Sunday, May 20, 2012

အကြင်နာဦး

မတွေ့ရတာ ကြာတော့လဲ
တခါတလေ တွေ့မိရင်...
လွမ်းလွမ်းဆွေးဆွေး ငေးကြည့်ချင်မိတယ် ။
တွေ့လိုက်ရပြန်တော့လဲ  ရင်ဆိုင်ဖို့
အင်အားတော့ ရှိလိမ့်မယ်မထင်ဘူး ။
အကြင်နာဦးရေ...နင်လာခူးပါ ...
ငါ့အချစ်တွေကို သခင်ဖြစ်အောင်
ဆိုင်လေတဲ့ နင့်အတွက်သာ
ငါဟာ ပွင့်ခဲ့တယ် ။
မဆိုင်လေတဲ့ တခြားသူတွေအတွက်တော့
ပင်မြင့်ထက်မှာ မဝေလိုဘူးကွယ် ။
ကြွေလိုဦးမယ်.. နှလုံးသားရဲ့
အရှင်သခင် နင့်ရင်ခွင်မှာပဲ ။
နေချင်မိတယ် ..အခွင့်ရှိရင်လေ
နင်နဲ့အတူ တသက်လုံးပဲ ။



2 comments:

  1. အကြင်နာဦးရေ...နင်လာခူးပါ ...
    ငါ့အချစ်တွေကို သခင်ဖြစ်အောင်
    ဆိုင်လေတဲ့ နင့်အတွက်သာ
    ငါဟာ ပွင့်ခဲ့တယ်

    ...

    ကောင်းလိုက်တဲ့ စာသားလေး။။
    အားပေးသွားတယ်။

    ReplyDelete
  2. ကဗျာလေး အရမ်းကြိုက်တယ် ဗျာ ....

    (အခွင့်ရှိရင်လေ
    နင်နဲ့အတူ တသက်လုံးပဲ)

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ