Thursday, October 25, 2012

မောင့်အတွက် ကျွန်မရဲ့ကဗျာ

ယဉ်ကျေး ရည်မွန်တယ်
ပွင့်လင်း ဖော်ရွေတယ်
ကြင်နာတတ်တဲ့  မျက်ဝန်းတစ်စုံနဲ့  သူက
တခါတခါ  အိပ်မက်လှလှတွေကိုလဲ
ပေးတတ်သေးတယ်  (နောက်ပြီး)
ဘယ်တော့မဆို  နွေးထွေးတဲ့
သူ့ရဲ့ ရင်ခွင်ဟာလဲ  ကျွန်မအတွက်တော့
မိုးကောင်းကင်ကြီး  တစ်ခုလောက်ကိုဖြစ်ခဲ့ပါတယ်
ချစ်တယ်  မောင်ရယ်......
သာယာလွန်းတဲ့  မောင့်အသံကို
ကြားနေရတဲ့  တင်္ဒဂ
ဒိထက်ပိုပြီး  ပြည့်စုံတဲ့ ဘဝ
မရှိနိုင်တော့ဘူးလို့တောင် ထင်ခဲ့မိပါတယ်
မြတ်နိုးမိတယ်  မောင်ရယ်.......
တည်ကြည်လွန်းတဲ့  မောင့်မျက်နှာကို
ငေးနေမိတဲ့  တခဏ
မောင်ကလွဲပြီး  ဘယ်သူ့ကိုမှလဲ
ရင်မခုန်ချင်တော့ပါဘူးကွယ်
ကြယ်စင်တွေကို  တိုင်တည်ပြီးပြောအုံးမယ်
လမင်းကြီးလဲ ကျွန်မသစ္စာကို ယုံကြည်ပေးသင့်ပါတယ်
တကယ်တော့  ကျွန်မချစ်သူဟာ
ကြည်ကြည်သန့်သန့်လေး  (ပြီးတော့)
တည်တည်ခန့်ခန့်လေး  (နောက်ပြီး )
နွေးထွေးတဲ့  သူ့ရဲ့ ရင်ခွင်မှာလဲ 
ကျွန်မတစ်ယောက်   ခိုလှုံမှေးစက်ချင်ပြီကွယ်

( ချစ်ကိုကြီး အကိုလွင်ပြင်နဲ့ ချစ်မကြီး မမစံပါယ်တို့ရဲ့ (၇) နှစ်မြောက်အမှတ်တရနေ့လေးကို မိုးနတ်
နေမကောင်းလို့ လိုင်းပေါ်မရောက်တာနဲ့ မသိခဲ့ရပါဘူး...အဲဒိအတွက် အမှတ်တရအနေနဲ့ နှစ်ယောက်စလုံး
နဲ့သက်ဆိုင်တဲ့ ကဗျာလေးရေးပေးချင်ပေမဲ့ အရင်အခေါက်က မိုးနတ် တင်ထားတဲ့ “ အဖော်မွန်” ကဗျာလေး
လဲရှိနေတာမို့ တစ်ယောက်ချင်းစီအတွက်ပဲ ကဗျာတွေ ရေးပေးတော့မယ်လို့ စိတ်ကူးရမိပါတယ်..
အမှန်တော့ အရင်ကတည်းက ကဗျာလက်ဆောင်ရေးပေးဖို့ စိတ်ကူးရှိခဲ့တာပါ...အဲဒါကြောင့်အကိုလွင်ပြင်ရဲ့ သဲဘုစု အတွက် အရင်ရေးပေးလိုက်ပါတယ်....အဟိ......ချစ်ကိုကြီးအတွက် ချစ်မကြီးထက် အရေးတကြီးနဲ့ ဦးစားပေးတဲ့အရာမရှိဘူးဆိုတာ ညလေးသိတယ်နော်....ချစ်ကိုကြီးရေ....ညလေး အလိုက်သိတယ်ဟုတ်..
ချစ်မကြီးလဲ ညလေးရေးပေးတဲ့ ကဗျာလေးဖတ်ပြီး သဘောကျနှစ်သက်နိုင်ပါစေ...
ချစ်မကြီးနဲ့ ညလေးနဲ့ကတော့ ရင်ဘတ်ချင်းညီမယ်လို့တော့ ထင်တာပဲမရယ်....
ကျန်တဲ့ ဘလော့ဂါမောင်နှမတွေလဲ အားလုံးကို မိုးနတ်အရမ်းကို သတိရနေတယ်...
ပြန်ကြည့်တော့ မတွေ့ကြတဲ့ ရက်စွဲတွေက သိပ်မကြာသေးသလိုပဲ....
ဒါပေမဲ့ မိုးနတ်စိတ်ထဲမှာတော့  သိပ်ကြာလွန်းတယ်....
ကြိုးစားပြီးတော့ မိုးနတ်ပြန်လာနေပါပြီ.....ဒါပေမဲ့ မိုးသူပြောသလို ကွန်ပြူတာကို အာသာပြေရုံလောက်
သုံးမှ မိုးနတ်ခေါင်းက သက်သာမှာမို့  ဟင့်....ဟင့်......နဲနဲတော့ ငိုချင်နေတာအမှန်ပဲ....ဟဲ..ဟဲ
ဘယ်သူမှလဲ ချော့မဲ့သူရှိဘူးကွာ......ဟာ....ဟာ  ရင်နာတယ်.....)

15 comments:

  1. ကဗျာလေးထဲမှာ အချစ်တွေ ပျော်ဝင်နေတယ်
    ဘာပြောရမလဲမသိအောင်ကောင်းတယ်မိုးနတ်ရေ
    ကျေးဇူးလဲတင်မိပါတယ်
    ချစ်မကြီးမဟုတ်တော့ဘူးနော်
    ချူချာမမ တဲ့လေ နာမည်ပြောင်းထားလိုက်ပြီ
    ချစ်တဲ့ sis ချူချာ

    ReplyDelete
  2. ကဗျာလေးထဲမှာ
    နားလည်မူတွေနဲ့အချစ်တွေကိုတွေ့လိုက်၇တယ်
    သူငယ်ချင်းနေမကောင်းဘူးဆိုတာအခုမှသိတယ်
    ကျန်းမာေ၇းလည်း၈၇ုစိုက်နော်
    ခင်မင်တဲ့...

    ReplyDelete
  3. ကြည်ကြည်သန့်သန့်လေး
    တည်တည်ခန့်ခန့်လေး
    ရိုးရိုးလေးနဲ့ထိပါ၏။
    ညလေးရေနေကောင်းရဲ့လား။

    ReplyDelete
  4. အမှတ်တရ သတိတရလေးအတွက်ကျေးဇူးပါ ညလေးရေ

    ReplyDelete
  5. အစ်မရေ ... တစ်ခုလောက် အကြံပေးချင်တယ်
    အချစ်ဝတ္ထုတွေ ရေးကြည့်ပါလား
    ဘာရယ်မဟုတ်ဘူး
    ဒီကဗျာလေးဖတ်ပြီး
    တိုက်တွန်းချင်စိတ် ပေါက်လာတာနဲ့
    အားပေးနေတယ် Fighting ဗျာ

    ReplyDelete
  6. သိင်္ဂါရ ရသ ကဗျာချိုချိုလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

    ဆက်လက်ထုဆစ်နိုင်ပါစေ ။

    ReplyDelete
  7. ကဗျာကောင်းလေးကိုခံစားသွားပါတယ်မိုးနတ်ရေ...
    နေမြန်မြန်ပြန်ကောင်းပါစေနော်.. အမလဲခေါင်းခဏခဏ
    ကိုက်တတ်တယ်..

    ReplyDelete
  8. မိုးနတ်ရေ ကဗျာလေးကို လာရောက်အားပေးခဲ့ပါတယ်
    သူများအတွက် ရေးပေးလို့ပဲ ကိုယ့်အတွက်ကို ရေးလို့ကတော့ လန်ထွက်ပျံတက်နေမှာမို့ ခြံခတ်ထားရမယ်ထင်တယ်နော် :P

    ReplyDelete
  9. ဘ၀တူတွေမို့ အာသာပြေရုံဘလော့လေးဖွင့်ကြည့်ပြီး သူငယ်ချင်းတွေအိမ် တစ်အိမ်ဝင် တစ်အိမ်ထွက် လည်ပတ်ခဲ့ပြီး ငိုချင်နေတဲ့ မိုးနတ်ကိုလည်း ချော့ခဲ့တယ်.. ငိုပါနဲ့နော်...:PPP
    ခင်တက်တဲ့
    လေပြေ

    ReplyDelete
  10. ဟင်တူများမန့်ထားတာဘယ်ရောက်နေတုန်း။ အရင်ရက်ကမန့်ထားတာလေ။

    ReplyDelete
  11. တူများမန့်တာတွေဘယ်ရောက်ကုန်လဲမိုးနတ်လေးရေ။ အရင်ရက်ကလာမန့်ခဲ့တာလေ။

    ReplyDelete
  12. မောင်ကလွဲပြီး ဘယ်သူ့ကိုမှလဲ
    ရင်မခုန်ချင်တော့ပါဘူးကွယ်
    ကြယ်စင်တွေကို တိုင်တည်ပြီးပြောအုံးမယ်
    လမင်းကြီးလဲ ကျွန်မသစ္စာကို ယုံကြည်ပေးသင့်ပါတယ်

    မိုးနတ်ရေ ကဗျာလေးက ကြည်နူးစရာကောင်းလိုက်တာနော်

    ခင်တဲ့
    မိုးသူ(တောင်ကြီး)

    ReplyDelete
  13. မောင်ကလွဲပြီး ဘယ်သူ့ကိုမှလဲ
    ရင်မခုန်ချင်တော့ပါဘူးကွယ်
    ကြယ်စင်တွေကို တိုင်တည်ပြီးပြောအုံးမယ်
    လမင်းကြီးလဲ ကျွန်မသစ္စာကို ယုံကြည်ပေးသင့်ပါတယ်

    မိုးနတ်ရေ ကဗျာကောင်းလေးကိုကြည်နူးစွာဖတ်သွားပါတယ်

    မိုးသူ
    တောင်ကြိး

    ReplyDelete
  14. ကဗျာလေးခံစားသွားပါတယ်အမမိုးနတ်
    အခုရောနေကောင်းသွားပီလား

    ReplyDelete

အားဆေးလေးတိုက်ခဲ့အုံးနော်....ဟိ