတွေပါ....Ahakhak...
(၁) ကားလှလှလေးတစ်စီး အမြန်ဆုံးလိုချင်နေတယ်....
တံဆိပ်ကတော့ ခု ကြိုပြောမထားသေးပါဘူး......
အမျိုးအစားကောင်းပြီး မိန်းကလေးတွေ စီးလို့အဆင်ပြေမဲ့
ပုံစံလေးပေါ့......(ဖေကြီးကတော့ ခဏစောင့်အုံးတဲ့........
ကားဈေးတွေ တအားကျနေလို့ ခုဝယ်လိုက်ရင် ရှုံးသွားမယ်တဲ့....
အင်း......အဲဒါလဲ ဟုတ်တာပဲ)
ဘလော့ဂါမောင်နှမများ မြင်ယောင်ကြည့်ကြပါ......
မိုးနတ်နဲ့ဆို သိပ်ပြီးလိုက်မှာပေါ့နော်......:)
ကားကလဲလှ လူကလဲလှဆိုတော့ အမိုက်စားပေါ့......
ဟီး.....ဘယ်သူလိုက်လိုက် မလိုက်လိုက်
ကိုယ်လိုက်ရင် ပြီးတာပဲ ဇွတ် :D
(၂) Samsung Galaxy SIII 4G ( မကြာခင်ရတော့မှာ ဟာဟ....)
အရင်က ipone 5 လိုချင်တာ.... ခုပြောင်းသွားပြီ
(၃) စကိတ်စီးသင်ချင်တာ ( စကိတ်ကို ကျွမ်းကျွမ်းကျင်ကျင်
စီးတတ်ချင်တယ် ၊ စကိတ်လှလှ အမျိုးအစားကောင်းကောင်း
လေးတစ်စုံလဲ လိုချင်တယ်.....) ဒါထက် တဆိတ်လောက်...
ဝိုင်းထဲက ဘလော့ဂါမောင်နှမတွေ ..... မိုးနတ်ကို
စကိတ်စီးသင်ပေးချင်တဲ့ သူများမရှိဘူးလား....!
(စကားခေါ်ကြည့်တာ ..သင်ပေးတော့လဲ အမြတ်ပေါ့..
ဟုတ်ဘူးလား :P)
(၄) ကရာတေးဖြစ်ဖြစ် ၊ ဂျုဒိုဖြစ်ဖြစ် ၊ တိုက်ကွမ်ဒိုဖြစ်ဖြစ်
နောက်ဆုံး သိုင်းပဲဖြစ်ဖြစ်ကွာ သင်ချင်တယ်.......
ဘာလို့လဲကို တိဝူး.....ခုတလော အဲဒါမျိုးတွေကိုပဲ
အထူးတလည်ဓါတ်ကျနေဒယ်........ဟိ
အဲဒါတွေကတော့ သင်ပေးချင်ရင် အချိန်မရွေးပါ..မိုးနတ်က
သိလွယ် တတ်လွယ် သဘောပေါက်လွယ် ဆိုတော့ ဆရာ့ထက်
တပည့်လက်စောင်းထက်မှာ အသေအချာ.......
ဒီတော့ သင်ပေးတဲ့ဆရာလဲ နာဖို့သာပြင်.....အဲလေ ဟုတ်ပါဝူး.....
ဒီနေ့ နေသာတယ် ပြောပါတယ် မခင်သီတာ....:)
ကဲ.....ကဲ မိုးနတ် လိုချင်တာတွေ ဖြစ်ချင်တာတွေကို စာစီပြီး တခမ်းတနားပြောပြနေတာနဲ့ပဲ အားလုံးလဲ ငြီးငွေ့နေပြီထင်ရဲ့.....
ဆုတောင်းပေးပါတယ်ကွယ် ........ချစ်တဲ့ ကိုယ့်ရဲ့
ဘလော့ဂါမောင်နှမတွေလဲ နှစ်သစ်မှာ လိုရာဆန္ဒတွေ
တစ်လုံးတ၀တည်းပြည့်စုံကြပါစေလို့...............
အိမ်း.......အိမ်း.......ကောင်းပြီ.......ကောင်းပြီ
ဒီလိုဆို ဒီမှာပဲ တရားသိမ်း........ :P
( သိက္ခာတော် အပြည့်နဲ့ ဆရာတော်ကြီးလေသံ )

အားလုံးရဲ့ မိုးနတ်ကြယ်စင်
Thursday, December 27, 2012
ချစ်မကြီး မမစံပယ် မွေးနေ့အမှတ်တရ....
စံပယ်....လေ
ရေခြား မြေခြား နိုင်ငံရပ်ခြားမှာ
မိဝေး ဖဝေး ရင်ခွင်ဝေးလျက်
လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေလိုက်ခဲ့တာ...
ခုဆို အမေပေးတဲ့ မွေးနေ့တစ်ခုတောင်
ဖြတ်သန်း ကျော်လွန်မြောက်ခဲ့ပြီလေ...
စံပယ်....ရေ
နောင်လာမဲ့ နေ့သစ်များစွာမှာလဲ
စံပယ်ချစ်တဲ့ လွင်ပြင့်လက်ကို အတူတူတွဲ
ဘ၀အတွက် တိုက်ပွဲဝင်နေရင်းနဲ့
ပျော်ရွှင်စရာ မွေးနေ့များစွာကို
ဖြတ်သန်းနိုင်ပါစေလို့
ဆုတောင်းပေးလျက်......
ချစ်မကြီးရဲ့
ညလေးမိုးနတ်
(နောက်ထပ် ဆုတောင်းမိနေတာ တစ်ခုရှိသေးတယ်.....
ချစ်ကိုကြီးက ပြောတယ်လေ...ဘယ်နေ့မှန်းတော့
သေချာမသိသေးပေမဲ့ သိပ်မဝေးတဲ့ တချိန်ချိန်မှာတော့
မြန်မာနိုင်ငံကို အပြီးပြန်လာဖြစ်မယ်တဲ့......
အဲဒိ အိပ်မက်ဟာ ချစ်မကြီးရဲ့အိပ်မက်လဲ ဖြစ်မယ်ဆိုတာ
ညလေးသိနေတာမို့ အမေစုရှိတဲ့ ချစ်မကြီးချစ်တဲ့
မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ပါစေလို့
ညလေးဆုတောင်းပေးနေပါတယ် မရေ......)
မွေးနေ့မှာ ပျော်ရွှင်ပါစေ “ မ ”
I love u so much and
Get a Happy New Year !!!
Arr bwarr :)))
Sunday, December 16, 2012
ကိုယ်ပြန်လာပြီ.....:)
ဝေးးးးးးးးးးးးးးးးးး ပျော်ထှာ..... နာ့ဘလော့လေးပြန်ဖွင့်လို့ရပြီကွ..... ဟာဟ.......မိုးနတ်မင်းကြီး ပြန်လာပါပြီ.... ထို့ကြောင့် နတ်သားလေးများနှင့် နတ်သမီးလေးများကို ပျော်ပါစေကြောင်း
သတင်းကောင်းပါးအပ်ပါ၏...... ဟိ..... ဘူမှလဲ မေးပဲနဲ့ စွတ်ပြောနေဒယ် ...ဇွတ်.....:P အစကတော့ မိုးနတ်ရဲ့
ဘလော့လေးဖွင့်မရတာနဲ့ ပတ်သက်လို့ ရယ်စရာဟာသလေးစွက်လို့ ပို့စ်လေးတစ်ပုဒ်လောက် ရေးပြီးတင်မလို့ပါ.....(အစကပြောပါတယ်) ခု....မဟုတ်တော့ဘူးနော်..အဲလို..:)
အချိန်ကာလရွေ့လျောလာတာနဲ့အမျှ ကော်နက်ရှင်ကလဲ
မကောင်းတာနဲ့အညီ ရှည်လျားလွန်းသော ထိုပို့စ်ကို တင်ရန်
အကြံကိုလက်လျှော့လို့ ( အင်း......ဘလော့နဲ့ဝေးသွားတာ လ၀က်လောက်ပဲရှိသေးတယ်....လေသံက ခပ်စိမ်းစိမ်း.....အာ......ဟုတ်ပါဘူးးးးးးးး အဲလိုမထင်ကြပါနဲ့
ဘလော့ဂါမောင်နှမတို့ရယ်....အားလုံးကို မိုးနတ်အရမ်းပဲ သတိရနေပါတယ်...ပို့စ်လေးကိုလဲ စိတ်ပါလက်ပါနဲ့ရေးပြီး တင်မယ်ကြံကာမှ လိုင်းကလဲ ၀င်သက်ထွက်သက်..........
တခါတလေဆို လုံး၀၀င်လို့မရတဲ့နေ့တွေတောင် ရှိသေးတယ်...) အဲဒါကြောင့် ဘယ်သူ့ရဲ့ သဘောတူညီမှုမှ မယူပဲ ကိုယ့်တဦးတည်းရဲ့သဘောနဲ့ ပြတ်ပြတ်သားသားကို
ဆုံးဖြတ်ချက်ချလိုက်ပါတယ် ........ဘာတဲ့........ “ အဲဒိအခန်းကျော်လိုက် ” .......ကောင်းကွာ......... ဒါထက် မြန်မာပြည်ရဲ့ ကော်နက်ရှင်နဲ့ ပတ်သက်ပြီး မိုးနတ် စာတိုလေးရေးထားတာရှိတယ်......အားပေးကြအုံးမလား....
fb မှာတော့ တော်တော် like ကြတယ်..
ပြီးတော့ မိုးနတ်ကိုလဲ မေးကြတယ်....“ မင်းက ရက်ပါလေဒီလားဟင်” တဲ့ ......
မိုးနတ်ရွတ်ပြမယ်နော်........
ဟာ............................
ဒီကော်နက်ရှင်ကြီးကလဲ ကျ.....ကျ.....ကျ....
စိတ်ဓါတ်တွေလဲ ကျ.....ကျ......ကျ.....
မြန်မာနိုင်ငံကြီးမှာ လူဖြစ်ရတဲ့ ဒုက္ခ
ဘ၀......ဘ၀......ဘ၀.........................(ဟိ ဘာမှလဲ ဟုတ်ပါဘူး....ကြုံတုန်းတင်ပြလိုက်တာပါ..ဒီလိုပဲ)
ပြီးတော့ လူစုံတုန်း ရှင်းပြစရာ တစ်ခုရှိပါတယ်... ( ဒါကတော့ အတည်ပါ ) တကယ်တော့ ဒီအကြောင်းကို သီးသန့်ပို့စ်
တစ်ခုအနေနဲ့ ရေးပြီး တင်မလို့တောင် စဉ်းစားထားသေးတယ်.... ခုတော့ လူစုံတုန်း ရှင်းပြလိုက်တော့မယ်နော်........
နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်..........
မိုးနတ် ဟိုအရင်ရက်တုန်းက အသဲကွဲနေတယ်လို့ အားလုံးကို မက်ဆေ့ခ်ျပေးဖူးပါတယ်......ကဗျာအောက်နားလေးတွေမှာပါ....... ဟုတ်ပါတယ်........မိုးနတ်တကယ်အသဲကွဲခဲ့ပါတယ်....
ဒါပေသိ.... ဘလော့ဂါမောင်နှမတွေ အားလုံး
ထင်မြင်ယူဆနေကြသလို မိုးနတ်ချစ်သူက မိုးနတ်ကို
အသဲခွဲပြီးထားခဲ့လို့မဟုတ်ပါဘူး......မိုးနတ်တို့ သိပ်ချစ်ရက်နဲ့
မိုးနတ်က ခုချိန်မှာ သူ့ကို မရွေးချယ်နိုင်သေးလို့ မသေချာတဲ့
အချိန်တွေကို မျှော်လင့်စောင့်စားမနေကြပဲနဲ့ လမ်းခွဲဖို့ ပြောလို့ သူက စိတ်ဆိုးပြီး မိုးနတ်နဲ့လမ်းခွဲသွားတာပါ....
အဲဒိအတွက် မိုးနတ်သူ့ကို နဲနဲလေးမှ အပြစ်မတင်ခဲ့ပါဘူး....
မိုးနတ်ဘက်ကအလွန်ကိုး......သူကပြောဖူးတယ် မိုးနတ်မှာ အချစ်ထက်ဦးစားပေးရမဲ့အရာတွေ တော်တော်များတယ်ထင်တယ်တဲ့...
ဟုတ်ပါတယ် မိုးနတ်ကလဲ သိပ်ကိုလောဘကြီးတဲ့ ခပ်ဆိုးဆိုးကောင်မလေးမို့ သူ့လို ရိုးသားအေးချမ်းပြီး
ရောင့်ရဲ့တင်းတိမ်တတ်တဲ့လူတစ်ယောက်နဲ့ ဘယ်လိုမှကို မလိုက်ဖက်ပါဘူး.....တကယ်တော့ ရင်ထဲမှာသူ့ကိုသိပ်ချစ်တာပေါ့
(အဲဒါ အမှန်ကို ၀န်ခံတာ....ပြီးတော့ ဘယ်လိုပြောရမလဲ...)
ဘယ်လိုမှကို မပြောတော့ပါဘူးနော်......ဘာကြောင့်ဆို
သူ့အကြောင်းတွေကို ပြောရတာ ဘယ်တော့မှ မကုန်နိုင်ဘူး
ထင်မိလို့ပါ....ဆက်ပြောရင် မိုးလင်းသွားနိုင်တယ်.....
ဒီကြားထဲ ကွန်က ကျသွားရင် မိမိုးနတ်တို့ ငုတ်တုတ်မေ့ရအုံးမယ်လေ......လိုရင်းကိုပဲ ပြောပါမယ်......
မိုးနတ်တို့ အချစ်က အနေဝေးလွန်းတာနဲ့အမျှ ဖြူစင်ရှင်းသန့်တာနဲ့
အညီ မယုံနိုင်စရာကောင်းလောက်ကို သိပ်ချစ်ကြတယ်....
အဲဒါကြောင့် သူနဲ့ဝေးရတဲ့နောက်မှာ မိုးနတ်သိပ်ခံစားခဲ့ရတာပေါ့......
ပြီးတော့ မိုးနတ်က ကဗျာတွေရေးနေတဲ့သူဆိုတော့ (ကဗျာဆရာမလို့
မပြောဘူးနော်...:) ) ကဗျာရေးတဲ့သူတွေဆိုတာ......
(ပြောရရင် မောင်လေးတစ်ယောက်က မေးဖူးသလိုပေါ့)
အမ.. ကဗျာဆိုတာ ခံစားချက်ရှိမှရေးလို့ရတာမလားတဲ့ ....
အင်း.....အဲဒါလဲမှန်ပါတယ်...ဒါပေမဲ့ အမအတွက်ကတော့
ပတ်ဝန်းကျင်မှာကြုံရတဲ့ အဖြစ်အပျက်လေးတစ်ခု...ရုပ်ရှင်ထဲက ဇာတ်လမ်းလေးတစ်ကွက်.....တခါတခါ ဖတ်မိလိုက်တဲ့ စာတိုလေးတစ်ကြောင်း...တခါတခါ အတွေးလေးတစ်စ ဒါမှမဟုတ်
နားထောင်ဖြစ်လိုက်တဲ့ သီချင်းလေးထဲကလဲ ကဗျာတစ်ပုဒ် ထွက်လာတတ်တယ်လို့ ဖြေလိုက်မိတယ်.....အားလုံးပဲ
ကဗျာရေးဖူးကြတဲ့သူတိုင်း သိကြမှာပါ....တခါတလေ အတွေးလေးတစ်စရမိတာ......ညကြီးမင်းကြီး အိပ်ရာထဲရောက်မှ
စာအုပ်နဲ့ခဲတံ..ကောက်ကိုင်ပြီး ကမန်းကတန်း ထရေးလိုက်ရတယ်
ခုတလောဆို အဲလိုခဏခဏ ဖြစ်တယ်......ဘာလို့လဲ မသိ..........အာရုံဝင်စားမှုများလာလို့ထင်တယ်:P
(မိုးနတ်က ကဗျာရေးရင် ဘောပင်နဲ့ တစ်ခါမှမရေးဘူး......ခဲတံနဲ့ပဲရေးတယ်....
ခဲသားနက်နက်ကလေးနဲ့ ခဲတံလေးရယ်....
အကြမ်းစာအုပ်လေးရယ်ကို အနားမှာအမြဲဆောင်ထားရတယ်......
တကယ့်ဆရာမကြီးလေသံ) ပြောပြတာပါ..
ဟာ.....ပြောရင်းနဲ့ ဆိုလိုရင်းက ပျောက်ပြီး လမ်းကြောင်းက လွဲသွားပြန်ပြီကွာ....တကယ်ပဲ........:)
ပြောချင်တာက မိုးနတ်က ကဗျာတွေရေးဖြစ်နေတဲ့သူဆိုတော့ ကုန်ကြမ်းရတဲ့အခါမှာ (ပြောရရင်....အသဲကွဲတယ် ဆိုတာလဲ
ကုန်ကြမ်းတစ်မျိုးပေါ့နော်....) အဲဒိအခါ ကိုယ်ခံစားရတာကို အခြေခံပြီး ရင်ဘတ်ထဲက စကားလုံးတွေက အရောင်စုံထွက်ကျလာတာပေါ့......
စိတ်ကြည်နူးမိခဲ့ရတာလေးတွေကို ပြန်တွေးမိရင် ကဗျာလေးတွေက
နူးညံ့မယ်......မိုးနတ်တို့ဝေးကွာသွားရတာကို စိတ်မကောင်းဖြစ်မိတဲ့ အခါကျရင် ကဗျာလေးတွေက ကြမ်းတမ်းအက်ရှပြီး ခါးသီးနေမှာပေါ့
တခါတခါ ကဗျာတွေက ခံစားချက်ပြင်းသွားတဲ့ အခါ လူတွေက မေးကြတယ်....မိုးနတ်ချစ်သူက တော်တော်ဆိုးလားတဲ့...
ဟင့်အင်း.......ဆိုးသားဆိုးရင် မိုးနတ်ကသာ ဆိုးတာပဲဖြစ်မှာပါ
သူကတော့ ...........ထားပါလေ.......ခုက စလို့ ရှေ့ကို
မိုးနတ်ပို့စ်တင်တဲ့အခါမှာ “ ကို ” ဆိုတဲ့ ပုရိသ တစ်ယောက်အကြောင်း ထဲ့ရေးတော့မှာ မဟုတ်သလို သူနဲ့ပတ်သက်တဲ့ ကဗျာတွေ အသဲကွဲတဲ့အကြောင်းတွေလဲ ပြည်ဖုံးကားချလိုက်ပါပြီ....
နောက်ဆို စိတ်သစ်လူသစ်နဲ့ပဲ မိုးနတ်နေသွားတော့မှာပါ........
ကဗျာတွေကိုလဲ အရင်ကထက် နှစ်ဆတိုးပြီးရေးလို့
ပို့စ်အသစ်တွေကိုလဲ တစ်ပါတ်တစ်ခါ မှန်မှန်တင်ပေးပါ့မယ်......
အားလုံးကိုလဲ အရမ်းပဲ သတိရနေပါတယ်........
ရေးရင်းရေးရင်းနဲ့ မထင်မှတ်ပဲ ၀န်ခံချက်တွေများပြီး ရင်ဖွင့်စာလို
ဖြစ်သွားတဲ့ပို့စ်လေးကို သီးခံပြီးဖတ်ပေးကြတဲ့ မောင်နှမတွေကို
ကျေးဇူးအများကြီးတင်ပါတယ်.......:)))
(ဖတ်ရတဲ့သူတွေတော့ မသိဘူး.....ရေးသူတော့မယ်.....
ရင်ထဲ တကယ်ကိုပေါ့သွားတယ်ကွယ်...:D)
အားလုံးနဲ့လဲ မတွေ့ရတာကြာပြီမဟုတ်လားရှင်......
ပျော်ရွှင်စရာကောင်းတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေနော်......
Merry Christmaxxxxxxx !!!

အားလုံးရဲ့ မိုးနတ်ကြယ်စင်
Friday, November 30, 2012
အငိုက်မိခြင်း
“ အချစ် ” က လူကို တကယ်ပဲ
တိမ်းညွှတ်ယစ်မူးစေတတ်သလား......?
အထိအတွေ့တွေ မပါ...ပါပဲ
ငါတို့ တစ်ယောက်ကို တစ်ယောက်
စွဲလန်းခဲ့ကြတယ်.......
အကြည့် အငွေ့တွေနဲ့ သာယာမိတဲ့
တင်္ဒဂမှာတော့ သံယောဇဉ်များစွာဟာ
တိုးလို့သာ တွယ်တာနှောင်ရစ်စေခဲ့တယ်...
“ အချစ် ” .......ရယ်
ဆန့်ကျင်ဘက် လူနှစ်ဦးကြား
မွေးဖွားလာခဲ့တဲ့ မင်းကိုလေ
ငါ တကယ်ပဲ အံ့သြမိပါရဲ့.....
“ အချစ် ” ........ကွယ်
ငါတို့နှစ်ဦးကြား ဖြတ်စီးသွားလိုက်တာများ
လျင်မြန်လွန်းတာမို့
ငါ့မှာတော့ တုန်ရီမောဟိုက်
နွမ်းလျလို့သာ ကျန်ရစ်တယ်.......
Saturday, November 24, 2012
ကလေးရေ...
ကလေးရေ.....
အတွေးတွေထဲမှာ ရှင်သန်နေဆဲ
မင်းပုံရိပ်လေးကို မြင်ယောင်မိတိုင်းပဲ
ညညဆို ကိုယ့်မှာ အိပ်လို့မပျော်နိုင်ခဲ့ဘူးကွယ်...
“ ပျော်ရွှင်ခြင်း ” ဆိုတဲ့
ကလေးနဲ့ပတ်သက်တဲ့ ရင်ခုန်သံကို
ကိုယ့်ရင်တစ်ခုလုံးနဲ့ အပြည့် စိုက်ပျိုးထားချင်လို့
“ ကြင်နာခြင်း ” ဆိုတဲ့ မျိုးစေ့လေးကို
ကိုယ့်နှလုံးသားအောက်ခြေမှာ
ကလေးက လာကြဲပေးပါတော့လားကွယ်.....
ချစ်တယ်.....ချစ်တယ်......ကလေးလေးရယ်.......
ဒါဟာ ဘယ်အချိန်မှာပဲမေးမေး
မပြောင်းလဲနိုင်တဲ့ အဖြေတစ်ခုဖြစ်သလို
ကိုယ့်အသက်ရှင်သန်နေသရွေ့လဲ
တည်မြဲနေမဲ့ အရာတစ်ခုပါပဲ.....
ကလေးကို ကိုယ်က ထားရစ်ခဲ့ဖို့ဝေးလို့
ကလေးက ကိုယ့်ကို စွန့်ပစ်သွားမှာကိုတောင်
ကိုယ်က သိပ်ကြောက်နေမိတာပါ ကလေးရယ်.....
မေတ္တာတရား ဆိုတာလေ...
သိမ်မွေ့နက်ရှိုင်းပြီး ထုထည်ကြီးမားလွန်းတာမို့
တခါတခါ ကလေးနားလည်အောင် ပြောပြဖို့...
ကိုယ်ဟာ စကားလုံးတို့ ပျောက်ရှနေတတ်လို့.....
ကလေးကရော......မကြာမကြာ
ကိုယ့်အပေါ် ဆိုးနွဲ့နိုင်လွန်းတာဟာ
ကိုယ့်ကို ချစ်လွန်းလို့ပဲလားဟင်....?
ကိုယ့်မှာတော့ စိတ်ကူးယဉ်အိပ်မက်တွေ
မက်ပြီးရင်းမက်.........ဒီလိုနဲ့........ .........
တွေဝေမနေပါနဲ့တော့ ကလေးလေးရယ်
ကိုယ့်နှလုံးသားကို စီရင်အုပ်ချုပ်
ကိုယ့်ဘ၀ကို ခြယ်လှယ်မင်းလုပ်ဖို့
ကိုယ့်ရင်ခွင်တံခါးလေး တွန်းဖွင့်လို့
အထီးကျန်နေတဲ့ ကိုယ့်ဘ၀လေးဆီ
ကလေးလေး......လာခဲ့ပါတော့လားကွယ်......
Monday, November 19, 2012
ပြန်မလာနဲ့
လေးနက်တဲ့ ကဗျာတစ်ပုဒ်လို
မင်းမျက်နှာလေးကို ခံစားပြီးရင်းခံစားလို့
နူးညံ့တဲ့ စကားလုံးတစ်ချို့ကို
ငါ့နားထဲမှာ ပြန်ကြားပြီးရင်း ပြန်ကြားလို့
ငါ့မျက်ရည်တွေ မြစ်လိုစီး...
ငါ့သောကမီးတွေ ပင်လယ်လောက်ကြီးမှ
မင်းက ကျေနပ်နိုင်မှာလား ချစ်သူ....
ဒဏ်ခတ်တယ် ဆိုရင်လဲ တော်လောက်ရောပေါ့...
ဝဋ်ကြွေး ဆိုတာရှိခဲ့ရင်လဲ ကြေပါစေတော့...
နေသာသလိုသာ နေလိုက်ပါ....
ငါက နင့်အတွက် အစကတည်းက
ဘာဆိုဘာမှ မဟုတ်ခဲ့တဲ့ကောင်ပါ...
ငါသိတာပေါ့.......
နင့်မျက်ဝန်းတွေ အရင်လိုမဟုတ်ပဲ
ငါ့အပေါ် စိမ်းနေခဲ့တာ...
နင့်စိတ်အစဉ်ဟာ....
လေနှင်ရာလွင့်တဲ့ သစ်ရွက်တွေလို
ငါမဟုတ်ပဲ တခြားတစ်ယောက်ဆီမှာ
ယိမ်းနေခဲ့တာ.....
တိမ်းညွှတ်လွယ်လှချည်ရဲ့ လို့လဲ
အပြစ်မတင်ချင်တော့ပါဘူး....
ဖြစ်တတ်တဲ့ သဘောတွေမို့
ငါနားလည်လက်ခံပေးလို့ ရပါတယ်
တခုပဲ.....
ငါ့ဘ၀ကို ဆုတ်ဖြဲ...
ရက်စက်စွာနဲ့ ငါ့ကို...
ချန်ရစ်လို့ ထားခဲ့ပြီးမှတော့...
ပြန်ဆက်ဖို့ ကြိုးစားနေတဲ့
ငါ့နှလုံးသားကို မင်း.....
ဒဏ်ရာတွေ ထပ်ပေးဖို့
မကြိုးစားပါနဲ့တော့..............
Saturday, November 3, 2012
တီတင့်တို့ ပုလဲရတုအတွက် တတ်အားသရွေ့အမှတ်တရ
လှိုင်းကြမ်းရေဆန် မုန်တိုင်းထန်လဲ
အန္တာရာယ်မမှု လောကဓံကိုအံတုလို့
ရင်ဆိုင်ဖြတ်သန်း ဘ၀ခရီးလမ်းဝယ်
လန်းသည်လဲရှိမယ် ပန်းသည်လဲရှိမယ်...
တခါတခါ ကြမ်းပါသော်လည်း
နွမ်းတာကိုလဲ မမှုတယ်......
တယောက်လက်ကို တယောက်တွဲ
အကြင်နာတွေ ခိုင်မြဲလို့
နားလည်မှုတွေ ဖေးကူ
အပေးအယူတွေ မျှခဲ့တယ်....
နောင်အနာဂတ်များစွာမှာလဲ
သက်ဆုံးတိုင် ဘ၀ပန်းတိုင်
လျှောက်လှမ်းနိုင်ဖို့ ရည်မှန်းရင်း
နှစ်ကိုယ်တူ ကြည်ဖြူစွာ
လျှောက်ခဲ့တဲ့ လမ်းထု
မှန်းစုလို့ ပြန်လည်ကာ
တမ်းတမိတော့......
ဟိုဝေးဝေး ခပ်လှမ်းလှမ်း
တနေရာက အစပြုလို့
လက်ရှိ ဒီနေ့....ဒီရက်
ဒီ....အချိန်အခါလေးမှာ
နှစ် ( ၃၀ ) ဟု
ပုလဲရတု မင်္ဂလာမြောက်ခဲ့ပြီကွယ်.....
( မနေ့ကမှ မိုးနတ်လိုင်းပေါ်ကို ပြန်ရောက်လာတာမို့. ဒီနေ့မှ အပြေးအလွှား ကဗျာရေးလို့.. အမှတ်တရ
အဖြစ်တင်လိုက်ရပါတယ် တီတင့်ရေ..နောက်တော့ကျသွားတယ်နော်...:P )
Friday, November 2, 2012
ဒီလိုပဲ ...အားတင်းပြီး...ဆက်လျှောက်
ပန်းတိုင်မရှိပဲ ခရီးဆက်နေရတဲ့ဘ၀မှာ
လမ်းကလဲ အမြဲလိုလိုပျောက်ပျောက်နေတတ်လို့
အားငယ်စိတ်နဲ့ စိုးရိမ်သောကတွေဟာ
အိပ်ပျက်ညတွေရဲ့ ခြေရာ ...( ဒီလိုနဲ့ )
ငါ့ဘ၀မှာ အနှုတ်လက္ခဏာဆောင်နေတဲ့ ညတွေ
တဖြေးဖြေးနဲ့ များများလာခဲ့ပြီလေ
ဧပရယ်ရေ.......
ငါတို့တွေ့ခဲ့ကြတဲ့ နောက်ဆုံးနေ့ကလိုပါပဲ
မြင်မြင်ရာ နေရာတိုင်းမှာ
ခြောက်သွေ့ခြင်းတွေနဲ့ လေးလံထိုင်းမှိုင်း.....
အပြိုင်းပြိုင်းကျနေတဲ့ ပင်အိုကြီးတွေ..........
ဖေးကူ ကယ်ဆယ် ကောက်ယူမဲ့သူ
ကင်းမဲ့နေတဲ့ မြေပြင်ပေါ်က ရော်ရွက်ဝါလေးတွေ......
နွေရဲ့သရုပ်ကို အစွမ်းကုန် အံထုတ်
ဖော်ထုတ် ပြသနေကြလေရဲ့......
ကျွန်တော့်ရှေ့မှာ မြင်နေရတဲ့
ပစ္စုပ္ပုန်ဆိုတာကြီးကို ခဏလောက်ဖြစ်ဖြစ်
ကျွန်တော် မေ့ထားလိုက်ချင်တယ်ဗျာ..
အနာဂတ်ဟာ မိုးလိုစိမ်းစိုနေမလား
ဆောင်းလိုပဲ အေးခဲနေမလား
ကြိုတင်မမြင်နိုင်သေးတဲ့ အနာဂတ်ကို
စိတ်ကူးနဲ့ မှန်းမျှော်ကြည့်ရတာ
တခါတခါ ရင်ခုန်စရာတော့ အကောင်းသားဗျ....
ဘ၀ဆိုတာ ရာသီတိုင်းပွင့်တဲ့ ပန်းလိုမဟုတ်ဘူး....
လင်းတလှည့် မှိန်တခါ
ကြွေတလှည့် ကြက်တခုန်
လောက ဇာတ်ခုံပေါ်မှာ
အဖုံဖုံ ကရချည်သေးရဲ့.....
နောက်ဆုံးကားလိပ် မချခင်အထိတော့
ငါဟာ ဒီကမ္ဘာမြေပေါ်မှာ
ရှင်သန်နေဆဲ လူတစ်ယောက်ပါပဲ....
( ဒါကတော့ ကျန်နေသေးတဲ့..မိုးနတ်ရဲ့ ချစ်ကိုကြီး အကိုလွင်ပြင်အတွက်...အမှတ်တရကဗျာလေးပါ
အကို့ကို ကျေးဇူးဆပ်ချင်နေတာ ကြာခဲ့ပါပြီ......မိမိုးနတ်ကလဲ ရေးတတ်တာ ဒါပဲရှိတာမို့...
နောက်တစ်ခေါက်မှ ဒိထက်ကောင်းအောင်ရေးပေးမယ်နော် ချစ်ကိုကြီး....ညလေးဘလော့လေးကို
ပထမဆုံးလာပြီး အားပေးခဲ့တဲ့ အရင်ဆုံးမန့်ခဲ့တဲ့ အကိုတော်ရဲ့ ကျေးဇူးကို ညလေးဘယ်တော့မှမမေ့
ပါဘူး.... အကိုပေးခဲ့တဲ့ ခွန်အားတွေကြောင့် မိုးနတ်ခုလိုရှေ့ဆက်နိုင်ခဲ့တာပါ...ချစ်မကြီးနဲ့ ချစ်ကိုကြီးကို
အမြဲသတိတရရှိနေပါတယ်....ကျန်တဲ့ဘလော့ဂါမောင်နှမတွေကိုလဲ မိုးနတ်အရမ်းသတိရနေတယ်..
ပြီးခဲ့တဲ့ လေးငါးရက်က မိုးနတ် အစီအစဉ်မရှိပဲ ဗြုန်းစားကြီး ခရီးထွက်လိုက်ရလို့ အားလုံးကို ပြောခဲ့ချိန်
တောင်မရလိုက်ဘူး....ခုတော့ မိုးနတ်ပြန်လာပြီး....အသစ်တွေဆက်တိုက်တင်တော့မှာပါ......
ကျန်းမာရေးကောင်းအောင်လဲ အထူးကြိုးစားနေကြောင်း သတင်းကောင်းပါးလိုက်ပါရစေ.....:P
မိုးနတ်ကို အမြဲအားပေးခဲ့တဲ့ မောင်နှမတွေကို အရမ်းကျေးဇူးတင်ပါတယ်....
ခုတလော မိမိုးနတ်တစ်ယောက် အသဲကွဲနေတာမို့...ရှေ့လျှောက်ပြီး ပို့စ်အသစ်တွေတင်ရင်
နားညည်းဖို့သာ ပြင်ထားပါတော့ဗျို့.......
အကိုလွင်ပြင်ရေ......ကဗျာလေးက အဓိပါယ်မကောင်းဘူးလို့ ထင်ရပေမဲ့....စာသားတွေကိုအာရုံမထားပဲ
ကဗျာသဘောကိုသာ ခံစားကြည့်ပေးဖို့ မိုးနတ်တောင်းပန်ပါတယ်နော်......အမှားပါသွားရင်ခွင့်လွှတ်ပါရှင်..)
Thursday, October 25, 2012
မောင့်အတွက် ကျွန်မရဲ့ကဗျာ
ယဉ်ကျေး ရည်မွန်တယ်
ပွင့်လင်း ဖော်ရွေတယ်
ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံနဲ့ သူက
တခါတခါ အိပ်မက်လှလှတွေကိုလဲ
ပေးတတ်သေးတယ် (နောက်ပြီး)
ဘယ်တော့မဆို နွေးထွေးတဲ့
သူ့ရဲ့ ရင်ခွင်ဟာလဲ ကျွန်မအတွက်တော့
မိုးကောင်းကင်ကြီး တစ်ခုလောက်ကိုဖြစ်ခဲ့ပါတယ်
ချစ်တယ် မောင်ရယ်......
သာယာလွန်းတဲ့ မောင့်အသံကို
ကြားနေရတဲ့ တင်္ဒဂ
ဒိထက်ပိုပြီး ပြည့်စုံတဲ့ ဘဝ
မရှိနိုင်တော့ဘူးလို့တောင် ထင်ခဲ့မိပါတယ်
မြတ်နိုးမိတယ် မောင်ရယ်.......
တည်ကြည်လွန်းတဲ့ မောင့်မျက်နှာကို
ငေးနေမိတဲ့ တခဏ
မောင်ကလွဲပြီး ဘယ်သူ့ကိုမှလဲ
ရင်မခုန်ချင်တော့ပါဘူးကွယ်
ကြယ်စင်တွေကို တိုင်တည်ပြီးပြောအုံးမယ်
လမင်းကြီးလဲ ကျွန်မသစ္စာကို ယုံကြည်ပေးသင့်ပါတယ်
တကယ်တော့ ကျွန်မချစ်သူဟာ
ကြည်ကြည်သန့်သန့်လေး (ပြီးတော့)
တည်တည်ခန့်ခန့်လေး (နောက်ပြီး )
နွေးထွေးတဲ့ သူ့ရဲ့ ရင်ခွင်မှာလဲ
ကျွန်မတစ်ယောက် ခိုလှုံမှေးစက်ချင်ပြီကွယ်
( ချစ်ကိုကြီး အကိုလွင်ပြင်နဲ့ ချစ်မကြီး မမစံပါယ်တို့ရဲ့ (၇) နှစ်မြောက်အမှတ်တရနေ့လေးကို မိုးနတ်
နေမကောင်းလို့ လိုင်းပေါ်မရောက်တာနဲ့ မသိခဲ့ရပါဘူး...အဲဒိအတွက် အမှတ်တရအနေနဲ့ နှစ်ယောက်စလုံး
နဲ့သက်ဆိုင်တဲ့ ကဗျာလေးရေးပေးချင်ပေမဲ့ အရင်အခေါက်က မိုးနတ် တင်ထားတဲ့ “ အဖော်မွန်” ကဗျာလေး
လဲရှိနေတာမို့ တစ်ယောက်ချင်းစီအတွက်ပဲ ကဗျာတွေ ရေးပေးတော့မယ်လို့ စိတ်ကူးရမိပါတယ်..
အမှန်တော့ အရင်ကတည်းက ကဗျာလက်ဆောင်ရေးပေးဖို့ စိတ်ကူးရှိခဲ့တာပါ...အဲဒါကြောင့်အကိုလွင်ပြင်ရဲ့ သဲဘုစု အတွက် အရင်ရေးပေးလိုက်ပါတယ်....အဟိ......ချစ်ကိုကြီးအတွက် ချစ်မကြီးထက် အရေးတကြီးနဲ့ ဦးစားပေးတဲ့အရာမရှိဘူးဆိုတာ ညလေးသိတယ်နော်....ချစ်ကိုကြီးရေ....ညလေး အလိုက်သိတယ်ဟုတ်..
ချစ်မကြီးလဲ ညလေးရေးပေးတဲ့ ကဗျာလေးဖတ်ပြီး သဘောကျနှစ်သက်နိုင်ပါစေ...
ချစ်မကြီးနဲ့ ညလေးနဲ့ကတော့ ရင်ဘတ်ချင်းညီမယ်လို့တော့ ထင်တာပဲမရယ်....
ကျန်တဲ့ ဘလော့ဂါမောင်နှမတွေလဲ အားလုံးကို မိုးနတ်အရမ်းကို သတိရနေတယ်...
ပြန်ကြည့်တော့ မတွေ့ကြတဲ့ ရက်စွဲတွေက သိပ်မကြာသေးသလိုပဲ....
ဒါပေမဲ့ မိုးနတ်စိတ်ထဲမှာတော့ သိပ်ကြာလွန်းတယ်....
ကြိုးစားပြီးတော့ မိုးနတ်ပြန်လာနေပါပြီ.....ဒါပေမဲ့ မိုးသူပြောသလို ကွန်ပြူတာကို အာသာပြေရုံလောက်
သုံးမှ မိုးနတ်ခေါင်းက သက်သာမှာမို့ ဟင့်....ဟင့်......နဲနဲတော့ ငိုချင်နေတာအမှန်ပဲ....ဟဲ..ဟဲ
ဘယ်သူမှလဲ ချော့မဲ့သူရှိဘူးကွာ......ဟာ....ဟာ ရင်နာတယ်.....)
Thursday, October 18, 2012
တကိုယ်ရေည
ခန်းဆီးလိုက်ကာစတွေ အရောင်မှိန်
အိမ်အိုလေးလဲ ဟောင်းခဲ့ချိန်
မပြောင်းလဲပဲ အရင်အတိုင်း ရှိနေတာက ငါ့နှလုံးသား
မင်းအကြောင်း တွေးလိုက်တိုင်း
ရင်ခုန်လှုပ်ရှား နေတုန်းပါပဲလား
မီးလင်းဖို နွေးနွေးလေးဘေးမှာ ထိုင်ငေးရင်း
အမှတ်မရှိနိုင်လွန်းတဲ့ ကိုယ့်နှလုံးသားကို
ကိုယ်သာ အပြစ်တင်နေမိတော့တယ်
ကမ္ဘာဆုံးသွားတောင် ဆုံးသေးမယ်
မထင်တဲ့ ငါ့အချစ်တွေ
ဟိုစဉ်ကလိုပဲ ပျိုရွယ်နေဆဲ
သစ်လွင်တောက်ပ လတ်ဆတ်နေဆဲပဲ
အားလုံးဟာ အသစ်..အသစ်
ဟိုစဉ်ကလိုပဲ မင်းအနမ်းတွေဟာ အသစ်...အသစ်
ရီဝေယစ်မူး အထိအတွေ့တွေဟာ အသစ်... အသစ်
သံစဉ်ချိုတဲ့ အပြာရောင်အိပ်မက်တွေဟာ အသစ်...အသစ်
မင်းအချစ်တွေသာ အသစ်ဖြစ်မလာတာ ဆိုးရွားလွန်းလှတယ်
ဥပေက္ခာ နှလုံးသားကို အစိမ်းရောင်ခြယ်
သံမဏိလို သဘောထားကို
မင်းဦးနှောက်မှာ ကိုင်စွဲလို့ထားမှတော့
ဒီညလဲ တကိုယ်တော် အိပ်မက်ကိုပဲ
ငါ ဆက်မက်နေရအုံးမယ်ထင်ပါတယ်
( မမရိုးမြေကျ ပြောသလို စာတွေအဆက်ပြတ်သွားမှာ စိုးလို့သာတင်ရတယ် ..မိုးနတ်ကွန်ပြူတာကို မကြည့်
နိုင်သေးပါဘူး..ခု အသစ်တစ်ပုဒ်တင်ဖို့တောင် မနဲ အားတင်းပြီး ကွန်ပြူတာကို ကြည့်ရပါတယ် အဲဒါကြောင့် နေကောင်းမှ အိမ်တွေလိုက်လည်ရင်း စာကြွေးတွေဆပ်ပါရစေနော်..မိုးနတ်ကို
နားလည်ပေးပါရှင်.....အားလုံးကို သတိရနေပါတယ်နော်.........အားလုံးရဲ့ မိုးနတ်ကြယ်စင် )
Saturday, October 13, 2012
အဖော်မွန်
မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရတဲ့ မင်းဟာ
ကိုယ့်ဘ၀ရဲ့ အလင်းရောင်လေးပဲလား...?
ကိုယ်ဟာ မင်းဘ၀ရဲ့
မိုးသောက်ကြယ်လေး ဖြစ်ခဲ့မယ်ဆို
မင်းဟာလဲ ကိုယ့်ဘ၀ရဲ့
မျှော်လင့်ချက် အလင်းရောင်
မီးရှုးတန်ဆောင်လေးပါပဲ
မင်းက ဂစ်တာတီးပြီး
သီချင်းတွေ ဆိုနေတုန်း....
ကိုယ်က မင်းရဲ့ဘေးနားမှာ အားပေးလို့
မင်းလဲကျ ရှုံးနိမ့်ချိန်မှာ ကူညီဖေးမမဲ့သူဟာလဲ
ကိုယ်ပဲဖြစ်ရပါစေမယ်
ကိုယ်တို့ နှစ်ဦးစလုံးရဲ့ ဘ၀ဟာ
ပျော်ရွှင်ကြည်နူးနေတဲ့ အချိန်မှာပဲဖြစ်ဖြစ်
ကြေကွဲဝမ်းနဲနေရချိန်မှာပဲ ဖြစ်ဖြစ်
အမြဲမခွဲပဲ လက်တွဲအတူတူ ရှိနေကြမယ်နော်
ဒီကဗျာလေးက ရေးထားတာ တော်တော်ကိုကြာနေပြီ...ပြောရရင် ကဗျာရေးတတ်ခါစကလက်ရာလေးပါ..
( အမှန်တော့ ကဗျာအသစ်တွေရေးထားတာ အများကြီးရှိပါတယ်...ဘလော့ဂါမောင်နှမတွေကိုလဲ
ပေးဖတ်ချင်တာတွေ အများကြီးပါပဲ...ဒါပေမဲ့ ဒီရက်ထဲ မိုးနတ် စိတ်လေနေလို့..ပြီးတော့ ကွန်ပြူတာကို
ကြာကြာကြည့်ရင်လဲ ခေါင်းကမူးမူးနေလို့...အိမ်တွေလဲ သိပ်မလည်နိုင် ပို့စ်သစ်တွေလဲ တင်ချင်စိတ်မရှိ
ဖြစ်နေရပါတယ်...အားလုံးနားလည်ပေးကြပါနော်...မတွေ့ကြပေမဲ့ အားလုံးကိုသတိတရရှိနေကြောင်းပါရှင် )
Wednesday, October 10, 2012
* ရူးသွပ်ရင်ဖြစ်မယ် * ဆရာဝေမိုးနိုင်ရဲ့ (တဂ်ပို့စ်)
ဆရာ့ရဲ့ တဂ်ပို့စ်ခေါင်းစဉ်လေးကို ဖတ်ပြီး မိုးနတ်အဖြစ်နဲ့ တူနေပါရောလားလို့ ပထမဆုံးတွေးမိတယ်..
အဲဒိလိုတွေးလိုက်မိလို့လဲ ဆရာ့ရဲ့ တဂ်ပို့စ်လေးကို တခြားသူတွေလို ဗဟုသုတရစရာ အတွေ့အကြုံ အသိအမြင်တွေနဲ့
တန်ဆာဆင်ပြီးရေးမဲ့အစား မိုးနတ်ကိုယ်တိုင်ရဲ့
အဖြစ်အပျက်လေးနဲ့ပဲ ချရေးပြမယ်လို့
အဖြစ်အပျက်လေးနဲ့ပဲ ချရေးပြမယ်လို့
စိတ်ကူးရမိတယ်.....( မိုးနတ်က အဲလောက်မှ
ဝမ်းစာမပြည့်သေးတာ၊ အဲဒါကြောင့် ပါးနပ်စွာနဲ့
ဝမ်းစာမပြည့်သေးတာ၊ အဲဒါကြောင့် ပါးနပ်စွာနဲ့
ကိုယ်ရေးနိုင်မဲ့ အကြောင်းအရာလောက်နဲ့ပဲ ဘလော့ဂါမောင်နှမတွေဆီ ပေးဖို့ရည်ရွယ်တာပါ.....
တကယ်ကတော့ လူလည်ကျလိုက်တာပေါ့နော်.....:P) ထားပါလေ.....အကြောင်းအရာ ခေါင်းစဉ်လွဲသွားအုံးမယ်...
တကယ်ကတော့ လူလည်ကျလိုက်တာပေါ့နော်.....:P) ထားပါလေ.....အကြောင်းအရာ ခေါင်းစဉ်လွဲသွားအုံးမယ်...
ပထမဆုံး မိုးနတ်ကဗျာတွေ ရေးဖြစ်လာပုံက စပြောမယ်နော်... ဆန်းတော့လဲ ဆန်းကြယ်သား..ဘာကြောင့်ဆို...ငယ်ငယ်ကတည်းက စိတ်ကူးယဉ်တတ်မှာစိုးလို့.... အဖေက အချစ်ဝတ္ထုတွေ ပေးမဖတ်ပဲ
အောင်မြင်ရေး.. စီးပွားရေး..ကြီးပွားရေးစာအုပ်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ မိုးနတ်က အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်ကဗျာတွေ
ရေးတတ်လာတာ ရေးဖြစ်လာတာကိုပါ......ဒါပေမဲ့လဲ အချစ်နဲ့ပတ်သက်လာရင် လူတိုင်း လူတိုင်းဟာ တချိန်မဟုတ် တချိန်မှာတော့ လွမ်းဖူးကြတာပဲလေ...မိုးနတ်လဲ လူထဲက လူတစ်ယောက်ဆိုတော့ ရင်ခုန်သံမပါပေမဲ့လဲ
အချစ်လို့မမည်ပေမဲ့လဲ သံယောဇဉ်ကြောင့် လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း လွမ်းဖူးတယ်...
အဲဒါလဲ သေချာတွေးကြည့်ရင် ဆန်းတော့မဆန်းဘူးထင်တာပဲ..
အဲဒိနေ့က စတာပဲ....ခုလိုပဲ မိုးသဲသဲမဲမဲ ရွာနေတဲ့တစ်နေ့မှာပေါ့...
အဲဒိနေ့က စတာပဲ....ခုလိုပဲ မိုးသဲသဲမဲမဲ ရွာနေတဲ့တစ်နေ့မှာပေါ့...
အဲဒိနေ့က လွမ်းလိုက်တာ သူ့ကိုလေ...ပြောမပြတတ်အောင်ကို
လွမ်းတယ်.....ရွာနေတဲ့ မိုးတွေကိုကြည့်ပြီး စာရွက်ဖြူဖြူလေးပေါ်ချရေးလိုက်တာ မထင်မှတ်ပဲ
ကဗျာလေးတစ်ပုဒ် ဖြစ်သွားတယ်....အဲဒိနေ့မှာပဲ ကဗျာတွေကိုလဲ စွဲလန်းသွားခဲ့တယ်.....စစချင်းတော့ မိုးနတ်ရဲ့ ကဗျာတွေက လူတစ်ဦးတစ်ယောက်အတွက်ပဲ သီးသန့်လိုလို ဖြစ်ခဲ့တယ်
နောက်ပိုင်းကျတော့ တဖြေးဖြေး ရေးရင်းရေးရင်း

ကိုယ့် ၀ါသနာပါရာ ဘူမိနက်သန်ဟာ ကဗျာတွေ
စာတွေပါလားဆိုတာ အံ့သြစွာနဲ့ သိခဲ့ရတယ်.......
စာတွေပါလားဆိုတာ အံ့သြစွာနဲ့ သိခဲ့ရတယ်.......
ဝမ်းသာလိုက်တဲ့ ဖြစ်ချင်း......ကိုယ့်ဘာသာကိုယ် ရှာဖွေတွေ့ရှိသွားလို့လေ......အဲဒါသိပ်အရေးကြီးတယ်..
ကိုယ့်ဘာသာကိုယ် ဘာဖြစ်ချင်လဲ မသေချာတဲ့သူဟာ ဘယ်အောင်မြင်မှုမျိုးကိုမှ ဆုပ်ကိုင်နိုင်မှာမဟုတ်လို့ပါ
ကိုယ့်ဘာသာကိုယ် ဘာဖြစ်ချင်လဲ မသေချာတဲ့သူဟာ ဘယ်အောင်မြင်မှုမျိုးကိုမှ ဆုပ်ကိုင်နိုင်မှာမဟုတ်လို့ပါ
မိုးနတ်ပြောတာတွေက သိပ်များကြီးကျယ်သွားပြီလား...
ဆက်ပြောပြမယ်နော်....အဲဒိကတည်းကမိုးနတ် အောင်မြင်တဲ့
ဆက်ပြောပြမယ်နော်....အဲဒိကတည်းကမိုးနတ် အောင်မြင်တဲ့
စာရေးဆရာမတစ်ယောက်ဖြစ်ချင်ခဲ့တယ်......ဒါပေမဲ့လဲ မမျှော်မှန်းရဲသေးတဲ့ အခြေအနေမို့ ဒီလိုပဲ တစ်ယောက်ထဲ
ကျိတ်ပြီး ကဗျာတွေရေးရင်း ကိုယ့်ဝါသနာကို ဆက်လက်မွေးမြူခဲ့တယ်......တစ်ခုလောက်
ဖြတ်ပြောပါရစေနော်......မိုးနတ်အဲလောက်ထိ နိဒါန်းချီနေရတာ လုံလောက်တဲ့ အကြောင်းအရင်းရှိပါတယ်....
ပြောခဲ့ဖူးသလိုပါပဲ......မိုးနတ်က အိမ်ရဲ့စီးပွားရေးထဲမှာ စည်းကမ်းကြီးတဲ့ အဖေရဲ့ လမ်းကြောင်းပေးမှုကို ငယ်ငယ်ကတည်း ခံခဲ့ရတော့ သူများတွေလို ဆရာဝန်မှ အင်ဂျင်နီယာမှ ဘာမှ ညာမှရယ်လို့ အတွေးမရှိခဲ့ဘူး.....မိုးနတ်တို့မိဘတွေက အခုလောက်အခြေအနေရောက်အောင်တောင်

အောက်ခြေကစခဲ့ရတာဆိုတော့ မိုးနတ်တို့ကိုလဲ
ပြည့်စုံစေချင်တယ်......တတ်နိုင်သရွေ့ပေါ့နော်..
(အဲလိုဆန္ဒမျိုးကတော့ မိဘတိုင်းမှာ ရှိတာပါ.....
အထူးပြောစရာမလိုပါဘူးလေ).......
အဲ.......ဒါပေမဲ့ ပြောချင်တာက မိုးနတ်ကိုယ်တိုင်လဲ
ပြည့်စုံစေချင်တယ်......တတ်နိုင်သရွေ့ပေါ့နော်..
(အဲလိုဆန္ဒမျိုးကတော့ မိဘတိုင်းမှာ ရှိတာပါ.....
အထူးပြောစရာမလိုပါဘူးလေ).......
အဲ.......ဒါပေမဲ့ ပြောချင်တာက မိုးနတ်ကိုယ်တိုင်လဲ
ငါကြီးလာရင် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ဖြစ်ရမယ်လို့ပဲ ကိုယ့်ကိုယ်ကို တွေးခဲ့တာ.......တွေးခဲ့တဲ့ အတိုင်းလဲ ထိုက်သင့်သလောက်တော့ ဖြစ်နေပြီလို့ပြောလို့ရပါတယ်...
ဒါပေမဲ့ ကဗျာတွေ စာတွေကို တစိုက်မတ်မတ်ရေးဖြစ်မယ်လို့တော့
ယောင်လို့မှတောင်မတွေးခဲ့ဖူးတာပါ.....အဲဒါက ပထမဆုံး
ဒါပေမဲ့ ကဗျာတွေ စာတွေကို တစိုက်မတ်မတ်ရေးဖြစ်မယ်လို့တော့
ယောင်လို့မှတောင်မတွေးခဲ့ဖူးတာပါ.....အဲဒါက ပထမဆုံး
မိုးနတ်ရူးသွပ်ခဲ့တဲ့ အချက်နဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ အကြောင်းပေါ့........နောက်တစ်ချက်က ဘလော့နဲ့ပတ်သက်ပြီးတော့ပါ......ကဗျာတွေ အတော်
များများလဲရေးဖြစ်လာပြီ......ပြီးတော့ ကိုယ့်ကဗျာလေးတွေကိုလဲ
များများလဲရေးဖြစ်လာပြီ......ပြီးတော့ ကိုယ့်ကဗျာလေးတွေကိုလဲ
အမှတ်တရအနေနဲ့စုစည်းထားချင်ပြီ......သယ်ရင်းတွေကိုလဲ ချပြချင်လာပြီဆိုတဲ့ အခါမှာ မိုးနတ်က FB ထက် ဘလော့ကို အရင်ဦးဆုံးစိတ်ဝင်စားမိပါတယ်.....ဘာကြောင့်ဆို မိုးနတ်အဖေ၀ယ်လာပေးတဲ့ အဆင့်မြင့်အင်တာနက်
အသုံးပြုနည်းဆိုတဲ့ စာအုပ်လေးထဲမှာ ဘလော့တစ်ခုကို အခမဲ့ဖန်တီးနိုင်တယ် ဆိုတာသိရတော့
ကိုယ်ပိုင်ဘလော့လေးဖွင့်ချင်မိတယ်......သူက သီးသန့်ဖြစ်တယ်လေ...အဲဒါကြောင့် အခွင့်အရေးရတဲ့ တနေ့မှာ
မိုးနတ်ကြိုးစားပြီး ဘလော့လေးကို လုပ်ဖြစ်ခဲ့ပါတယ်....
အဲဒိရက်မှာမှ လိုင်းတွေကလဲ မကောင်းဘူးရှင်...ဒါပေမဲ့ မိုးနတ်ကံကောင်းပါတယ်.....ဖွင့်ဖွင့်ချင်း မိုးနတ်ဘလော့လေးကို
အဲဒိရက်မှာမှ လိုင်းတွေကလဲ မကောင်းဘူးရှင်...ဒါပေမဲ့ မိုးနတ်ကံကောင်းပါတယ်.....ဖွင့်ဖွင့်ချင်း မိုးနတ်ဘလော့လေးကို
ပိုင်ဆိုင်ခွင့်ရခဲ့တယ်...ပြီးတော့ စီနီယာ ဘလော့ဂါမောင်နှမတွေနဲ့လဲ ခင်မင်ခွင့်ရခဲ့တယ်......သူတို့တွေရဲ့ ဖေးမမှုတွေနဲ့
မိုးနတ်အိမ်လေးက ခုလို ရှင်သန်နေနိုင်တာပါ.....
ဆရာဝေမိုးနိုင်ကတော့ထင်မယ်......
ဆရာဝေမိုးနိုင်ကတော့ထင်မယ်......
ဘလော့မှာ စာရေးတာ ကဗျာရေးတာများ အဆန်းလုပ်လို့ပေါ့.....
အဲဒါက အခွင့်အရေးရတဲ့ လူတစ်ချို့အတွက်ပေါ့.....
စာရေးဆရာဆိုတဲ့ ကိုယ်ပိုင်နံမည်တစ်ခုနဲ့ ရပ်တည်နေကြတဲ့
လူနဲစုအတွက်ပေါ့.....မိုးနတ်တို့လို စာပေနဲ့နီးစပ်ပေမဲ့
အဲဒါက အခွင့်အရေးရတဲ့ လူတစ်ချို့အတွက်ပေါ့.....
စာရေးဆရာဆိုတဲ့ ကိုယ်ပိုင်နံမည်တစ်ခုနဲ့ ရပ်တည်နေကြတဲ့
လူနဲစုအတွက်ပေါ့.....မိုးနတ်တို့လို စာပေနဲ့နီးစပ်ပေမဲ့
စာပေနဲ့ အသက်မွေးဝမ်းကျောင်းအဖြစ်ရပ်တည်ဖို့ မနီးစပ်သူတွေ
အခွင့်အရေးမရကြသူတွေအဖို့မှာတော့....ဒါဟာအိပ်မက်ပါ......
မိုးနတ်အတွက်တော့ အိပ်မက်ပါ.......ထပ်ပြီးတော့လဲ
မိုးနတ်အတွက်တော့ အိပ်မက်ပါ.......ထပ်ပြီးတော့လဲ
မိုးနတ်ဖြစ်ချင်မိတဲ့ ရူးသွပ်တဲ့ အိပ်မက်လေးကို ပြောပြပါရစေရှင်...
မိုးနတ်ရဲ့ အိပ်မက်လေးက မြန်မာပြည်အနှံ့ ကမ္ဘာအနှံ့ကို အလည်သွားရင်း အဲဒိကရတဲ့ အတွေ့အကြုံတွေနဲ့
စာတွေ ကဗျာတွေ ဖန်တီး ထုဆစ်ချင်မိတာပါ.....
မိုးနတ်ရဲ့ အိပ်မက်လေးက မြန်မာပြည်အနှံ့ ကမ္ဘာအနှံ့ကို အလည်သွားရင်း အဲဒိကရတဲ့ အတွေ့အကြုံတွေနဲ့
စာတွေ ကဗျာတွေ ဖန်တီး ထုဆစ်ချင်မိတာပါ.....
အဲဒိအိပ်မက်လေး လက်တွေ့ဖြစ်လာဖို့ မိုးနတ်က ရူးသွပ်နေတယ်ရှင့်.......ဖြစ်လာရင်တော့ မိုးနတ်ရဲ့ ရူးသွပ်မှုက
ဖြစ်တည်လာတဲ့ တတိယမြောက် အောင်မြင်မှုလေးပေါ့ရှင်.
တကယ်ဖြစ်လာမလာကတော့ စောင့်ကြည့်ရအုံးမှာပါ...
ကျန်တဲ့ဘလော့ဂါမောင်နှမတွေလဲ ကိုယ်စီ ကိုယ်စီ ကိုယ့်ရဲ့
ကျန်တဲ့ဘလော့ဂါမောင်နှမတွေလဲ ကိုယ်စီ ကိုယ်စီ ကိုယ့်ရဲ့
ရူးသွပ်မှုလေးတွေ အကောင်အထည်ဖော် ဖြစ်တည်
လာနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း......
လာနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း......
ဆရာဝေမိုးနိုင်(မုံရွာ) ရေ.......
မိုးနတ်ရဲ့ပို့စ်လေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့.......
မိုးနတ်ရဲ့ပို့စ်လေးကို ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့.......
အားလုံးကိုလဲ တောင်းပန်ပါရစေ......မိုးနတ်က တဂ်ပို့စ် တစ်ခါမှမရေးဘူးလို့ အမှားပါသွားရင် ခွင့်လွှတ်ကြပါနော်....
မိုးနတ်ကို အလေးထားပြီး တဂ်ပေးတဲ့ ဆရာ့ကိုလဲ ကျေးဇူးတင်ပါတယ်...
မိုးနတ်ကို အလေးထားပြီး တဂ်ပေးတဲ့ ဆရာ့ကိုလဲ ကျေးဇူးတင်ပါတယ်...
အားလုံးရဲ့ မိုးနတ်ကြယ်စင်
Wednesday, October 3, 2012
မောင်နဲ့ အတူတူ
မြင်မြင်သမျှ အရာအားလုံးဟာ အဆန်းအပြားတွေချည်းပါပဲ ။
ဒါပေမဲ့ တခမ်းတနားနိုင်လွန်းတဲ့ အဲဒိအရာတွေက ကျွန်မရဲ့ စိတ်အာရုံကို မဖမ်းစားနိုင်ခဲ့ပါဘူး ။ ဘယ်အရာကိုမှ တွယ်တာ မက်မောလို့လဲ မဟုတ်ခဲ့ပါဘူး...၊ တခြားမိန်းမတွေလို မောင့်ရဲ့ ပိုင်ဆိုင်မှု ၊ ဂုဏ်ဒြပ်တွေအပေါ်မှာ သာယာတာမျိုးလဲ တစ်ခါဆို တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး...။ မောင်ရယ်....ကျွန်မရဲ့ စိတ်ကို တကယ်ပဲ မသိလေရော့သလားကွယ်. ..မောင့်ကို ချစ်တယ်...
မောင်နဲ့ပဲ အတူတူနေချင်တယ်...သက္ကရာဇ်တွေ ကုန်ဆုံးသွားလို့
မောင်နဲ့ပဲ အတူတူနေချင်တယ်...သက္ကရာဇ်တွေ ကုန်ဆုံးသွားလို့
နောက်ထပ်ကမ္ဘာတစ်ခုရဲ့ သက္ကရာဇ်တွေ ပြန်စတဲ့အထိ
ကျွန်မတို့တွေ အတူတူ နှစ်ယောက်တစ်ဘ၀ကို အာဒံနဲ့ ဧ၀လို ရင်ဆိုင်ဖြတ်သန်းကြမယ်လေ...မောင့်ရဲ့ အနမ်းတွေနဲ့ မျက်နှာသစ်ပြီး နိုးထချင်တယ်.၊..ညအိပ်ယာဝင် မှေးစက်တဲ့
အချိန်တိုင်းမှာလဲ မောင့်ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေးနဲ့ အိပ်စက်ချင်တယ်..၊တရေးနိုးလို့ ထကြည့်မိတိုင်း မောင့်ရင်ခုန်သံဟာ ကျွန်မနဲ့ အနီးဆုံးဖြစ်လို့နေမယ်..၊. သန်းခေါင်ယံထက်နက်တဲ့ညမှာ

မောင့်မျက်နှာကို.. ကဗျာတစ်ပုဒ်လို.. ဖတ်ကြည့်ရင်း တိတ်တခိုးများ နမ်းလိုက်မိရင် ကောင်းကင်ပေါ်က လမင်းကြီးနဲ့ ကြယ်လေးတွေ
တောင် ရှက်လို့နေမလားပဲ...၊..မောင်ရယ်..ဘာလို့များ အချိန်တွေ ဆွဲနေတော့မှာလဲကွယ်...ရာဇ၀င်တွင်မဲ့ ကျွန်မတို့ အချစ်တွေ ဂန္တ၀င်မြောက်ဖို့...မောင်မက်မောတဲ့ ကျွန်မ မနှစ်သက်တဲ့ ဂုဏ်ပကာသနတွေကို ချန်ရစ်လို့ ရင်ခုန်စရာကောင်းတဲ့
အပြာရောင်နေ့ရက်တွေဆီကို အခုပဲ သွားကြပါစို့..........

(ကဗျာ အသစ်တွေတင်ဖို့ ရှိပေမဲ့ မနေ့ညက တွေးလိုက်မိတာလေးကို
ချရေးလိုက်မိတာ စာလေးတစ်ပုဒ်ဖြစ်သွားတယ်..ကဗျာမဟုတ်ပေမဲ့ အားပေးကြပါအုံးနော်....:P..)
Tuesday, September 25, 2012
ကျိန်စာသင့် နှလုံးသား
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီးတစ်ရွက် ပြောင်းသွားတယ်
အလွမ်းတွေဟာ ခြေရာချင်းထပ်နေလို့..
အသက်. ..ရှင်သန်နေခြင်းဟာ
အဓိပ္ပါယ်ရှိရဲ့လားတောင် ငါမသိတော့ဘူးကွယ်
ရှေ့ဆက်ဖို့က မျှော်လင့်ချက်က ပါးပါးလျလျ
နောက်ဆုတ်ဖို့ကျတော့လဲ ငါ့နှလုံးသားက ခွင့်မပြုခဲ့ပြန်ဘူး
ဘာပဲဖြစ်ဖြစ် အချစ်ကို ကိုးကွယ်မိနေမှတော့
မင်းအပေါ်ထားတဲ့ ငါ့ရဲ့ အစွဲအလမ်းတွေကို
နောက်ဆုံးထွက်သက် အထိသာ သယ်ဆောင်သွားပါရစေတော့..
ညစဉ်ညတိုင်းလိုလို......
မျှော်လင့်ချက်တွေကို
နံရံ....ကြမ်းပြင်..နဲ့ မျက်နှာကြက်မှာ ချိတ်ဆွဲ
အတွေးတွေနဲ့ ၀န်းရံ ကခုန်ပျော်မြူးတယ်
အချစ်ဆိုတဲ့ အရာဟာ တခါတရံမှာ
အိပ်မက်အဖြစ်သာ ငါ့ဆီကို
အလည် ရောက်ရောက် လာတတ်တယ်
အချိုးအကွေ့တွေနဲ့ နေသားကျလို့
ဒါဟာ “ဘ၀” ပါလို့
အမည်နာမ မပေးလိုက်ပါရစေနဲ့
အမှောင်ရောက်လို့ အလင်းပျောက်မှာကို
စိုးရွံ့မိနေလို့.....
ထုံးစံအတိုင်း...
ညကလဲ နက်ဆဲ
ဘ၀ကလဲ ခက်ဆဲ
ဒါပေမဲ့လဲ .......
အကြင်နာ “မ” ဘုရား
အလှတစ်ပါး ကိုတော့ဖြင့် ...
ရင်ခုန်စွာနဲ့ မျှော်လင့်မိချင်သေးတယ်..
Tuesday, September 18, 2012
အထီးကျန်မြစ်ရဲ့ နေ၀င်ချိန်
အက်ဆစ်မိုးတွေ ပြိုပျက်
ငိုရခက်နေတဲ့ နွေလယ်ည
ဘယ်သူ့ကိုမှ ပြောပြခွင့်
မရှိနိုင်ခဲ့တဲ့ ဘ၀ပါ
အတ္တချိုချို ဘ၀ခါးခါး
သူများတကာ လက်ညှိုးထိုးဖို့အတွက်များ
ငါ့ဘ၀ လူဖြစ်လာရလေသလား......?
အထီးကျန်ခြင်း ကန္တာရထဲ
ငါ့ရင်ဘတ်လဲ ရဲရဲနီ
မကြာမကြာ ငါကြေကွဲတတ်နေပြီ
သည်းခံစိတ်ကို လည်မှာဆွဲ( ဖြစ်နိုင်ရင်)
အရာအားလုံးကို တစ်က
ပြန်စလိုက်ချင်ပေမဲ့လည်း
မျှော်လင့်ချက်တွေ အရောင်မှိန်
ငါ့ဘ၀ နေ၀င်ချိန်ကိုကပဲ
စောလွန်းခဲ့လေသလား......?
Monday, September 10, 2012
ကလေးလေး
ခွဲခွာခြင်းမှတ်တိုင်......
မိုင်တိုင်များစွာလဲ......
ဟိုးအဝေးမှာ ကျန်ခဲ့ပြီ.....။
တဖြေးဖြေးနဲ့........
အရာအားလုံးဟာ....ဝေး...ဝေး
နွေးထွေးတဲ့ မင်းအပြုံးလေးတွေ
တမ်းတမိတယ် ကလေးလေးရေ....
လွမ်းရတဲ့ အကြောင်းတွေစာဖွဲ့
စိတ်နဲ့ ခန္ဓာတွေ ဝေးနေကြတဲ့
အခိုက်အတန့်ထဲ......
ရင်ခုန်သံတွေလဲ စည်းချက်မညီ (ခုဆိုငါလေ)
အချိန်နာရီတွေကိုလဲ မုန်းတတ်နေပြီ.....
ကလေးနဲ့ ဝေးနေရတဲ့ စိမ်းနေရတဲ့
အကြောင်းအရာတွေ အားလုံးရော.....
လူတွေ ပညတ် သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေ အားလုံးရော.....
အားလုံး.... အားလုံးကို မုန်းတယ်.......
ငါ့ရင်ဘတ်ထဲကို ၀င်ကြည့်လှည့်ပါကွယ်....
ကလေးလေးအပြင် ဘယ်သူမှမရှိပါဘူး.....
နှလုံးသွေးတွေလဲ ဆူဝေလာတယ် တဖြေးဖြေး....
နွေးထွေးတဲ့ ငါ့နှလုံးအိမ်လေးထဲမှာ
အပူပင်ကင်းမဲ့စွာနဲ့ အိပ်စက်နေတဲ့ ကလေးလေး......
Tuesday, September 4, 2012
ချစ်သူတားထားတဲ့ စည်း
မကြင်နာသူဆီကမှ....
အကြင်နာကို လိုချင်ခဲ့မိတာ
ငါ့အမှားလား....?
တကယ်ဆို များများစားစားလဲ
မမျှော်လင့်ခဲ့ပါဘူး....ငါလေ....
ချစ်လွန်းလို့ မင်းရဲ့ဘေးနားမှာ
အရာရာကို ဖြည့်ဆည်းပေးချင်မိခဲ့တာပါ
ဒါဟာ..ထပ်ပြီးတော့များ မှားသွားသလား..?
မကြင်နာသလို အရာရာကို
ငါနဲ့ပတ်သက်ရင် အပြစ်မြင်နေတတ်သူရဲ့
မျက်ဝန်းထဲမှာ ငါဟာ...
ပြဿဒါးတစ်ကောင်ပဲ ဖြစ်နေတော့မှာပါ
တခါတခါတော့လဲ လောကကြီးက
ရယ်စရာတော့ အကောင်းသား....
ချစ်ခြင်း နဲ့ မုန်းခြင်း..ကြား.....
ဘယ်လောက်များ ခြားနားနေကြလို့ပါလိမ့်..
စက္ခုအာရုံကို ကျော်ရစ်..
ခြားနားခြင်း အားလုံးကို
အရည်ဖျော်ပစ်လိုက်တော့....
မင်း နဲ့ ငါ့ ကြား အလွှာပါးပါးလေး
တစ်ချပ်သာ ကျန်ရစ်တယ်...
ဒီညတော့ မင်းဆီ
ငါ့ကို လာခွင့်ပြုပါကွယ်...
Subscribe to:
Posts (Atom)